
ဇူလိုင်လ (၃၁) ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလ (၆) လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်က စတင်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ တပ်မတော်က နိုင်ငံတော် အာဏာကို ထိမ်းထားခြင်း ဖြစ်သည်။











