ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် လက်ယာစွန်း သမ္မတလောင်း ဖလာဗီယို ဘိုဆိုနာရို (Flávio Bolsonaro) သည် အမေရိကန်နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် စီစဉ်နေ

ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် လက်ယာစွန်း သမ္မတလောင်း ဖလာဗီယို ဘိုဆိုနာရို (Flávio Bolsonaro) သည် အမေရိကန်နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် စီစဉ်နေ
++++++
လတ်တလော ပြီးဆုံးသွားခဲ့သည့် ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း လူလာဒါဆီးဗား (Luiz Inácio Lula da Silva) က အနိုင်ရရှိခဲ့ပြီးနောက်၊ အဓိကပြိုင်ဘက်ဖြစ်သူ ဖလာဗီယို ဘိုဆိုနာရိုသည် ရွေးကောက်ပွဲရှုံးနိမ့်မှု၊ ငွေကြေးခဝါချမှု စွဲချက်များနှင့် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဖိအားများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။
၎င်း ဖလာဗီယို ဘိုဆိုနာရို အား ဘရာဇီးတရားရုံးချုပ်က နိုင်ငံကူးလက်မှတ်များကို အပ်နှံရန် အမိန့်ထုတ်ထားခဲ့သော်လည်း သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိဘဲ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်သို့ ရောက်ရှိနေပြီး အမေရိကန်အစိုးရထံ နိုင်ငံရေးခိုလှုံခွင့် (Political Asylum) လျှောက်ထားရန် စီစဉ်နေကြောင်း ၎င်း၏ မိတ်ဖက်များ၊ မိသားစုနှင့် နီးစပ်သူများ၏ ပြောကြားချက်များ ကိုးကား၍ သတင်းဌာနများက ဖော်ပြနေကြသည်ကို တွေ့ရှိရသည်။

၎င်းနှင့်ပတ်သက်ပြီး သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘရာဇီးသမ္မတ လူလာဒါဆီးဗားက ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် တိုင်းပြည်မှ တိတ်တဆိတ် ထွက်ပြေးသွားခြင်းသည် “ရှက်ဖွယ်ကောင်းသော လုပ်ရပ်” ဖြစ်ကြောင်းနှင့် အပြစ်မရှိပါက ထွက်ပြေးစရာ မလိုကြောင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုထားသည်။

ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး ပိတ်သိမ်း၊ ဗြိတိန်သံတမန် ၂၀ ဦး ထွက်ခွာမည်

ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး ပိတ်သိမ်း၊ ဗြိတိန်သံတမန် ၂၀ ဦး ထွက်ခွာမည်
=======================
အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကလုပ်ငန်း အောက်တိုဘာ ၈ ရက်တွင် လည်ပတ်မှုရပ်တန့်သွားပြီး ကောင်စစ်ဝန်ချုပ် အပါအဝင် ဗြိတိန်သံတမန် ၂၀ ဦးတို့သည် တာဝန်သက်တမ်းအပြီးသတ်ကာ ထွက်ခွာမည်ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar က ထိုနေ့တွင်ပင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ပြောကြားခဲ့သည်။ အစ္စရေးအစိုးရက ဂျေရုဆလမ်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းရန် တရားဝင်အခွင့်အာဏာရှိသည်ဟူသော အချက်ကို ဗြိတိန်ဘက်က လက်မခံကြောင်း အတိအလင်း ဖော်ပြပြီးဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Miliband က ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။

အိန္ဒိယလေတပ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် F-35 တိုက်လေယာဉ်များ ပထမဆုံးအကြိမ်ပါဝင်

အိန္ဒိယလေတပ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် F-35 တိုက်လေယာဉ်များ ပထမဆုံးအကြိမ်ပါဝင်
======================

အမေရိကန်၏ F-35 တိုက်လေယာဉ်များသည် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Tarang Shakti 2026 အမည်ရှိလေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ်ပါဝင်ကြောင်းသိရသည်။ အဆိုပါလေ့ကျင့်မှုကို ပါကစ္စတန်နယ်စပ်အနီး ရာဂျက်စသန်ပြည်နယ် ဂျိုပူမြို့ရှိ အိန္ဒိယလေတပ်စခန်း၌ ပြုလုပ်နေခြင်းဖြစ်သည်။

ဖိလစ်ပိုင်တွင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှိမ်နင်း၊ နိုင်ငံခြားသား ၂၀၀ ကျော် ဖမ်းဆီး

ဖိလစ်ပိုင်တွင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှိမ်နင်း၊ နိုင်ငံခြားသား ၂၀၀ ကျော် ဖမ်းဆီး
==========================

ဖိလစ်ပိုင်နိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ပစ်မှတ်ထား၍ ၂၀၂၆ ခုနှစ်အတွင်း အကြီးမားဆုံး စီးနင်းဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။

ဓားထိုးခံရသော်လည်း လေယာဉ်ပျက်မကျ အောင် ထိန်းသိမ်းနိုင်သည့် အိန္ဒိယလေယာဉ်မှူး သူရဲကောင်းအဖြစ်သတ်မှတ်ခံရ

ဓားထိုးခံရသော်လည်း လေယာဉ်ပျက်မကျ အောင် ထိန်းသိမ်းနိုင်သည့် အိန္ဒိယလေယာဉ်မှူး သူရဲကောင်းအဖြစ်သတ်မှတ်ခံရ
=========================

ဒူဘိုင်းမှတဲအဗစ်မြို့သို့ပျံသန်းလာသည့် Flydubai လေယာဉ်ပေါ်တွင်ဓားဖြင့် တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း လေယာဉ်ပျက်ကျမှုမဖြစ်စေရန်ထိန်းသိမ်းနိုင်ခဲ့သည့်အိန္ဒိယလေယာဉ်မှူး ဆမစ်မက်ချာကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သူရဲကောင်း တစ်ဦး အဖြစ်သတ်မှတ်ချီးကျူးကြောင်းသိရသည်။

တောင်ကိုရီးယားတွင် ကလေးငယ်များ စမတ်ဖုန်းအသုံးပြုမှု မြင့်တက်

တောင်ကိုရီးယားတွင် ကလေးငယ်များ စမတ်ဖုန်းအသုံးပြုမှု မြင့်တက်
=========================
တောင်ကိုရီးယားနိုင်ငံတွင် အသက် ၅နှစ်အောက် ကလေးများအနက် ထက်ဝက်ကျော်သည် အသက် ၂ နှစ်မပြည့်မီကပင်စမတ်ဖုန်းကိုစတင်အသုံးပြုနေကြောင်းနှင့် ထိုသို့အသုံးပြုမှုမှာလည်းလျင်မြန်စွာမြင့်တက်လာနေကြောင်း စစ်တမ်းတစ်ရပ်အရသိရသည်။

သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၀၀,၀၀၀ ကျော်ရှိလာ

သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၀၀,၀၀၀ ကျော်ရှိလာ
========================
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၆ ခုနှစ်အတွင်း မကြာသေးမီအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၀၀,၀၀၀ ကျော်နှင့် သေဆုံးသူဦးရေ ၇၇ ဦး ရှိပြီဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

စက်တင်ဘာ ၂၇ ရက် သန်းခေါင်ယံအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၀,၁၂၇ ဦး ရှိသည်ဟု ဝန်ကြီးဌာနက ဖော်ပြထားသည်။

အပူလွန်ရာသီဥတုဖြစ်စဉ်ကြောင့် လူပေါင်း ၄၅၁၀၀၀ သေဆုံးနိုင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်အများဆုံးဖြစ်နိုင်

အပူလွန်ရာသီဥတုဖြစ်စဉ်ကြောင့် လူပေါင်း ၄၅၁၀၀၀ သေဆုံးနိုင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်အများဆုံးဖြစ်နိုင်
==============================
အလွန်ပြင်းထန်သည့် အပူလွန်ရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင်အပူချိန်လွန်ကဲပြင်းထန်မှုနှင့်ဆက်စပ်၍လူသိန်းပေါင်းများစွာသေဆုံးနိုင်ခြေရှိနေကြောင်းနှင့် ဖွံဖြိုးဆဲနိုင်ငံများတွင် လူသေဆုံးမှုအများဆုံးဖြစ်နိုင်ကြောင်း သုတေသနအသစ်တစ်ခုကဖော်ပြထားသည်။

ချီကာဂိုတက္ကသိုလ်နှင့် အခြားအဖွဲ့အစည်းများမှသုတေသီများပါဝင်သည့် Climate Impact Lab အမည်ရှိ သုတေသနဌာနကထုတ်ပြန်သောအစီရင်ခံစာအရ ၂၀၂၆- ၂၀၂၇ ခုနှစ် အပူလွန်ရာသီဥတုဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူစုစုပေါင်း ၄၅၁၀၀၀ အထိရှိနိုင်ကြောင်းဖော်ပြထားသည်ကိုတွေ့ရသည်။

အသက် ၁၃ နှစ်အောက် လူငယ်များကိုလူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ပင်ရန် EU စီစဉ်

အသက် ၁၃ နှစ်အောက် လူငယ်များကိုလူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ပင်ရန် EU စီစဉ်
=======================================
ဥရောပသမဂ္ဂ (EU) အနေဖြင့် အသက် ၁၃ နှစ်အောက် ကလေးများကို လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ပြီး အသက် ၁၃ နှစ်မှ ၁၅ နှစ်အောက်အထိလူငယ်များကို မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ကြီးကြပ် မှုဖြင့် တစ်နေ့လျှင် ၁ နာရီ အကန့်အသတ်ဖြင့်သာအသုံးပြုခွင့်ပြုရန် စီစဉ်နေကြောင်း သိရသည်။