ဘာဗီမုန္တိုင္းေၾကာင့္ ေလ်ာင္နင္ျပည္နယ္၌ လူ ၂၆၀၀၀၀ ေက်ာ္ကို ေဘးကင္းရာေ႐ႊ႕ေျပာင္း

ဘာဗီမုန္တိုင္းေၾကာင့္ ေလ်ာင္နင္ျပည္နယ္၌ လူ ၂၆၀၀၀၀ ေက်ာ္ကို ေဘးကင္းရာေ႐ႊ႕ေျပာင္း
=======================
ယခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံသို႔ ဝင္ေရာက္တိုက္ခတ္ေသာ မုန္တိုင္းမ်ားအနက္ အျပင္းထန္ဆုံးမုန္တိုင္းျဖစ္သည့္ ဘာဗီမုန္တိုင္းသည္ ႏိုင္ငံအေရွ႕ေျမာက္ပိုင္းသို႔ ဆက္လက္ဦးတည္ေ႐ြ႕လ်ားသြားစဥ္ ေလ်ာင္နင္ျပည္နယ္၌ ေရႀကီးမႈမ်ား ျဖစ္ပြားသည့္အတြက္ လူ ၂၆၀၀၀၀ ေက်ာ္ကိုေဘးကင္းရာသို႔ ေ႐ႊ႕ေျပာင္းေပးထားရေၾကာင္း သိရသည္။

မုန္တိုင္း၏အရွိန္ေၾကာင့္ ဇူလိုင္လ ၁၄ ရက္အထိ မိုးသည္းထန္စြာဆက္လက္႐ြာသြန္းလ်က္ရွိရာ အခ်ိဳ႕ေဒသမ်ားတြင္ ႐ုတ္တရက္ေရႀကီးမႈမ်ားျဖစ္ပြားႏိုင္ေၾကာင္း တာဝန္ရွိသူမ်ားက သတိေပးထားသည္။

ျပင္သစ္ႏိုင္ငံ၏အ႐ြယ္အစားရွိသည့္ဘာဗီမုန္တိုင္းသည္ ဇူလိုင္လ၁၁ ရက္ညတြင္ ကုန္းတြင္းပိုင္းသို႔ ဝင္ေရာက္ေသာ္လည္း ဇူလိုင္လ ၁၃ ရက္အထိ မုန္တိုင္း၏အ႐ြယ္အစားမွာ ေျပာင္းလဲသြားျခင္းမရွိေၾကာင္း သိရသည္။

Ref: ST


ဘာဗီမုန်တိုင်းကြောင့် လျောင်နင်ပြည်နယ်၌ လူ ၂၆၀၀၀၀ ကျော်ကို ဘေးကင်းရာရွှေ့ပြောင်း
=======================
ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သော မုန်တိုင်းများအနက် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည့် ဘာဗီမုန်တိုင်းသည် နိုင်ငံအရှေ့မြောက်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားသွားစဉ် လျောင်နင်ပြည်နယ်၌ ရေကြီးမှုများ ဖြစ်ပွားသည့်အတွက် လူ ၂၆၀၀၀၀ ကျော်ကိုဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

မုန်တိုင်း၏အရှိန်ကြောင့် ဇူလိုင်လ ၁၄ ရက်အထိ မိုးသည်းထန်စွာဆက်လက်ရွာသွန်းလျက်ရှိရာ အချို့ဒေသများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

ပြင်သစ်နိုင်ငံ၏အရွယ်အစားရှိသည့်ဘာဗီမုန်တိုင်းသည် ဇူလိုင်လ၁၁ ရက်ညတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သော်လည်း ဇူလိုင်လ ၁၃ ရက်အထိ မုန်တိုင်း၏အရွယ်အစားမှာ ပြောင်းလဲသွားခြင်းမရှိကြောင်း သိရသည်။

Ref: ST