အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားသုံးမှုက ကျောက်ကပ်ရောဂါကုသရေးမှာ အကျိုးရှိနိုင်
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားသုံးမှုက ကျောက်ကပ်ရောဂါကုသရေးမှာ အကျိုးရှိနိုင်

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားသုံးမှုက ကျောက်ကပ်ရောဂါကုသရေးမှာ အကျိုးရှိနိုင်
ကျောက်ကပ်ရောဂါရှိသူတွေမှာ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကို သင့်တော်စွာစားသုံးပေးခြင်းကို ဆေးဝါးကုသမှုနဲ့ နှိုင်းယှဉ်ရာမှာ ဆေးရုံတက်ရောက်ရမှုနဲ့ အရေးပေါ်ကုသမှုခံယူရမှုတွေကို လျှော့ချနိုင်ကြောင်း ၁၀ နှစ်ကြာ လေ့လာမှုကဖော်ပြထားပါတယ်။
အဲဒီလေ့လာမှုမှာ နာတာရှည်ကျောက်ကပ်ရောဂါအဆင့် ၃ ရှိပြီး ခန္ဓာကိုယ်မှာအက်စစ်ဓာတ်များနေတဲ့ အရွယ်ရောက်ပြီးသူ ၁၀၈ ဦးကို အုပ်စုသုံးစုခွဲပြီးလေ့လာခဲ့တာဖြစ်ပါတယ်။အုပ်စုတစ်စုကိုတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးမွေးခဲ့ပြီး နောက်တစ်စုကို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ဆေးပေးကာ ကျန်အုပ်စုကို ပုံမှန်ကုသမှုခံယူစေခဲ့ပါတယ်။
သူတို့ကို ၁၀ နှစ်တာလေ့လာမှုအတွင်း အသီးအနှံနဲ့ဟင်းသီးဟင်းရွက်စားသုံးတဲ့ အုပ်စုမှာဆေးရုံတက်ရောက်မှု ၁၄ ကြိမ်နဲ့ အရေးပေါ်ဌာနသို့ သွားရောက်ကုသရမှုအကြိမ် ၂၀ သာရှိပါတယ်။ ပုံမှန်ကုသမှုခံယူတဲ့အုပ်စုမှာတော့ ဆေးရုံတက်ရောက်မှု၆၄ ကြိမ်နဲ့အရေးပေါ်ကုသမှု ၈၈ ကြိမ်ရှိခဲ့ပါတယ်။ အသီးအနှံစားသုံးတဲ့အုပ်စုမှာ ကျောက်ကပ်ဆေးကြောကုသမှုလိုအပ်သူလေးဦးသာရှိခဲ့ပြီး ပုံမှန်ကုသမှုအုပ်စုမှာ၁၆ ဦးရှိခဲ့ပါတယ်။
ဒါပေမဲ့ ကျောက်ကပ်ရောဂါရှိသူတိုင်း အသီးအနှံအားလုံးကို စိတ်ကြိုက်စားသုံးနိုင်တာတော့မဟုတ်ပါဘူး။ အခြားအာဟာရဓာတ်တွေကို ထိန်းချုပ်ဖို့လိုနိုင်တာကြောင့် ဆရာဝန်ရဲ့အကြံပြုချက်အတိုင်း စားသုံးသင့်တယ်လို့ဆိုပါတယ်။
Ref: STDကိုထက်



