ေတာင္တ႐ုတ္ပင္လယ္အတြင္း တင္းမာမႈျဖစ္စဥ္အတြက္ ဖိလစ္ပိုင္တပ္ဖြဲ႕မ်ားကို တ႐ုတ္အျပစ္တင္

ေတာင္တ႐ုတ္ပင္လယ္အတြင္း တင္းမာမႈျဖစ္စဥ္အတြက္ ဖိလစ္ပိုင္တပ္ဖြဲ႕မ်ားကို တ႐ုတ္အျပစ္တင္
================
ေတာင္တ႐ုတ္ပင္လယ္အတြင္း ျဖစ္ပြားေနသည့္ တင္းမာမႈမ်ားအတြက္ ဖိလစ္ပိုင္တပ္ဖြဲ႕မ်ားျဖစ္သည့္ ဖိလစ္ပိုင္တပ္မေတာ္ႏွင့္ ကမ္းေျခေစာင့္တပ္ဖြဲ႕ကို အဓိကတာဝန္ရွိသူမ်ားအျဖစ္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇူလိုင္လ ၂၁ ရက္တြင္ အျပစ္တင္လိုက္ေၾကာင္း သိရသည္။
ဖိလစ္ပိုင္သည္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕၏ ကင္းလွည့္ေရယာဥ္တစ္စင္းကိုရန္အီေက်ာင္း ေသာင္စြယ္အနီးတြင္ ရန္လိုသည့္အျပဳအမူမ်ားျဖင့္ ေႏွာင့္ယွက္ခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ လင္က်န္းကေျပာသည္။
ထို႔ျပင္ တ႐ုတ္ႏွင့္ ဖိလစ္ပိုင္တို႔ၾကား၌ ဆက္သြယ္ေဆြးေႏြးမႈမ်ား လုပ္ရန္ အခြင့္အလမ္းမ်ားေပၚေပါက္လာခ်ိန္ကဲ့သို႔ေသာ အခ်ိန္တိုင္းတြင္ အခ်ိဳ႕အင္အားစုမ်ားသည္ ေရေၾကာင္းအျငင္းပြားမႈမ်ားျဖစ္ေပၚေစရန္ ရည္႐ြယ္ခ်က္ရွိရွိ လႈံ႕ေဆာ္ေနေၾကာင္း ၎ကဆိုသည္။ ထို႔အတူ ျဖစ္စဥ္၏ အမွားအမွန္ႏွင့္ ေနာက္ကြယ္တြင္ မည္သူရွိသည္ကို လူတိုင္းက သိရွိထားၿပီးျဖစ္သည္ဟု လင္က်န္းကေျပာထားသည္။
Ref: Xinhua
တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုဖြစ်စဉ်အတွက် ဖိလစ်ပိုင်တပ်ဖွဲ့များကို တရုတ်အပြစ်တင်
================
တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသည့် တင်းမာမှုများအတွက် ဖိလစ်ပိုင်တပ်ဖွဲ့များဖြစ်သည့် ဖိလစ်ပိုင်တပ်မတော်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို အဓိကတာဝန်ရှိသူများအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်တွင် အပြစ်တင်လိုက်ကြောင်း သိရသည်။
ဖိလစ်ပိုင်သည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်ရေယာဉ်တစ်စင်းကိုရန်အီကျောင်း သောင်စွယ်အနီးတွင် ရန်လိုသည့်အပြုအမူများဖြင့် နှောင့်ယှက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းကပြောသည်။
ထို့ပြင် တရုတ်နှင့် ဖိလစ်ပိုင်တို့ကြား၌ ဆက်သွယ်ဆွေးနွေးမှုများ လုပ်ရန် အခွင့်အလမ်းများပေါ်ပေါက်လာချိန်ကဲ့သို့သော အချိန်တိုင်းတွင် အချို့အင်အားစုများသည် ရေကြောင်းအငြင်းပွားမှုများဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြောင်း ၎င်းကဆိုသည်။ ထို့အတူ ဖြစ်စဉ်၏ အမှားအမှန်နှင့် နောက်ကွယ်တွင် မည်သူရှိသည်ကို လူတိုင်းက သိရှိထားပြီးဖြစ်သည်ဟု လင်ကျန်းကပြောထားသည်။
Ref: Xinhua




