💚အမွန်မြတ်ဆုံးသောစွန့်လွှတ်ခြင်း၏တုနှိင်းဖွယ်ရာမရှိသောဂုဏ်ဒြပ်💚

💚အမွန်မြတ်ဆုံးသောစွန့်လွှတ်ခြင်း၏တုနှိင်းဖွယ်ရာမရှိသောဂုဏ်ဒြပ်💚

ပြည်ထောင်စုမပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက်အသက်စွန့်လွှတ်ခဲ့ကြရသည့်သူရဲကောင်းစစ်သည်များအားလေးစားစွာဂုဏ်ပြုပွဲအခမ်းအနားကို

နှစ်စဉ် ဒီဇင်ဘာလ၏ ပထမအပတ်၊တနင်္ဂနွေနေ့တိုင်းကျင်းပပြုလုပ် ခဲ့သည်မှာ ယခုဆိုလျှင်(၁၃)ကြိမ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

တိုင်းပြည်နှင့် လူမျိုးအတွက်အသက်၊ သွေး၊ ချွေးတိုကို ပေးဆပ်ကာ ရဲဝံ့စွာ ထမ်းဆောင်ခဲ့ကြပြီး၊ မိမိတိုအသက်ကို မွန်မြတ်စွာစွန့်လွှတ်သွားခဲ့ကြသည့် သူရဲကောင်းစစ်သည်အပေါင်းတို၏ မြင့်မြတ်သော စွန့်လွှတ်အနစ်နာခံမှုများကို အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုကြ ရန်မှာ နိုင်ငံတော်ကိုချစ်မြတ်နိုးသော နိုင်ငံသားတိုင်းမှာတာဝန်ရှိပါသည်။

သူရဲကောင်းတို၏ သမိုင်းဝင်စွန့်လွှတ်အနစ်နာခံမှုများကို မမေ့မလျော့ ဂုဏ်ပြုအောက်မေ့ရန်၊ မျိုးဆက်သစ်တို၏ ရင်ထဲတွင် မျိုးချစ်စိတ်၊ တာဝန်သိစိတ်နှင့် ဂုဏ်ယူလေးစားစိတ်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍

“(၁၃) ကြိမ်မြောက် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲအခမ်းအနား” ကို ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ၍

ကျွန်တော်တို နဲ့ ရင်ခုန်သံတူ၊ရင်ဘတ်ချင်းတူသူများအနေဖြင့် အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို ကြွရောက်ချီးမြှင့်ပေးနိုင်ပါရန် လေးစားစွာဖြင့်‌ဖော်ပြအပ်ပါသည်။

သူရဲကောင်းတို၏ မြင့်မြတ်သော စွန့်လွှတ်အနစ်နာခံမှုများကို အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုလျက် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

#အခမးအနားကျင်းပရေးကော်မတီ
နေ့ရက်-၆-၁၂-၂၀၂၆(တနင်္ဂနွေနေ့)
အချိန်-နံနက်(၉)နာရီ
နေရာ-သူရဲကောင်းဗိမာန်(နေပြည်တော်)