ျမန္မာ့ကမ္းလြန္တြင္ ဘဂၤါလီမ်ားမ်ား တင္ေဆာင္လာသည့္ သေဘၤာႏွစ္စင္းနစ္ျမဳပ္၊ လူ ၅၀၀ ေက်ာ္ ေပ်ာက္ဆုံးေသဆုံးဖြယ္ရွိ

ျမန္မာ့ကမ္းလြန္တြင္ ဘဂၤါလီမ်ားမ်ား တင္ေဆာင္လာသည့္ သေဘၤာႏွစ္စင္းနစ္ျမဳပ္၊ လူ ၅၀၀ ေက်ာ္ ေပ်ာက္ဆုံးေသဆုံးဖြယ္ရွိ
=====================
ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္မွ ထြက္ခြာလာသည့္ ဘဂၤါလီမ်ားမ်ားကို တင္ေဆာင္လာေသာ သေဘၤာႏွစ္စင္းသည္ ျမန္မာ့ကမ္း လြန္ပင္လယ္ျပင္တြင္ နစ္ျမဳပ္သြားခဲ့ၿပီး လူေပါင္း ၅၀၀ ေက်ာ္ ေသဆုံး သို႔မဟုတ္ ေပ်ာက္ဆုံးေနဖြယ္ရွိေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ႏွင့္ ႏိုင္ငံ တကာ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားဆိုင္ရာအဖြဲ႕ (IOM) တို႔က ပူးတြဲထုတ္ျပန္လိုက္သည္။

အဆိုပါသေဘၤာႏွစ္စင္းသည္ ဇြန္လေႏွာင္းပိုင္းတြင္ ရခိုင္ ျပည္နယ္မွ ထြက္ခြာလာျခင္းျဖစ္ၿပီး တစ္စင္းလွ်င္ လူ ၂၅၀ ႏွင့္ ၂၈၀ ခန႔္ အသီးသီး တင္ေဆာင္လာေၾကာင္း သိရသည္။ ပထမသေဘၤာမွာ ထြက္ခြာၿပီးမၾကာမီ ဆက္သြယ္မႈျပတ္ေတာက္သြားခဲ့ၿပီး၊ ဒုတိယသေဘၤာမွာ ဇူလိုင္ ၈ ရက္တြင္ ဧရာဝတီတိုင္း ကမ္း လြန္ပင္လယ္ျပင္၌ နစ္ျမဳပ္ခဲ့ျခင္းျဖစ္သည္။

သေဘၤာေပၚတြင္ လိုက္ပါလာသူမ်ားမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာ့စ္ဘဇားစခန္းမ်ားမွ လာေရာက္သူမ်ားႏွင့္ ရခိုင္ ျပည္နယ္မွ ထြက္ခြာလာသူမ်ားျဖစ္ေၾကာင္း ပဏာမသတင္းမ်ားအရ သိရသည္။

ကုလသမဂၢအဖြဲ႕အစည္းမ်ား၏ အဆိုအရ ယခုခရီးစဥ္မ်ား သည္ ပင္လယ္ျပင္အေျခအေန အလြန္ဆိုး႐ြားသည့္ ရာသီဥတုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ မၾကာေသးမီက ေဒသတြင္းတြင္ ႐ြာသြန္းခဲ့ေသာ မိုးသည္းထန္မႈႏွင့္ ေရႀကီးမႈမ်ားက ပင္လယ္ျပင္ခရီးသြားလာမႈ အႏၲရာယ္ကို ပိုမိုျမင့္တက္ေစခဲ့သည္။ လူေမွာင္ခိုကြန္ရက္မ်ားက စီစဥ္ေပးေသာ ခိုင္ခံ့မႈမရွိသည့္ ေလွမ်ားကို အသုံးျပဳ၍ စြန႔္စားခရီးႏွင္ရျခင္းမွာ ဒုကၡသည္မ်ားအတြက္ အသက္အႏၲရာယ္ ႀကီးမားလွသည္။

UNHCR ႏွင့္ IOM တို႔က ဤျဖစ္စဥ္သည္ ဆိုး႐ြားရွည္လ်ားေနသည့္ ပဋိပကၡမ်ားႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းမ်ား၏ အက်ိဳး ဆက္ျဖစ္ေၾကာင္း ေထာက္ျပခဲ့သည္။
“အကယ္၍သာ ဤသတင္းမ်ား အတည္ျဖစ္လာပါက၊ ယခုႏွစ္အတြင္း ပင္လယ္ျပင္တြင္ ေပ်ာက္ဆုံး သို႔မဟုတ္ ေသဆုံးခဲ့သည့္ ဒုကၡသည္ ၃၀၀ နီးပါး၏ စာရင္းတြင္ ဤကပ္ဆိုးႀကီးသည္ ထပ္မံျဖည့္စြက္သြားလိမ့္မည္ျဖစ္သည္” ဟု ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ကုလသမဂၢအဖြဲ႕အစည္းႏွစ္ခုက ေဒသတြင္းႏိုင္ငံမ်ားအေနျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အေရးေပၚတိုးျမႇင့္ေဆာင္ ႐ြက္ရန္၊ ဒုကၡသည္မ်ားအား ခိုလႈံခြင့္ေပးရန္ႏွင့္ လူေမွာင္ခိုကူး သန္းေရာင္းဝယ္သည့္ ကြန္ရက္မ်ားကို ထိေရာက္စြာ အေရးယူရန္ တိုက္တြန္းထားသည္။

ထို႔ျပင္ ဘဂၤါလီအေရးႏွင့္ ပတ္သက္၍ အဓိကအေၾကာင္းအရင္းမ်ားကို ေျဖရွင္းေပးႏိုင္မည့္ ေရရွည္ႏိုင္ငံတကာ အေထာက္အပံ့မ်ားႏွင့္ေျဖရွင္းနည္းမ်ား လိုအပ္ေနေၾကာင္း အေလးေပး ေျပာၾကားခဲ့သည္။

Source: PAN


မြန်မာ့ကမ်းလွန်တွင် ဘင်္ဂါလီများများ တင်ဆောင်လာသည့် သင်္ဘောနှစ်စင်းနစ်မြုပ်၊ လူ ၅၀၀ ကျော် ပျောက်ဆုံးသေဆုံးဖွယ်ရှိ
=====================
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် ဘင်္ဂါလီများများကို တင်ဆောင်လာသော သင်္ဘောနှစ်စင်းသည် မြန်မာ့ကမ်း လွန်ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ၅၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေဖွယ်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် နိုင်ငံ တကာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာအဖွဲ့ (IOM) တို့က ပူးတွဲထုတ်ပြန်လိုက်သည်။

အဆိုပါသင်္ဘောနှစ်စင်းသည် ဇွန်လနှောင်းပိုင်းတွင် ရခိုင် ပြည်နယ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး တစ်စင်းလျှင် လူ ၂၅၀ နှင့် ၂၈၀ ခန့် အသီးသီး တင်ဆောင်လာကြောင်း သိရသည်။ ပထမသင်္ဘောမှာ ထွက်ခွာပြီးမကြာမီ ဆက်သွယ်မှုပြတ်တောက်သွားခဲ့ပြီး၊ ဒုတိယသင်္ဘောမှာ ဇူလိုင် ၈ ရက်တွင် ဧရာဝတီတိုင်း ကမ်း လွန်ပင်လယ်ပြင်၌ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

သင်္ဘောပေါ်တွင် လိုက်ပါလာသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားစခန်းများမှ လာရောက်သူများနှင့် ရခိုင် ပြည်နယ်မှ ထွက်ခွာလာသူများဖြစ်ကြောင်း ပဏာမသတင်းများအရ သိရသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အဆိုအရ ယခုခရီးစဉ်များ သည် ပင်လယ်ပြင်အခြေအနေ အလွန်ဆိုးရွားသည့် ရာသီဥတုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကြာသေးမီက ဒေသတွင်းတွင် ရွာသွန်းခဲ့သော မိုးသည်းထန်မှုနှင့် ရေကြီးမှုများက ပင်လယ်ပြင်ခရီးသွားလာမှု အန္တရာယ်ကို ပိုမိုမြင့်တက်စေခဲ့သည်။ လူမှောင်ခိုကွန်ရက်များက စီစဉ်ပေးသော ခိုင်ခံ့မှုမရှိသည့် လှေများကို အသုံးပြု၍ စွန့်စားခရီးနှင်ရခြင်းမှာ ဒုက္ခသည်များအတွက် အသက်အန္တရာယ် ကြီးမားလှသည်။

UNHCR နှင့် IOM တို့က ဤဖြစ်စဉ်သည် ဆိုးရွားရှည်လျားနေသည့် ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ၏ အကျိုး ဆက်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
“အကယ်၍သာ ဤသတင်းများ အတည်ဖြစ်လာပါက၊ ယခုနှစ်အတွင်း ပင်လယ်ပြင်တွင် ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့သည့် ဒုက္ခသည် ၃၀၀ နီးပါး၏ စာရင်းတွင် ဤကပ်ဆိုးကြီးသည် ထပ်မံဖြည့်စွက်သွားလိမ့်မည်ဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုက ဒေသတွင်းနိုင်ငံများအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်တိုးမြှင့်ဆောင် ရွက်ရန်၊ ဒုက္ခသည်များအား ခိုလှုံခွင့်ပေးရန်နှင့် လူမှောင်ခိုကူး သန်းရောင်းဝယ်သည့် ကွန်ရက်များကို ထိရောက်စွာ အရေးယူရန် တိုက်တွန်းထားသည်။

ထို့ပြင် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အဓိကအကြောင်းအရင်းများကို ဖြေရှင်းပေးနိုင်မည့် ရေရှည်နိုင်ငံတကာ အထောက်အပံ့များနှင့်ဖြေရှင်းနည်းများ လိုအပ်နေကြောင်း အလေးပေး ပြောကြားခဲ့သည်။

Source: PAN