
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ် ၅၀၅ ဦးကို အမှုပေါင်း ၃၅၀ ဖြင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။
နေပြည်တော်တွင် သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။










