
ကိုဗစ် ၁၉ ရောဂါ စောင့်ကြပ်ကြည်မှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက်(၁၉-၂-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီ

ကိုဗစ် ၁၉ ရောဂါ စောင့်ကြပ်ကြည်မှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက်(၁၉-၂-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါနဆေးရုံ၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိရာ ယခုအခါမှာ(၁၂)ကြိမ်မြောက်အဖြစ် ကုသမှုကို မေလ ၂၃ ရက်မှ စတင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
(၁၂)ကြိမ်မြောက်အဖြစ် မျက်စိခွဲစိတ်ကုသမှုတွင် လူနာသစ်များကို လတ်တလောလက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ (၁၁)ကြိမ် မြောက်ခွဲစိတ်ကုသမှု ဆောင်ရွက်ချိန်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ခေတ္တရပ်နားခဲ့ရပြီး ယခုအချိန်မှာတော့ မျက်စိစမ်းသပ်စစ်ဆေးပြီး လူနာ ၂၀၀ ကျော်ရှိရာ ၎င်းတို့အား (၁၂)ကြိမ်မြောက်တွင် ပြန်လည် စစ်ဆေး ခွဲစိတ် ကုသပေးမှာဖြစ်ပါတယ်။



မေလ ၁၇ ရက် ည ၁၀ နာရီ ၂၆ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်းကြီးကျောင်းတိုက်အတွင်းမှာဖွင့်ထားတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲပြိုကျလာလို့ ဒုက္ခသည် ကလေးတဦးနဲ့ လူကြီးတဦး ပိမိခဲ့တယ်လို့သိရပါတယ်
လူမှုကူညီရေးအသင်းက ကြိုးစားကယ်ထုတ်ခဲ့ပေမဲ့ ကလေးကော လူကြီးပါ သေဆုံးသွားခဲ့တယ်လို့ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)က ထုတ်ပြန်ပါတယ်။
–

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း မေလ (၁၇) ရက် က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲကြိုတန်းများနှင့် ဘွဲလွန်တန်းများကို မေလ (၂၂) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မေလ (၂၂) ရက်မှ စတင်၍ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇွန် (၂) ရက်မှ စတင်၍ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြိုရှိ လေဆိပ်ကို ယခုလအတွင်း ပြန်ဖွင့်နိုင်ရန် ပြန်လည်ပြုပြင်နေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင်လည်း လားရှိး – မန္တလေး နှင့် လားရှိး – ရန်ကုန် စသည့် အသွားအပြန်ခရီးစဉ်များအတွက် လက်မှတ်များကို ကြိုတင်ရောင်းချနေမှုရှိနေကြောင်း ခရီးသွားလက်မှတ်ရောင်းချသည့် အေဂျင်စီများကလည်း ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလိ-မ်လ-ည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်၍ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့သော ပြည်ပနိုင်ငံသားများအနက် ပြည်ပနိုင်ငံသား (၃၃၆)ဦးကို ယနေ့ မေ ၁၃ ရက်က ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံသား(၃၅)ဦး၊ တောင်အာဖရိက နိုင်ငံသား(၁)ဦး၊ ဗီယက်နမ်နိုင်ငံသား(၂၁၁)ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား(၈၉)ဦး(စုစုပေါင်း ၃၃၆ ဦး)တို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ် ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်းကုန်စည်ပြပွဲ (THAI EXPO YANGON 2025)ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center(YCC)၌ ဇွန်လ ၆ ရက်မှ ၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

ကျောက်မီးသွေးနဲ့ အသုံးပြုရတဲ့ ရှေးဟောင်း ရေနွေးငွေ့စက်ခေါင်းမီးရထားကို မိုင် ၇၀ ခန့်သာရှိသော ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါခရီးစဉ်ဟာ အချိန် ၃ နာရီကြာမြင့်မှာဖြစ်သလို ကျောက်မီးသွေးတန်ချိန် ၃ တန်ခွဲ ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလို ပြေးဆွဲနိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောဘူတာရှိ ရေနွေးငွေ့စက်ခေါင်းသုံး ရှေးဟောင်းမီးရထားကို အတွင်းပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မီးရထားအမြင်တင့်တယ်စေရန်အတွက် ဆေးသုတ်ခြင်း များ ပြန်လည်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါ တစ်ခု ဖြစ်ပါတယ်။
အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့ လုံးဝ(လုံးဝ) ကူးစက်ခြင်းမရှိဘဲ မိမိတို့မွေးမြူထားသော ဝက်များကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားပါတယ်။