
(၁၇-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၉၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၄၅) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၁) ဦးအနက် (၁၆) ဦး၊ (၅၁.၆) ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၁၅) ဦး၊ (၄၈.၄) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွားသူများ ဖြစ်ပါသည်။









