
ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ ဩဂုတ် ၆ ရက် ပေါက်ဈေးထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းတွေ အရင်နေ့ကထက် ကျသွားတာကိုတွေ့ခဲ့ရပါတယ်။ ဩဂုတ် ၆ ရက် ပေါက်ဈေးအရ ရန်ကုန်မှာ အောက်တိန်း (92)တစ်လီတာကို ၁၆၁၅ကျပ်၊ အောက်တိန်း95 တစ်လီတာကို ၁၆၆၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၁၉၇၀နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၀၂၅ ကျပ်ရှိနေပါတယ်။












