ပါကစၥတန္ထိန္းခ်ဳပ္ ကက္ရွ္မီးယားတြင္ ပဋိပကၡမ်ားေၾကာင့္ လူ (၉) ဦး ေသဆုံး၊ မူဇာဖရာဘတ္ၿမိဳ႕သို႔ ခ်ီတက္မည့္ ဆႏၵျပပြဲမ်ား ယာယီရပ္တန႔္

ပါကစၥတန္ထိန္းခ်ဳပ္ ကက္ရွ္မီးယားတြင္ ပဋိပကၡမ်ားေၾကာင့္ လူ (၉) ဦး ေသဆုံး၊ မူဇာဖရာဘတ္ၿမိဳ႕သို႔ ခ်ီတက္မည့္ ဆႏၵျပပြဲမ်ား ယာယီရပ္တန႔္
=================
ပါကစၥတန္ထိန္းခ်ဳပ္ ကက္ရွ္မီးယားေဒသတြင္ ႏိုင္ငံေရးဆိုင္ ရာ အျငင္းပြားမႈမ်ားေၾကာင့္ ျဖစ္ပြားခဲ့ေသာ အဓိက႐ုဏ္းမ်ားအတြင္း လူ (၉) ဦး ေသဆုံးခဲ့ၿပီးေနာက္၊ ေဒသ၏ ၿမိဳ႕ေတာ္ျဖစ္သည့္ မူဇာဖရာဘတ္သို႔ ခ်ီတက္ရန္ စီစဥ္ထားေသာ ဆႏၵျပလႈပ္ ရွားမႈမွာ တင္းမာမႈမ်ား ျမင့္တက္လာျခင္းေၾကာင့္ ယာယီရပ္တန႔္သြားခဲ့ေၾကာင္း သိရသည္။ အဂၤါေန႔က ပြန္ခ္ (Poonch) ခ႐ိုင္၊ ရာဝါလာေကာ့ၿမိဳ႕တြင္ လုံ ၿခဳံေရးတပ္ဖြဲ႕မ်ားက လက္နက္မ်ား သိမ္းဆည္းရန္ ဝင္ေရာက္စီးနင္းစဥ္ ပစ္ခတ္မႈျဖစ္ပြားရာမွ အရာရွိတစ္ဦး ေသဆုံးခဲ့သည္။ ထို႔အျပင္ ဆူဒ္ႏိုတီခ႐ိုင္တြင္လည္း ဆႏၵျပသူမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအၾကား ထိပ္တိုက္ေတြ႕ ဆုံမႈ ျဖစ္ပြားခဲ့ရာ ဆႏၵျပသူ (၇) ဦးႏွင့္ ရဲအရာရွိတစ္ဦး ေသ ဆုံးခဲ့ရသည္။ လုံၿခဳံေရးအာဏာ ပိုင္မ်ားကမူ ၎တို႔၏ လုပ္ေဆာင္ခ်က္မွာ မိမိကိုယ္ကို ခုခံကာ ကြယ္ျခင္းသာျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။ လက္ရွိျဖစ္ပြားေနေသာ မၿငိမ္သက္မႈမ်ား၏ အဓိကအေၾကာင္းအရင္းမွာ ႏိုင္ငံေရးကိုယ္စားျပဳမႈဆိုင္ရာ အျငင္းပြားမႈျဖစ္သည္။ ေဒသတြင္း ဥပေဒျပဳလႊတ္ေတာ္တြင္ ၁၉၄၇ ခုႏွစ္ေနာက္ပိုင္း ေ႐ႊ႕ေျပာင္းလာသည့္ ကက္ရွ္မီးယား ဒုကၡသည္မ်ားအတြက္ ခြဲေဝေပးထားေသာ ေနရာ (၁၂) ေနရာႏွင့္ ပတ္သက္၍ ဂ်မ္မူးကက္ရွ္မီးယား ပူးတြဲျပည္သူ႔လႈပ္ရွားမႈေကာ္မတီ (JAAC) က ကန႔္ကြက္ေနျခင္းျဖစ္သည္။
၎တို႔၏အဆိုအရ ဤေနရာမ်ားသည္ ပါကစၥတန္အေျခ စိုက္ ပါတီမ်ားက ေဒသတြင္း ရန္ပုံေငြမ်ားကို လမ္းေၾကာင္းလႊဲၿပီး လႊမ္းမိုးမႈျပဳလုပ္ရန္ အသုံးျပဳေနျခင္းျဖစ္သည္ဟု စြပ္စြဲထား သည္။ ၿပီးခဲ့သည့္လက တရား႐ုံး ခ်ဳပ္က အဆိုပါေနရာမ်ားကို ဖ်က္သိမ္း၍မရေၾကာင္း ဆုံးျဖတ္လိုက္ၿပီးေနာက္ ဆႏၵျပမႈမ်ား ပိုမိုျပင္းထန္လာခဲ့ျခင္းျဖစ္သည္။ JAAC ၏ ဦးေဆာင္မႈျဖင့္ ခ်ီတက္ရန္ စီစဥ္ထားသည့္ ဆႏၵျပသူမ်ားမွာ ဗုဒၶဟူးေန႔ ညေနပိုင္းအထိ ရာဝါလာေကာ့ၿမိဳ႕တြင္သာ စုေဝးေနဆဲျဖစ္သည္။ အစိုးရက ေဒသတြင္း အင္တာနက္ႏွင့္ ဖုန္းလိုင္းမ်ားကို ျဖတ္ေတာက္ထားသျဖင့္ ဆက္သြယ္ေရး အခက္အခဲမ်ား ႀကဳံေတြ႕ေနရသည္။
ၿမိဳ႕ေတာ္မူဇာဖရာဘတ္တြင္မူ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၄,၀၀၀ ခန႔္ကို ခ်ထားၿပီး အေျခအေနမွာ တည္ၿငိမ္ေနေၾကာင္း အာဏာပိုင္မ်ားက ဆိုသည္။ ဇြန္လ (၄) ရက္ေန႔မွစတင္ခဲ့ေသာ ဤဆႏၵျပမႈမ်ားေၾကာင့္ ယခုအခ်ိန္အထိ လူေပါင္း (၂၈) ဦး ေသဆုံးၿပီး (၇၉) ဦး ဒဏ္ရာရရွိခဲ့သည္။ ဇူလိုင္ (၂၇) ရက္တြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲမ်ား မတိုင္မီ တင္းမာမႈမ်ားမွာ ဆက္လက္ျမင့္တက္ေနဆဲျဖစ္သည္။
ပါကစ္စတန်ထိန်းချုပ် ကက်ရှ်မီးယားတွင် ပဋိပက္ခများကြောင့် လူ (၉) ဦး သေဆုံး၊ မူဇာဖရာဘတ်မြို့သို့ ချီတက်မည့် ဆန္ဒပြပွဲများ ယာယီရပ်တန့်
=========================
ပါကစ္စတန်ထိန်းချုပ် ကက်ရှ်မီးယားဒေသတွင် နိုင်ငံရေးဆိုင် ရာ အငြင်းပွားမှုများကြောင့် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း လူ (၉) ဦး သေဆုံးခဲ့ပြီးနောက်၊ ဒေသ၏ မြို့တော်ဖြစ်သည့် မူဇာဖရာဘတ်သို့ ချီတက်ရန် စီစဉ်ထားသော ဆန္ဒပြလှုပ် ရှားမှုမှာ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ယာယီရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အင်္ဂါနေ့က ပွန်ခ် (Poonch) ခရိုင်၊ ရာဝါလာကော့မြို့တွင် လုံ ခြုံရေးတပ်ဖွဲ့များက လက်နက်များ သိမ်းဆည်းရန် ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်မှုဖြစ်ပွားရာမှ အရာရှိတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ဆူဒ်နိုတီခရိုင်တွင်လည်း ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ ဆုံမှု ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ (၇) ဦးနှင့် ရဲအရာရှိတစ်ဦး သေ ဆုံးခဲ့ရသည်။ လုံခြုံရေးအာဏာ ပိုင်များကမူ ၎င်းတို့၏ လုပ်ဆောင်ချက်မှာ မိမိကိုယ်ကို ခုခံကာ ကွယ်ခြင်းသာဖြစ် ကြောင်း ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပွားနေသော မငြိမ်သက်မှုများ၏ အဓိကအကြောင်းအရင်းမှာ နိုင်ငံရေးကိုယ်စားပြုမှုဆိုင်ရာ အငြင်းပွားမှုဖြစ်သည်။ ဒေသတွင်း ဥပဒေပြုလွှတ်တော်တွင် ၁၉၄၇ ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းလာသည့် ကက်ရှ်မီးယား ဒုက္ခသည်များအတွက် ခွဲဝေပေးထားသော နေရာ (၁၂) နေရာနှင့် ပတ်သက်၍ ဂျမ်မူးကက်ရှ်မီးယား ပူးတွဲပြည်သူ့လှုပ်ရှားမှုကော်မတီ (JAAC) က ကန့်ကွက်နေခြင်းဖြစ်သည်။
၎င်းတို့၏အဆိုအရ ဤနေရာများသည် ပါကစ္စတန်အခြေ စိုက် ပါတီများက ဒေသတွင်း ရန်ပုံငွေများကို လမ်းကြောင်းလွှဲပြီး လွှမ်းမိုးမှုပြုလုပ်ရန် အသုံးပြုနေခြင်းဖြစ်သည်ဟု စွပ်စွဲထား သည်။ ပြီးခဲ့သည့်လက တရားရုံး ချုပ်က အဆိုပါနေရာများကို ဖျက်သိမ်း၍မရကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
JAAC ၏ ဦးဆောင်မှုဖြင့် ချီတက်ရန် စီစဉ်ထားသည့် ဆန္ဒပြသူများမှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းအထိ ရာဝါလာကော့မြို့တွင်သာ စုဝေးနေဆဲဖြစ်သည်။ အစိုးရက ဒေသတွင်း အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသဖြင့် ဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေရသည်။
မြို့တော်မူဇာဖရာဘတ်တွင်မူ လုံခြုံရေးတပ်ဖွဲ့ဝင် ၄,၀၀၀ ခန့်ကို ချထားပြီး အခြေအနေမှာ တည်ငြိမ်နေကြောင်း အာဏာပိုင်များက ဆိုသည်။ ဇွန်လ (၄) ရက်နေ့မှစတင်ခဲ့သော ဤဆန္ဒပြမှုများကြောင့် ယခုအချိန်အထိ လူပေါင်း (၂၈) ဦး သေဆုံးပြီး (၇၉) ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် (၂၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ မတိုင်မီ တင်းမာမှုများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။




