ျပည္သူ႔စစ္မႈထမ္းေဆာင္ရမည့္ အမည္စာရင္းတြင္ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္းၿခိမ္းေျခာက္၍ ေငြေၾကးလိမ္လည္ေတာင္းခံခဲ့သူမ်ား ဖမ္းဆီးရမိ

ျပည္သူ႔စစ္မႈထမ္းေဆာင္ရမည့္ အမည္စာရင္းတြင္ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္းၿခိမ္းေျခာက္၍ ေငြေၾကးလိမ္လည္ေတာင္းခံခဲ့သူမ်ား ဖမ္းဆီးရမိ
======================
ဇူလိုင္ ၁

ျပည္သူ႔စစ္မႈထမ္းေဆာင္ရမည့္ အမည္စာရင္းတြင္ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္းၿခိမ္းေျခာက္၍ ေငြေၾကးလိမ္လည္ေတာင္းခံခဲ့သည့္ျဖစ္စဥ္အား တာဝန္ရွိသူမ်ားကျဖစ္စဥ္အမွန္ ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ သကၤန္းကြၽန္းၿမိဳ႕နယ္ေန ေမာင္ၿငိမ္းခ်မ္းဦး(ဘ)ဦးေက်ာ္ေက်ာ္ဦး သည္ ဇြန္လ ၂၅ ရက္ေန႔တြင္ ေနအိမ္မွ ၎၏ အလုပ္သို႔သြားေရာက္စဥ္ မိသားစုႏွင့္အဆက္အသြယ္ျပတ္ေတာက္ခဲ့သျဖင့္၎၏မိသားစုက လူေပ်ာက္ေၾကာ္ျငာမ်ားကို ၎တို႔၏လူမႈကြန္ယက္မွတစ္ဆင့္ ျဖန႔္ေဝထုတ္ျပန္ခဲ့ေၾကာင္း ေတြ႕ရွိရသည္။

ဇြန္လ ၂၇ ရက္ေန႔ ေန႔လယ္ ၁ နာရီခန႔္တြင္ အမ်ိဳးသား တစ္ဦးက ၿငိမ္းခ်မ္းဦး၏ မိခင္ျဖစ္သူထံ ဖုန္းျဖင့္ဆက္သြယ္၍ “ၿငိမ္းခ်မ္းဦး အား ျပန္ေပးဆြဲထားေၾကာင္း၊မိခင္ျဖစ္သူႏွင့္ မိသားစုဝင္မ်ားက လူမႈကြန္ရက္ ေပၚတြင္ ပို႔စ္တင္ေရးသားထားသည့္လူေပ်ာက္ေၾကာ္ျငာသတင္းမ်ားအား ျပန္ဖ်က္ ေပးရမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းဦးအားျပန္လိုခ်င္ပါက ျပန္ေပးဆြဲေငြအေနျဖင့္ သိန္း ၁၀၀ က်ပ္အား ေပးရမည္ျဖစ္ၿပီးေငြလႊဲေပးရမည့္ ဘဏ္အေကာင့္အား ျပန္ေျပာေပးမည္” ဟု ေျပာဆိုလာေၾကာင္း သိရသည္။

ထို႔ေနာက္ ၿငိမ္းခ်မ္းဦး၏ ရည္းစားျဖစ္သူ ေဒါက္တာ ခိုင္ဆုရည္သည္ ၿငိမ္းခ်မ္းဦး၏အေဒၚျဖစ္သူထံသို႔ ဖုန္းျဖင့္ဆက္သြယ္၍ ၿငိမ္းခ်မ္းဦး၏မိခင္ျဖစ္သူသည္ က်န္းမာေရးမေကာင္း၍ ေဆးခန္းျပေနရသည္ဟု သတင္းၾကားသိရသျဖင့္ က်န္းမာေရးအေျခအေနအား စိုးရိမ္၍ ေမးျမန္းဆက္သြယ္လာခဲ့ေၾကာင္း သိရွိရသည္။

ထို႔ေၾကာင့္ အဆိုပါဆက္သြယ္လာေသာ ဖုန္းနံပါတ္မ်ားအား တာဝန္ရွိသူမ်ားက စစ္ေဆးခဲ့ရာ ေဒါက္တာခိုင္ဆုရည္ အမည္ျဖင့္ မွတ္ပုံတင္ထားေၾကာင္း စစ္ေဆးေတြ႕ရွိရၿပီး ေဒါက္တာခိုင္ဆုရည္ႏွင့္ ၿငိမ္းခ်မ္းဦးတို႔၏ ပတ္သက္ဆက္ႏြယ္မႈမ်ားႏွင့္ပတ္သက္၍ မသကၤာဖြယ္ရာ ကနဦးေတြ႕ရွိရသည္။

ဇြန္လ ၃၀ ရက္ နံနက္ ၇ နာရီခြဲခန႔္တြင္လည္း ဖုန္းျဖင့္ ၿငိမ္းခ်မ္းဦးမွအသံဖ်က္၍ ျပန္ေပးဆြဲသူအေယာင္ေဆာင္ကာ ထပ္မံဆက္သြယ္လာၿပီး “၎တို႔ထံပိုက္ဆံဘယ္ေတာ့လႊဲေပးမလဲ၊ အခ်ိန္ေပးထားတာ ၃ ရက္ရွိသြားၿပီျဖစ္ေၾကာင္း၊၎သည္ ေငြသားမလိုဘဲ KBZ Pay ျဖင့္သာ လိုခ်င္ေၾကာင္း၊ မလႊဲေပးပါက ၿငိမ္းခ်မ္းဦး သည္ ျပည္သူ႔စစ္မႈထမ္းေဆာင္ရမည့္စာရင္းထဲသို႔ ပါသြားမည္ျဖစ္ေၾကာင္း၊ ေငြက်ပ္သိန္း ၁၀၀ အား ၿငိမ္းခ်မ္းဦး၏ KBZ Pay အေကာင့္ထဲသို႔သာ လႊဲေပးရန္” ထပ္မံ ေျပာၾကားလာသျဖင့္ ၎အားဖမ္းဆီးရမိေရး လိုအပ္ေသာစစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ဇြန္လ ၃၀ ရက္ ေန႔လယ္ ၁၂ နာရီခန႔္တြင္ တာေမြၿမိဳ႕နယ္ရွိ ဟိုတယ္ တစ္ခုတြင္ၿငိမ္းခ်မ္းဦးႏွင့္ ေဒါက္တာ ခိုင္ဆုရည္ တို႔အားဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ၿငိမ္းခ်မ္းဦးအေနျဖင့္ ရည္းစားျဖစ္သူႏွင့္ အခ်ိန္ၾကာၾကာ ေတြ႕ဆုံႏိုင္ရန္အတြက္ ဇြန္ ၂၇ ရက္ေန႔ တြင္ မိသားစုႏွင့္ အဆက္အသြယ္ျဖတ္ေတာက္ကာ ယခုကဲ့သို႔ စဥ္းစားဆင္ျခင္ျခင္းမရွိဘဲ ၎အားျပန္ေပးဆြဲခံရသည္ဟု လိမ္လည္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ ဆိုခဲ့ၾကသျဖင့္ ၎တို႔အားတရားဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။


ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမည်စာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်းခြိမ်းခြောက်၍ ငွေကြေးလိမ်လည်တောင်းခံခဲ့သူများ ဖမ်းဆီးရမိ
======================
ဇူလိုင် ၁

ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမည်စာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်းခြိမ်းခြောက်၍ ငွေကြေးလိမ်လည်တောင်းခံခဲ့သည့်ဖြစ်စဉ်အား တာဝန်ရှိသူများကဖြစ်စဉ်အမှန် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်နေ မောင်ငြိမ်းချမ်းဦး(ဘ)ဦးကျော်ကျော်ဦး သည် ဇွန်လ ၂၅ ရက်နေ့တွင် နေအိမ်မှ ၎င်း၏ အလုပ်သို့သွားရောက်စဉ် မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်ခဲ့သဖြင့်၎င်း၏မိသားစုက လူပျောက်ကြော်ငြာများကို ၎င်းတို့၏လူမှုကွန်ယက်မှတစ်ဆင့် ဖြန့်ဝေထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် အမျိုးသား တစ်ဦးက ငြိမ်းချမ်းဦး၏ မိခင်ဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်၍ “ငြိမ်းချမ်းဦး အား ပြန်ပေးဆွဲထားကြောင်း၊မိခင်ဖြစ်သူနှင့် မိသားစုဝင်များက လူမှုကွန်ရက် ပေါ်တွင် ပို့စ်တင်ရေးသားထားသည့်လူပျောက်ကြော်ငြာသတင်းများအား ပြန်ဖျက် ပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းဦးအားပြန်လိုချင်ပါက ပြန်ပေးဆွဲငွေအနေဖြင့် သိန်း ၁၀၀ ကျပ်အား ပေးရမည်ဖြစ်ပြီးငွေလွှဲပေးရမည့် ဘဏ်အကောင့်အား ပြန်ပြောပေးမည်” ဟု ပြောဆိုလာကြောင်း သိရသည်။

ထို့နောက် ငြိမ်းချမ်းဦး၏ ရည်းစားဖြစ်သူ ဒေါက်တာ ခိုင်ဆုရည်သည် ငြိမ်းချမ်းဦး၏အဒေါ်ဖြစ်သူထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ငြိမ်းချမ်းဦး၏မိခင်ဖြစ်သူသည် ကျန်းမာရေးမကောင်း၍ ဆေးခန်းပြနေရသည်ဟု သတင်းကြားသိရသဖြင့် ကျန်းမာရေးအခြေအနေအား စိုးရိမ်၍ မေးမြန်းဆက်သွယ်လာခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် အဆိုပါဆက်သွယ်လာသော ဖုန်းနံပါတ်များအား တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ဒေါက်တာခိုင်ဆုရည် အမည်ဖြင့် မှတ်ပုံတင်ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဒေါက်တာခိုင်ဆုရည်နှင့် ငြိမ်းချမ်းဦးတို့၏ ပတ်သက်ဆက်နွယ်မှုများနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ ကနဦးတွေ့ရှိရသည်။

ဇွန်လ ၃၀ ရက် နံနက် ၇ နာရီခွဲခန့်တွင်လည်း ဖုန်းဖြင့် ငြိမ်းချမ်းဦးမှအသံဖျက်၍ ပြန်ပေးဆွဲသူအယောင်ဆောင်ကာ ထပ်မံဆက်သွယ်လာပြီး “၎င်းတို့ထံပိုက်ဆံဘယ်တော့လွှဲပေးမလဲ၊ အချိန်ပေးထားတာ ၃ ရက်ရှိသွားပြီဖြစ်ကြောင်း၊၎င်းသည် ငွေသားမလိုဘဲ KBZ Pay ဖြင့်သာ လိုချင်ကြောင်း၊ မလွှဲပေးပါက ငြိမ်းချမ်းဦး သည် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်စာရင်းထဲသို့ ပါသွားမည်ဖြစ်ကြောင်း၊ ငွေကျပ်သိန်း ၁၀၀ အား ငြိမ်းချမ်းဦး၏ KBZ Pay အကောင့်ထဲသို့သာ လွှဲပေးရန်” ထပ်မံ ပြောကြားလာသဖြင့် ၎င်းအားဖမ်းဆီးရမိရေး လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တာမွေမြို့နယ်ရှိ ဟိုတယ် တစ်ခုတွင်ငြိမ်းချမ်းဦးနှင့် ဒေါက်တာ ခိုင်ဆုရည် တို့အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းဦးအနေဖြင့် ရည်းစားဖြစ်သူနှင့် အချိန်ကြာကြာ တွေ့ဆုံနိုင်ရန်အတွက် ဇွန် ၂၇ ရက်နေ့ တွင် မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ ယခုကဲ့သို့ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ၎င်းအားပြန်ပေးဆွဲခံရသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထွက် ဆိုခဲ့ကြသဖြင့် ၎င်းတို့အားတရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။