အင္ဒိုနီးရွားတြင္ KM Nurul Salsa သေဘၤာနစ္ျမဳပ္ – ၇ ဦးကို ထပ္မံကယ္ဆယ္ႏိုင္ၿပီး ေပ်ာက္ဆုံးေနသူ ၁၈ ဦးကို အျပင္းအထန္ ရွာေဖြေန

အင္ဒိုနီးရွားတြင္ KM Nurul Salsa သေဘၤာနစ္ျမဳပ္ – ၇ ဦးကို ထပ္မံကယ္ဆယ္ႏိုင္ၿပီး ေပ်ာက္ဆုံးေနသူ ၁၈ ဦးကို အျပင္းအထန္ ရွာေဖြေန
======================
ဇူလိုင္ ၂၀

အင္ဒိုနီးရွားႏိုင္ငံ၊ ေတာင္ဆူလာေဝစီျပည္နယ္ကမ္းလြန္ပင္လယ္ျပင္တြင္ ဇူလိုင္၁၅ ရက္ ခရီးသည္ႏွင့္ သေဘၤာ သား ၇၈ ဦး တင္ ေဆာင္လာသည့္ KM Nurul Salsa သေဘၤာ နစ္ျမဳပ္ခဲ့ၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မ်ားက အသက္ရွင္က်န္ရစ္သူမ်ားကို အလုအယက္ ရွာေဖြလ်က္ရွိသည္။ လက္ရွိတြင္ ေနာက္ထပ္ (၇) ဦးကို အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့ၿပီျဖစ္ေသာ္လည္း ေပ်ာက္ဆုံးေနသူ ၁၈ ဦးမွာ ရွိေနဆဲျဖစ္သည္။

အဆိုပါသေဘၤာသည္ ဗုဒၶဟူးေန႔က ဂ်မ္ပီယာ(Jampea) ကြၽန္းမွ ဆယ္လာယာကြၽန္းသို႔ သြားေရာက္စဥ္ စက္ခ်ိဳ႕ယြင္းမႈျဖစ္ကာ ဆိပ္ကမ္းမွ ၇၉ ကီလိုမီတာအကြာ၌ နစ္ျမဳပ္သြားျခင္းျဖစ္သည္။ သေဘၤာနစ္ျမဳပ္ခ်ိန္တြင္ ခရီးသည္ႏွင့္ သေဘၤာသား ၇၈ ဦး လိုက္ ပါလာခဲ့သည္။

အသက္ရွင္က်န္ရစ္သူမ်ား၏ ေျပာၾကားခ်က္အရ သေဘၤာနစ္ ျမဳပ္ခ်ိန္တြင္ ၎တို႔သည္ ေရဂါလံပုံးမ်ား၊ ေဖာ့တုံးအပိုင္းအစမ်ားႏွင့္ ႀကိဳးမ်ားကို အသုံးျပဳကာ အသက္ကယ္ပစၥည္းမ်ားအျဖစ္ ျပဳလုပ္ၿပီး ေရေပၚတြင္ ေမ်ာပါရခဲ့ၾကရေၾကာင္း သိရသည္။

သေဘၤာနစ္ျမဳပ္ၿပီး ေနာက္တစ္ရက္တြင္ လူ ၄၇ ဦးကို ကယ္ ဆယ္ႏိုင္ခဲ့ၿပီး ယခုေနာက္ဆုံး အေျခအေနအရ (၇) ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးအပါအဝင္ ေနာက္ထပ္ (၇) ဦးကို ထပ္မံေတြ႕ရွိခဲ့သည္။ သို႔ေသာ္ ကယ္ဆယ္ရသူအခ်ိဳ႕၏ အဆိုအရ ၎တို႔အုပ္စုထဲမွ ၄ ဦးမွာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ေပ်ာက္ဆုံးေနသူ ၁၈ ဦးကို ရွာေဖြရန္အတြက္ သေဘၤာႀကီး ၅ စင္း၊ ကင္းေထာက္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္တစ္စင္းတို႔ကို အသုံးျပဳကာ က်ယ္က်ယ္ျပန႔္ျပန႔္ ရွာေဖြလ်က္ရွိသည္။

ကြၽန္းေပါင္း ၁၇,၀၀၀ ေက်ာ္ရွိသည့္ အင္ဒိုနီးရွားႏိုင္ငံတြင္ သေဘၤာျဖင့္ ခရီးသြားလာမႈမွာ အဓိက သယ္ယူပို႔ ေဆာင္ေရးပုံစံျဖစ္ေသာ္လည္း၊ လုံၿခဳံေရးစံႏႈန္းမ်ား အား နည္းျခင္းႏွင့္ လူဦး ေရထက္ ေက်ာ္လြန္တင္ေဆာင္ျခင္းမ်ားေၾကာင့္ မၾကာခဏဆိုသလို သေဘၤာနစ္ျမဳပ္မႈမ်ား ျဖစ္ပြားလ်က္ရွိသည္။ ယခုလအေစာပိုင္းကလည္း ဘာလီကြၽန္းအနီးတြင္ သေဘၤာနစ္ျမဳပ္မႈေၾကာင့္ လူ ၆ ဦး ေသဆုံးၿပီး အမ်ားအျပား ေပ်ာက္ဆုံးခဲ့ရေသးသည္။


အင်ဒိုနီးရှားတွင် KM Nurul Salsa သင်္ဘောနစ်မြုပ် – ၇ ဦးကို ထပ်မံကယ်ဆယ်နိုင်ပြီး ပျောက်ဆုံးနေသူ ၁၈ ဦးကို အပြင်းအထန် ရှာဖွေနေ
======================
ဇူလိုင် ၂၀

အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူလာဝေစီပြည်နယ်ကမ်းလွန်ပင်လယ်ပြင်တွင် ဇူလိုင်၁၅ ရက် ခရီးသည်နှင့် သင်္ဘော သား ၇၈ ဦး တင် ဆောင်လာသည့် KM Nurul Salsa သင်္ဘော နစ်မြုပ်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်ကျန်ရစ်သူများကို အလုအယက် ရှာဖွေလျက်ရှိသည်။ လက်ရှိတွင် နောက်ထပ် (၇) ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်သော်လည်း ပျောက်ဆုံးနေသူ ၁၈ ဦးမှာ ရှိနေဆဲဖြစ်သည်။

အဆိုပါသင်္ဘောသည် ဗုဒ္ဓဟူးနေ့က ဂျမ်ပီယာ(Jampea) ကျွန်းမှ ဆယ်လာယာကျွန်းသို့ သွားရောက်စဉ် စက်ချို့ယွင်းမှုဖြစ်ကာ ဆိပ်ကမ်းမှ ၇၉ ကီလိုမီတာအကွာ၌ နစ်မြုပ်သွားခြင်းဖြစ်သည်။ သင်္ဘောနစ်မြုပ်ချိန်တွင် ခရီးသည်နှင့် သင်္ဘောသား ၇၈ ဦး လိုက် ပါလာခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများ၏ ပြောကြားချက်အရ သင်္ဘောနစ် မြုပ်ချိန်တွင် ၎င်းတို့သည် ရေဂါလံပုံးများ၊ ဖော့တုံးအပိုင်းအစများနှင့် ကြိုးများကို အသုံးပြုကာ အသက်ကယ်ပစ္စည်းများအဖြစ် ပြုလုပ်ပြီး ရေပေါ်တွင် မျောပါရခဲ့ကြရကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်ပြီး နောက်တစ်ရက်တွင် လူ ၄၇ ဦးကို ကယ် ဆယ်နိုင်ခဲ့ပြီး ယခုနောက်ဆုံး အခြေအနေအရ (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် နောက်ထပ် (၇) ဦးကို ထပ်မံတွေ့ရှိခဲ့သည်။ သို့သော် ကယ်ဆယ်ရသူအချို့၏ အဆိုအရ ၎င်းတို့အုပ်စုထဲမှ ၄ ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ ၁၈ ဦးကို ရှာဖွေရန်အတွက် သင်္ဘောကြီး ၅ စင်း၊ ကင်းထောက်လေယာဉ်နှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေလျက်ရှိသည်။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် သင်္ဘောဖြင့် ခရီးသွားလာမှုမှာ အဓိက သယ်ယူပို့ ဆောင်ရေးပုံစံဖြစ်သော်လည်း၊ လုံခြုံရေးစံနှုန်းများ အား နည်းခြင်းနှင့် လူဦး ရေထက် ကျော်လွန်တင်ဆောင်ခြင်းများကြောင့် မကြာခဏဆိုသလို သင်္ဘောနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိသည်။ ယခုလအစောပိုင်းကလည်း ဘာလီကျွန်းအနီးတွင် သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးခဲ့ရသေးသည်။