
(၁၆-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၈၃၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၇၉) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅၄) ဦးအနက် (၄၅) ဦး၊ (၈၃.၃) ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၉) ဦးမှာ ပြည်တွင်းတွင်ကူးစက်ဖြစ်ပွားသူများ ဖြစ်ပါသည်။ အဆိုပါပြည်ပမှဝင်ရောက်လာသည့် ဓာတ်ခွဲအတည်ပြုလူနာ (၄၅) ဦးအနက် (၄၂) ဦးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နယ်စပ်မှပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း သိရှိရပါသည်။












