SIM ကတ္ ၃ ခု တၿပိဳင္တည္း သုံးႏိုင္တဲ့ Huawei ဖုန္း

SIM ကတ္ ၃ ခု တၿပိဳင္တည္း သုံးႏိုင္တဲ့ Huawei ဖုန္း
========================
ဖုန္းထဲမွာ SIM Card ၄ ခု (Physical ၂ ကတ္ + eSIM ၂ ကတ္) ထည့္သုံးႏိုင္မယ္။ ဒီထဲက ဖုန္းနံပါတ္ ၃ ခု (Physical ၂ ကတ္နဲ႔ eSIm ၁ ကတ္) ကို တၿပိဳင္တည္း Active သုံးႏိုင္တယ္ဆိုတဲ့ Quad-SIM triple-standby modes နဲ႔ လာတာပါ။
အလုပ္ကိစၥေတြေၾကာင့္ SIM ကတ္မ်ားမ်ား သုံးရတဲ့သူေတြအတြက္ SIM ကတ္ အသြင္းအထုတ္လုပ္ သုံးစရာမလိုေတာ့ပါဘူး။ ဒါလည္း industry-first ပါပဲ။ တစ္ခုရွိတာက SIM ၃ ခု ၿပိဳင္တူ သုံးႏိုင္ေအာင္ဆိုရင္ ႏွစ္ကတ္က တ႐ုတ္ေအာ္ပေရတာတစ္ခုတည္းကပဲ ျဖစ္ရမွာပါ။
ဒီနည္းပညာမ်ိဳး တျခားဖုန္းေတြမွာလည္း မိတ္ဆက္လာႏိုင္ပါတယ္။ ေလာေလာဆယ္ ထြက္ထားတဲ့ Huawei Mate 90 Pro Max မွာ Cellular နဲ႔ WiFi signal ႏွစ္ခုလုံးကို 2dB အထိ Signal လိုင္းအားပိုေကာင္းေအာင္ ျမႇင့္ေပးထားလို လိုင္းဆြဲအား ပိုေကာင္းလာမွာပါ။
Huawei Mate 90 Pro Max က Kirin 9050 Pro chipset ၊ ၆.၉ လက္မ display ၊ triple ကင္မရာစနစ္ နဲ႔ 6800mAh ဘက္ထရီေတြ သုံးၿပီး ၉၄၉၉ ယြမ္ ေဈးက စၿပီး ထြက္ထားပါတယ္။ #duwun
SIM ကတ် ၃ ခု တပြိုင်တည်း သုံးနိုင်တဲ့ Huawei ဖုန်း
========================
ဖုန်းထဲမှာ SIM Card ၄ ခု (Physical ၂ ကတ် + eSIM ၂ ကတ်) ထည့်သုံးနိုင်မယ်။ ဒီထဲက ဖုန်းနံပါတ် ၃ ခု (Physical ၂ ကတ်နဲ့ eSIm ၁ ကတ်) ကို တပြိုင်တည်း Active သုံးနိုင်တယ်ဆိုတဲ့ Quad-SIM triple-standby modes နဲ့ လာတာပါ။
အလုပ်ကိစ္စတွေကြောင့် SIM ကတ်များများ သုံးရတဲ့သူတွေအတွက် SIM ကတ် အသွင်းအထုတ်လုပ် သုံးစရာမလိုတော့ပါဘူး။ ဒါလည်း industry-first ပါပဲ။ တစ်ခုရှိတာက SIM ၃ ခု ပြိုင်တူ သုံးနိုင်အောင်ဆိုရင် နှစ်ကတ်က တရုတ်အော်ပရေတာတစ်ခုတည်းကပဲ ဖြစ်ရမှာပါ။
ဒီနည်းပညာမျိုး တခြားဖုန်းတွေမှာလည်း မိတ်ဆက်လာနိုင်ပါတယ်။ လောလောဆယ် ထွက်ထားတဲ့ Huawei Mate 90 Pro Max မှာ Cellular နဲ့ WiFi signal နှစ်ခုလုံးကို 2dB အထိ Signal လိုင်းအားပိုကောင်းအောင် မြှင့်ပေးထားလို လိုင်းဆွဲအား ပိုကောင်းလာမှာပါ။
Huawei Mate 90 Pro Max က Kirin 9050 Pro chipset ၊ ၆.၉ လက်မ display ၊ triple ကင်မရာစနစ် နဲ့ 6800mAh ဘက်ထရီတွေ သုံးပြီး ၉၄၉၉ ယွမ် ဈေးက စပြီး ထွက်ထားပါတယ်။ #duwun



