2026 Golden Boy Award ဆုအတြက္ ဘာစီလိုနာအသင္းကစားသမား က်ဴဘာစီ ဆုရရွိရန္ ေရပန္းစားေန

2026 Golden Boy Award ဆုအတြက္ ဘာစီလိုနာအသင္းကစားသမား က်ဴဘာစီ ဆုရရွိရန္ ေရပန္းစားေန
=========================
2026 Golden Boy Award ဆု အတြက္ ဆန္ခါတင္ကစားသမား ၂၅ ဦးစာရင္းကို ထုတ္ျပန္ေၾကညာၿပီးေနာက္ ဘာစီလိုနာအသင္းမွ လူငယ္ကစားသမား က်ဴဘာစီက ဆုရရွိရန္ ေရပန္းစားလ်က္ရွိသည္။
Golden Boy Award ဆုကို အီတလီႏိုင္ငံအေျခစိုက္ ထိပ္တန္းအားကစားသတင္းစာျဖစ္သည့္ Tuttosport က ၂၀၀၃ ခုႏွစ္မွ စတင္ၿပီး စိစစ္ေ႐ြးခ်ယ္ခ်ီးျမႇင့္ ေပးအပ္ျခင္းျဖစ္ၿပီး ဥေရာပကလပ္ အသင္းမ်ားတြင္ကစားေနသည့္ အသက္ ၂၁ ႏွစ္ေအာက္ ကစား သမားမ်ားမွ စိစစ္ေ႐ြးခ်ယ္ခ်ီးျမႇင့္ ေပးအပ္ျခင္းျဖစ္သည္။
Golden Boy Award ဆုကို ကစားသမားတစ္ဦးလွ်င္ တစ္ႀကိမ္သာေပးအပ္ျခင္းျဖစ္ၿပီး မက္ဆီ၊ ဖာဘရီဂတ္၊ ႐ြန္းနီ၊ အဂူ႐ို၊ ေပါ့ဂ္ဘာ၊ အမ္ဘတ္ပီ၊ ဂ်ာအိုဖီးလစ္၊ ပက္ဒရီ၊ ဂါဗီ၊ ဟာလန္း၊ ယာမယ္ စသည့္ ကစားသမားမ်ားလည္း ဆြတ္ခူးႏိုင္ခဲ့ၿပီး လူငယ္ကစားသမားမ်ားအတြက္ အထင္ကရဆုတစ္ခုျဖစ္ သည္။
Golden Boy Award ဆုအတြက္ ဆန္ခါတင္ကစားသမား ၂၅ ဦး စာရင္းတြင္ ဘာစီလိုနာအသင္းမွ က်ဴဘာစီ၊ ဘာနယ္၊ အက္စပက္၊ မန္စီးတီးအသင္းမွ ဘူအာဒီ၊ ပီအက္စ္ဂ်ီအသင္းမွ ဇိုင္အမ္မရီ၊ ရီးယဲလ္မက္ဒရစ္အသင္းမွ ဒီယိုမန္ဒီ၊ အန္းဒရစ္၊ ဘ႐ိုက္တန္အသင္း မွ ဗက္ကိုဗစ္ခ်္၊ ေကာ္စတိုလက္၊ ေပၚတိုအသင္းမွ ဖ႐ိုဟိုတက္၊ အာဆင္နယ္အသင္းမွ လီဝွစ္စကယ္လီ၊ ဘုန္းေမာက္စ္အသင္းမွ ႐ိုင္ယန္၊ ကာ႐ိုပီ၊ ခ်ယ္လ္ဆီးအသင္း မွ ဟာတို၊ အက္စ္တီဗာအို၊ ဘိုင္ယန္ျမဴးနစ္အသင္းမွ ခါရယ္၊ ဘင္ဖီကာ အသင္းမွ ပရီစတီနီ၊ ေဒါ့မြန္အသင္း မွ ဂါေဒါ့ဖ္၊ ကာရီဆက္၊ ကိုလုံး အသင္းမွ မာလာ၊ ဆိုစီဒက္အသင္းမွ မာတင္၊ ဂ်ဴဗင္တပ္စ္အသင္းမွ ကီရင္၊ စတုဂတ္အသင္းမွ ဖင္ဂ်ယ္ဆက္၊ ႐ိုးမားအသင္းမွ မိုရာ၊ ဖီအိုရင္ တီးနားအသင္းမွ မက္စတန္တူႏိုတို႔ ပါဝင္ခဲ့ၾကသည္။
က်ဴဘာစီသည္ ၿပီးခဲ့သည့္ေဘာလုံးရာသီက ဘာစီလိုနာ အသင္းႏွင့္အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္ အဓိကကစားသမားတစ္ဦးအျဖစ္ ရပ္တည္ ႏိုင္ခဲ့သူျဖစ္သည္။
က်ဴဘာစီသည္ ၿပီးခဲ့သည့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္း စပိန္အသင္းဗဟိုခံစစ္ပိုင္းတြင္ အဓိကကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ကာ ၿပိဳင္ပြဲ၏အေကာင္းဆုံး လူငယ္ကစားသမားဆုကိုပင္ ဆြတ္ခူးႏိုင္ခဲ့ေၾကာင္းသိရသည္။ Ref;B/R Football
2026 Golden Boy Award ဆုအတွက် ဘာစီလိုနာအသင်းကစားသမား ကျူဘာစီ ဆုရရှိရန် ရေပန်းစားနေ
=========================
2026 Golden Boy Award ဆု အတွက် ဆန်ခါတင်ကစားသမား ၂၅ ဦးစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ဘာစီလိုနာအသင်းမှ လူငယ်ကစားသမား ကျူဘာစီက ဆုရရှိရန် ရေပန်းစားလျက်ရှိသည်။
Golden Boy Award ဆုကို အီတလီနိုင်ငံအခြေစိုက် ထိပ်တန်းအားကစားသတင်းစာဖြစ်သည့် Tuttosport က ၂၀၀၃ ခုနှစ်မှ စတင်ပြီး စိစစ်ရွေးချယ်ချီးမြှင့် ပေးအပ်ခြင်းဖြစ်ပြီး ဥရောပကလပ် အသင်းများတွင်ကစားနေသည့် အသက် ၂၁ နှစ်အောက် ကစား သမားများမှ စိစစ်ရွေးချယ်ချီးမြှင့် ပေးအပ်ခြင်းဖြစ်သည်။
Golden Boy Award ဆုကို ကစားသမားတစ်ဦးလျှင် တစ်ကြိမ်သာပေးအပ်ခြင်းဖြစ်ပြီး မက်ဆီ၊ ဖာဘရီဂတ်၊ ရွန်းနီ၊ အဂူရို၊ ပေါ့ဂ်ဘာ၊ အမ်ဘတ်ပီ၊ ဂျာအိုဖီးလစ်၊ ပက်ဒရီ၊ ဂါဗီ၊ ဟာလန်း၊ ယာမယ် စသည့် ကစားသမားများလည်း ဆွတ်ခူးနိုင်ခဲ့ပြီး လူငယ်ကစားသမားများအတွက် အထင်ကရဆုတစ်ခုဖြစ် သည်။
Golden Boy Award ဆုအတွက် ဆန်ခါတင်ကစားသမား ၂၅ ဦး စာရင်းတွင် ဘာစီလိုနာအသင်းမှ ကျူဘာစီ၊ ဘာနယ်၊ အက်စပက်၊ မန်စီးတီးအသင်းမှ ဘူအာဒီ၊ ပီအက်စ်ဂျီအသင်းမှ ဇိုင်အမ်မရီ၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ဒီယိုမန်ဒီ၊ အန်းဒရစ်၊ ဘရိုက်တန်အသင်း မှ ဗက်ကိုဗစ်ချ်၊ ကော်စတိုလက်၊ ပေါ်တိုအသင်းမှ ဖရိုဟိုတက်၊ အာဆင်နယ်အသင်းမှ လီဝှစ်စကယ်လီ၊ ဘုန်းမောက်စ်အသင်းမှ ရိုင်ယန်၊ ကာရိုပီ၊ ချယ်လ်ဆီးအသင်း မှ ဟာတို၊ အက်စ်တီဗာအို၊ ဘိုင်ယန်မြူးနစ်အသင်းမှ ခါရယ်၊ ဘင်ဖီကာ အသင်းမှ ပရီစတီနီ၊ ဒေါ့မွန်အသင်း မှ ဂါဒေါ့ဖ်၊ ကာရီဆက်၊ ကိုလုံး အသင်းမှ မာလာ၊ ဆိုစီဒက်အသင်းမှ မာတင်၊ ဂျူဗင်တပ်စ်အသင်းမှ ကီရင်၊ စတုဂတ်အသင်းမှ ဖင်ဂျယ်ဆက်၊ ရိုးမားအသင်းမှ မိုရာ၊ ဖီအိုရင် တီးနားအသင်းမှ မက်စတန်တူနိုတို့ ပါဝင်ခဲ့ကြသည်။
ကျူဘာစီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာ အသင်းနှင့်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည် နိုင်ခဲ့သူဖြစ်သည်။
ကျူဘာစီသည် ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း စပိန်အသင်းဗဟိုခံစစ်ပိုင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ကာ ပြိုင်ပွဲ၏အကောင်းဆုံး လူငယ်ကစားသမားဆုကိုပင် ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။ Ref;B/R Football




