ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် Express ကားများ ခရီးသည်ပစ္စည်းမှလွဲ၍ ကုန်ပစ္စည်းတင်ဆောင်ခွင့်မရှိကြောင်းသတိပေး
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် Express ကားများ ခရီးသည်ပစ္စည်းမှလွဲ၍ ကုန်ပစ္စည်းတင်ဆောင်ခွင့်မရှိကြောင်းသတိပေး
ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ပြေးဆွဲနေသည့် ခရီးသည်တင် Express ကားများအနေဖြင့် ခရီးသည်ပစ္စည်းမှလွဲ၍ အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲက သတိပေးလိုက်သည်။
စည်းကမ်းဖောက်ဖျက်ပြီး ကုန်ပစ္စည်းတင်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီး ဥပဒေအရ အရေးယူမည်ဖြစ်ပြီး အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းသွားမည်
ဖြစ်သည်။
ကုန်အလေးချိန်ကြောင့် တာယာပေါက်ခြင်း၊ ဘရိတ်မမိခြင်းနှင့် တိမ်းမှောက်ခြင်းစသည့် မတော်တဆမှုများ ဖြစ်ပွားနိုင်သဖြင့် ယခုကဲ့သို တားမြစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အမြန်လမ်းပေါ်တွင် က.ည.န သတ်မှတ်ထားသည့် ခရီးသည်ဦးရေအတိုင်းသာ တင်ဆောင်ရန်နှင့် တာယာ၊ ဘရိတ်၊ အောက်ပိုင်းစနစ်များကို အမြဲစစ်ဆေးရန်လည်း သတိပေးထားသည်။
ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၆၃ ဦး ရှိခဲ့ကြောင်း သိရသည်။




