
ထိုင်းတောင်ပိုင်းနယ်စပ်ရှိ နိုင်ငံပိုင် ဆီဆိုင် ၁၁ ဆိုင် ဗုံးခွဲခံရ
=======================
တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ထိုင်းတောင်ပိုင်း နယ်စပ်ခရိုင် သုံးခုရှိ နိုင်ငံပိုင် ပီတီတီ စက်သုံးဆီဆိုင် ၁၁ ဆိုင် သည် ဗုံးခွဲတို-က်ခို-က်ခံခဲ့ရကြောင်းသိရသည်။ ကနဦးသတင်းများအရ အေ-သအပျောက် များ မရှိကြောင်း သိရသည်။
“မသမာသူများ” က စက်သုံးဆီဆိုင် ၁၁ ဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန (အိုင်အက်စ်အိုစီ) က ပြောကြားခဲ့ပြီး မီးငြိမ်းသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။








