ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းအေးနှင့် ပြည်ခိုင်ဖြိုးပါတီမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် တွေ့ဆုံ

====================
တောင်ကြီး အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးသောင်းအေးသည် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်အတူ ပြည်နယ်ပါတီကော်မတီဝင်များ၊ ပြည်နယ်အရံပါတီကော်မတီဝင်များ၊ တောင်ကြီးခရိုင်၊ကလောခရိုင်တို့မှ ဥက္ကဋ္ဌများ၊ပြည်ခိုင်ဖြိုးပါတီမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှ ဥက္ကဋ္ဌများနှင့် တောင်ကြီးမြို့နယ်မှ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၇-၁၀-၂၀၂၆ ရက်နေ့ နံနက် (၁၀)နာရီတွင် အင်အား (၆၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌက ပါတီ၏ မူဝါဒများ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား မှာကြားဆွေးနွေးပါသည်။
တက်ရောက်လာသူများမှလည်း လိုအပ်သည်များကို ပြန်လည် ဆွေးနွေးတင်ပြခဲ့ပြီး အခမ်းအနားကို မွန်းလွဲ (၁၂:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားအပြီးတွင် we love myanmar စာတမ်းပါ အင်္ကျီများကို တက်ရာက်လာသူများအားလုံကို အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။
Zawgyi Font
====================
ေတာင္ႀကီး ေအာက္တိုဘာ ၂၇
ရွမ္းျပည္နယ္ေတာင္ပိုင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ျပည္နယ္ပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီဒုတိယဥကၠ႒ ဦးေသာင္းေအးသည္ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကေသာ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာနႏၵာလွျမင့္၊ ျပည္နယ္ပါတီဥကၠ႒ ဦးစိုင္းလုံေက်ာ္ႏွင့္အတူ ျပည္နယ္ပါတီေကာ္မတီဝင္မ်ား၊ ျပည္နယ္အရံပါတီေကာ္မတီဝင္မ်ား၊ ေတာင္ႀကီးခ႐ိုင္၊ကေလာခ႐ိုင္တို႔မွ ဥကၠ႒မ်ား၊ျပည္ခိုင္ၿဖိဳးပါတီမွ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္တို႔မွ ဥကၠ႒မ်ားႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္မွ ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားကို ၂၇-၁၀-၂၀၂၆ ရက္ေန႔ နံနက္ (၁၀)နာရီတြင္ အင္အား (၆၀)ဦးျဖင့္ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီဒုတိယဥကၠ႒က ပါတီ၏ မူဝါဒမ်ား၊ လမ္းၫႊန္ခ်က္မ်ား၊ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ကိစၥရပ္မ်ားအား မွာၾကားေဆြးေႏြးပါသည္။
တက္ေရာက္လာသူမ်ားမွလည္း လိုအပ္သည္မ်ားကို ျပန္လည္ ေဆြးေႏြးတင္ျပခဲ့ၿပီး အခမ္းအနားကို မြန္းလြဲ (၁၂:၃၀)နာရီတြင္ ႐ုတ္သိမ္းခဲ့ပါသည္။
အခမ္းအနားအၿပီးတြင္ we love myanmar စာတမ္းပါ အက်ႌမ်ားကို တက္ရာက္လာသူမ်ားအားလုံကို အမွတ္တရလက္ေဆာင္ ေပးအပ္ခဲ့ပါသည္။




