
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာ အလုပ်သမား ၉၀၀ နီးပါးသည် ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တိုတွင် MoU ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့မှတစ်ဆင့် မြန်မာ MoU အလုပ်သမားအမျိုးသား ၄၀ နှင့် အမျိုးသမီး ၁၀ ဦးတို့ သည် ထိုင်းနိုင်ငံရှိ Chocksamut Marine Co.,Ltd. တွင် နှစ်နှစ် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီ Golden Royal Mandalay Co.,Ltd. က တာဝန်ယူစေလွှတ်ပေးခဲ့ကြောင်း သိရသည်။










