မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရတနာပုံအသင်းနှင့်သစ္စာအားမာန်အသင်းတို့ နိုင်ပွဲရ

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရတနာပုံအသင်းနှင့်သစ္စာအားမာန်အသင်းတို့ နိုင်ပွဲရ

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရတနာပုံအသင်းနှင့်သစ္စာအားမာန်အသင်းတို့ နိုင်ပွဲရ

ရန်ကုန်  အောက်တိုဘာ  ၂၇

၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၁) ဒုတိယနေ့ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ပဒေသာအားကစားကွင်းနှင့် ပဒုမ္မာအားကစားကွင်းတို့၌ကျင်းပရာ ရတနာပုံအသင်းနှင့်သစ္စာအားမာန်အသင်းတို့ နိုင်ပွဲရရှိခဲ့ကြသည်။

ပထမပိုင်းတွင်နှစ်ဖက်အသင်းသူတစ်ပြန်ကိုယ်တစ်ပြန် အကြိတ်အနှယ်ယှဉ်ပြိုင်ကစားကြပြီး ပထမပိုင်းအပြီးတွင် ရတနာပုံအသင်းက နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိထားသည်။

ဒုတိယပိုင်းတွင် ရတနာပုံအသင်းကသာ ပွဲကိုစိုးမိုးကစားနိုင်ခဲ့၍ တတိယမြောက်ဂိုးကိုထပ်မံသွင်းယူနိုင်ခဲ့သည်။ လက်ကျန်ပွဲကစားချိန်အား နှစ်ဖက်ကစားသမားများအကြိတ်အနှယ်ယှဉ်ပြိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိ၍ ပွဲအပြီးတွင် သုံးဂိုး၊ တစ်ဂိုးဖြင့် ရတနာပုံအသင်းက အနိုင်ရရှိသွားသည်။

ပဒေသာအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့်  အဆင့်(၁၀)နေရာမှရန်ကုန်စီးတီးအသင်းနှင့် အဆင့်(၄)နေရာမှ သစ္စာအားမာန်အသင်းတို့ပွဲတွင်  ပွဲစသည်မှသူတစ်ပြန်ကိုယ်တစ်ပြန်အကြိတ်အနှယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ သစ္စာအားမာန်အသင်းက ရန်ကုန်စီးတီးအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိသွားသည်။

#ဝန်းရံခ