အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျ

အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျ
===================
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာရာခန်ပြည်နယ်တွင် တနင်္ဂနွေနေ့က လူခြောက်ဦး လိုက်ပါသွားသော ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့သည်ဟု အေအင်န်အိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။

ရဟတ်ယာဉ်သည် ပြည်နယ်၏ Gaurikund ဧရိယာတွင် ပျောက်ဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ အေအင်န်အိုင်က ဖော်ပြခဲ့သည်။

အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်

အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်
====================
အီရန်တပ်မတော်သည် အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များဖြင့် လက်တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြထားသည်။

အစ္စရေးလေတပ်စခန်းများနှင့် အခြားစစ်ဘက်နေရာများကို အီရန်က ဇွန်လ ၁၄ ရက်တွင် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် ပစ်မှတ်ဒါဇင်နှင့်ချီ ထိမှန်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားသည်။

ညမထွက်ရအမိန့်ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို့၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား

ညမထွက်ရအမိန့်ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို့၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား
======================
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှု များကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့် က အမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အိန္ဒိယ လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တွင် ဗြိတိန် နိုင်ငံသား တစ်ဦးတည်းသာ ထူးဆန်းစွာနဲ့ အသက်ရှင်

အိန္ဒိယ လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တွင် ဗြိတိန် နိုင်ငံသား တစ်ဦးတည်းသာ ထူးဆန်းစွာနဲ့ အသက်ရှင်
======================
ဇွန် ၁၂ ရက်က အာဘတ်ဒါဘတ်မြို့မှ လန်ဒန်သို့ဦးတည်ပျံသန်းမည့် Air India လေကြောင်းလိုင်းပိုင် ဘိုးအင်းလေယာဉ် ပျက်ကျမှုတွင် အလောင်း ၂၀၀ ကျော် ရရှိထားသည်ဟု အာမတ်ဒါဘတ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အမျိုးသားအစောင့်တပ်ဖွဲ့ တပ်စွဲခဲ့ခြင်းအတွက် အမေရိကန်အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆို

အမျိုးသားအစောင့်တပ်ဖွဲ့ တပ်စွဲခဲ့ခြင်းအတွက် အမေရိကန်အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆို
=========================

(နိုင်ငံတကာ) ဇွန် ၁၂

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်တွင် အမျိုးသားအစောင့်တပ်ဖွဲ့အား တပ်စွဲခဲ့ခြင်းအတွက် အမေရိကန် အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အမျိုးသားအစောင့်တပ်ဖွဲ့အား တရားမဝင်အသုံးချခဲ့ခြင်းအတွက် တရားစွဲဆိုခြင်းဖြစ်ပြီး ၎င်းဆောင်ရွက်ချက်ကြောင့် လော့အိန်ဂျလိစ်ဒေသတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့သည်ဟု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆန်နှင့် ရှေ့နေချုပ် ရော့ဗွန်တာ တို့က ပြောကြားသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ကျင်းပမည်

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ကျင်းပမည်
=======================

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ဇွန်လ ၉ တွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်း သိရသည်။

ဆိုးလ်၌ အတို-က်အခံပါတီခေါင်းဆောင် လီဂျေးမြောင် သမ္မတဖြစ်လာ

ဆိုးလ်၌ အတို-က်အခံပါတီခေါင်းဆောင် လီဂျေးမြောင် သမ္မတဖြစ်လာ

ဆိုးလ်၊ဇွန် ၎

တောင်ကိုရီးယား၌ အတို-က်အခံပါတီခေါင်းဆောင်လီဂျေးမြောင်သည် ဗုဒ္ဓဟူးနေ့၌ သမ္မတရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ်ငါးနှစ်သက်တမ်းကို တရားဝင်စတင်ခဲ့သည်ဟုသိရသည်။

မစ္စတာလီသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၁ မိနစ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ၏အတည်ပြုချက်ဖြင့် သမ္မတရာထူးကိုထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့်ယူကရိန်းတို့ အစ္စတန်ဘူ၌ ဆွေးနွေးပွဲထပ်မံပြုလုပ်

ရုရှားနှင့်ယူကရိန်းတို့ အစ္စတန်ဘူ၌ ဆွေးနွေးပွဲထပ်မံပြုလုပ်
=========================

(နိုင်ငံတကာ) ဇွန် ၃

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့၌ ဇွန်လ ၂ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထပ်မံပြုလုပ်ကြောင်း သိရသည်။

ထိုဆွေးနွေးမှုသည် လက်ရှိနှစ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအဆုံးသတ်စေရေးကိုရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွား

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွား

ပေကျင်း ဇွန် ၂

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယမန်နေ့က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ခုနစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ဒန်ကွန်စီရင်စု ကွန်ဒိုမြို့တွင် ယမန်နေ့ည ၉နာရီခွဲခန့်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသအတွက် သဘာဝဒိုင်းကာများ (သို့မဟုတ်) လမုပင်

လမုပင်တွေဟာ ကမ်းရိုးတန်းဒေသတွေအတွက် သဘာဝပေးတဲ့ ဒိုင်းကာတွေလို့ တင်စားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လမုပင်တွေဟာ ပင်လယ်ရေထဲမှ ဆားဓာတ် ၉၀ ရာခိုင်နှုန်းအထိကို စစ်ထုတ်ဖယ်ရှားပေးနိုင်စွမ်း ရှိလို့ပါပဲ။

လမုပင်ရဲ့ အမြစ်တွေက ဆားဓာတ်တွေကို စုပ်ယူပေးတာဖြစ်ပြီး ကမ်းရိုးတန်းနဲ့ ဂေဟစနစ် တည်တံ့ခိုင်မြဲရေးအတွက် လမုပင်တွေက မရှိမဖြစ် အရေးပါတဲ့အပင်တွေ ဖြစ်ပါတယ်။ လမုပင်တွေဟာ သာမန်အပင်တွေ ရှင်သန်နိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးမှာ ရှင်သန်နိုင်ပြီး ဆားဓာတ် ခံနိုင်စွမ်းကလည်း အဆ ၁၀၀ ပိုမိုသာလွန်ပါတယ်။