
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် အမျိုးသမီးစက်ခေါင်းမောင်းသူများအား စတင်တာဝန်ပေးအပ်
=======================
မြန်မာ့မီးရထားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့်ရထားများ၌ အမျိုးသမီးစက်ခေါင်းမောင်းသူများကို ထည့်သွင်းတာဝန်ပေးရန် မြန်မာ့မီးရထားသွား/လာရေးဌာန က စီစဉ်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ AGTI ဒီပလိုမာရရှိထားသူ အမျိုးသမီး ငါးဦးအား ရထားစက်ခေါင်းမောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ထားပြီး ဖြစ်သည်။











