
တရုတ်နှင့်ဂျပန်တို့ကြား ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်က ဂျပန်ရှိဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်း
=================
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအီတာကာအီချီက ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုမှု တစ်ခုကြောင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်နေစဉ် အမေရိကန်က ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ထားသော ဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်ကြည်းတပ်က ယာမာဂူချီစီရင်စုရှိ အီဝါကူနီအခြေစိုက်စခန်း၌ ဖြန့်ကြက်ထားသော Typhon အမျိုးအစား ဒုံးကျည်စနစ်ကို ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။









