
ယခုနှစ်ဝက်တွင် ပြုလုပ်ရန်ရှိသည့် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်၏ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လက်တွေ့ကျသောနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေး ကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။သြဂုတ် ၃ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် နစကဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံအပြီး ယင်းသို့အပြန်အလှန် ကတိကဝတ် ပြုခဲ့ခြင်းလည်း ဖြစ်သည်ဟုသိရသည်။








