ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် လက်ယာစွန်း သမ္မတလောင်း ဖလာဗီယို ဘိုဆိုနာရို (Flávio Bolsonaro) သည် အမေရိကန်နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် စီစဉ်နေ
၎င်းနှင့်ပတ်သက်ပြီး သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘရာဇီးသမ္မတ လူလာဒါဆီးဗားက ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် တိုင်းပြည်မှ တိတ်တဆိတ် ထွက်ပြေးသွားခြင်းသည် “ရှက်ဖွယ်ကောင်းသော လုပ်ရပ်” ဖြစ်ကြောင်းနှင့် အပြစ်မရှိပါက ထွက်ပြေးစရာ မလိုကြောင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုထားသည်။

++++++လတ်တလော ပြီးဆုံးသွားခဲ့သည့် ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း လူလာဒါဆီးဗား (Luiz Inácio Lula da Silva) က အနိုင်ရရှိခဲ့ပြီးနောက်၊ အဓိကပြိုင်ဘက်ဖြစ်သူ ဖလာဗီယို ဘိုဆိုနာရိုသည် ရွေးကောက်ပွဲရှုံးနိမ့်မှု၊ ငွေကြေးခဝါချမှု စွဲချက်များနှင့် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဖိအားများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။
၎င်း ဖလာဗီယို ဘိုဆိုနာရို အား ဘရာဇီးတရားရုံးချုပ်က နိုင်ငံကူးလက်မှတ်များကို အပ်နှံရန် အမိန့်ထုတ်ထားခဲ့သော်လည်း သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိဘဲ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်သို့ ရောက်ရှိနေပြီး အမေရိကန်အစိုးရထံ နိုင်ငံရေးခိုလှုံခွင့် (Political Asylum) လျှောက်ထားရန် စီစဉ်နေကြောင်း ၎င်း၏ မိတ်ဖက်များ၊ မိသားစုနှင့် နီးစပ်သူများ၏ ပြောကြားချက်များ ကိုးကား၍ သတင်းဌာနများက ဖော်ပြနေကြသည်ကို တွေ့ရှိရသည်။



