ကမာၻ႔ဖလား ဗိုလ္လုပြဲ သမၼတ ထရန႔္သြားၾကည့္မည္

ကမာၻ႔ဖလား ဗိုလ္လုပြဲ သမၼတ ထရန႔္သြားၾကည့္မည္
====================
စပိန္နဲ႔ အာဂ်င္တီးနားတို ဗိုလ္လုပြဲအျဖစ္ ထိပ္တိုက္ေတြ႕ၾကမယ့္ လာမယ့္တနဂၤေႏြေန႔ ဖီဖာကမာၻ႔ဖလား(FIFA World Cup) ဗိုလ္လုပြဲကို သမၼတ ထရန႔္ တက္ေရာက္မယ္လို အိမ္ျဖဴေတာ္က အတည္ျပဳလိုက္ပါတယ္။ ဒီပြဲကိုေတာ့ MetLife Stadium ကြင္းမွာ က်င္းပသြားမွာပါ။
အိမ္ျဖဴေတာ္ ျပန္ၾကားေရးအတြင္းေရးမႉး ကာ႐ိုလိုင္း လီဗစ္(Karoline Leavitt) က “အေမရိကန္ႏိုင္ငံအေနနဲ႔ ကမာၻႀကီးကို အႀကီးက်ယ္ဆုံး စင္ျမင့္ထက္မွာ ဧည့္ခံက်င္းပေပးႏိုင္တဲ့ စြမ္းရည္ကို သက္ေသျပခဲ့တဲ့ ဒီၿပိဳင္ပြဲႀကီးအတြက္ သမၼတထရန႔္ရဲ႕ တက္ေရာက္မႈဟာ အလြန္ပဲ သင့္ေတာ္ျပည့္စုံတဲ့ နိဂုံးခ်ဳပ္မႈတစ္ခု ျဖစ္လာမွာပါ” လို ေျပာပါတယ္။
ဖီဖာ(FIFA) ဥကၠ႒ ဂ်ီယန္နီ အင္ဖန္တီႏို(Gianni Infantino) ကလည္း သူနဲ႔ သမၼတထရန႔္တို႔ ႏွစ္ေယာက္ဟာ ေဘာလုံးကြင္းထဲအထိ ကိုယ္တိုင္ဆင္းၿပီး အႏိုင္ရရွိသြားတဲ့ အသင္းေခါင္းေဆာင္ရဲ႕ လက္ထဲကို ဖီဖာကမာၻ႔ဖလား ဆုဖလားႀကီး ေပးအပ္ခ်ီးျမႇင့္သြားမယ္လို ေျပာၾကားခဲ့ပါတယ္။ #Popular
ကမ္ဘာ့ဖလား ဗိုလ်လုပွဲ သမ္မတ ထရန့်သွားကြည့်မည်
====================
စပိန်နဲ့ အာဂျင်တီးနားတို ဗိုလ်လုပွဲအဖြစ် ထိပ်တိုက်တွေ့ကြမယ့် လာမယ့်တနင်္ဂနွေနေ့ ဖီဖာကမ္ဘာ့ဖလား(FIFA World Cup) ဗိုလ်လုပွဲကို သမ္မတ ထရန့် တက်ရောက်မယ်လို အိမ်ဖြူတော်က အတည်ပြုလိုက်ပါတယ်။ ဒီပွဲကိုတော့ MetLife Stadium ကွင်းမှာ ကျင်းပသွားမှာပါ။
အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လီဗစ်(Karoline Leavitt) က “အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာကြီးကို အကြီးကျယ်ဆုံး စင်မြင့်ထက်မှာ ဧည့်ခံကျင်းပပေးနိုင်တဲ့ စွမ်းရည်ကို သက်သေပြခဲ့တဲ့ ဒီပြိုင်ပွဲကြီးအတွက် သမ္မတထရန့်ရဲ့ တက်ရောက်မှုဟာ အလွန်ပဲ သင့်တော်ပြည့်စုံတဲ့ နိဂုံးချုပ်မှုတစ်ခု ဖြစ်လာမှာပါ” လို ပြောပါတယ်။
ဖီဖာ(FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို(Gianni Infantino) ကလည်း သူနဲ့ သမ္မတထရန့်တို့ နှစ်ယောက်ဟာ ဘောလုံးကွင်းထဲအထိ ကိုယ်တိုင်ဆင်းပြီး အနိုင်ရရှိသွားတဲ့ အသင်းခေါင်းဆောင်ရဲ့ လက်ထဲကို ဖီဖာကမ္ဘာ့ဖလား ဆုဖလားကြီး ပေးအပ်ချီးမြှင့်သွားမယ်လို ပြောကြားခဲ့ပါတယ်။ #Popular




