အာဂ်င္တီးနားေဘာလုံး အ ေက်ာ္ အ ေမာ္ မက္ဆီ ရဲ႕ ႏႈတ္ဆက္ပြဲ

အာဂ်င္တီးနားေဘာလုံး အ ေက်ာ္ အ ေမာ္ မက္ဆီ ရဲ႕ ႏႈတ္ဆက္ပြဲ
====================
အာဂ်င္တီးနားေဘာလုံးအေက်ာ္အေမာ္ မက္ဆီရဲ႕ႏႈတ္ဆက္ပြဲကေတာ့ သြင္းဂိုး၊ ဂိုးဖန္တီးမႈေတြနဲ႔ အဆုံးသတ္ခဲ့ပါတယ္။ ဘီနင္နဲ႔ကစားတဲ့ ႏႈတ္ဆက္ေျခစမ္းပြဲမွာ မက္ဆီဟာ ပြဲအစအဆုံး ကစားခဲ့တာျဖစ္တယ္။ ပထမပိုင္းမွာေတာ့ မက္ဆီရဲ႕အာဂ်င္တီးနားအသင္း ဂိုးေပါက္မေတြ႕ဘဲ ၿပီးဆုံးခဲ့ရပါတယ္။ ဒုတိယပိုင္းမွာေတာ့ အာဂ်င္တီးနားအသင္းက သုံးဂိုးသြင္းၿပီး မက္ဆီရဲ႕ႏႈတ္ဆက္ပြဲကို လွလွပပ ၿပီးဆုံးေစခဲ့ပါတယ္။ မက္ဆီကလည္း တတိယေျမာက္ဂိုးျဖစ္ေစမယ့္ ပယ္နယ္တီကို ကိုယ္တိုင္ကန္သြင္းကာ ေအာ္တာမန္ဒီ၊ နီကိုပက္ဇ္တိုရဲ႕ဂိုးေတြကိုလည္း ဖန္တီးေပးခဲ့ပါတယ္။ မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ ႏိုင္ငံတကာပြဲ ၂၀၈ ပြဲ ကစားခဲ့ၿပီး ၁၂၆ ဂိုးနဲ႔ လက္ေ႐ြးစင္အသင္းစာမ်က္ႏွာ ပိတ္သိမ္းခဲ့ပါတယ္။
အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီ ရဲ့ နှုတ်ဆက်ပွဲ
====================
အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီရဲ့နှုတ်ဆက်ပွဲကတော့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဘီနင်နဲ့ကစားတဲ့ နှုတ်ဆက်ခြေစမ်းပွဲမှာ မက်ဆီဟာ ပွဲအစအဆုံး ကစားခဲ့တာဖြစ်တယ်။ ပထမပိုင်းမှာတော့ မက်ဆီရဲ့အာဂျင်တီးနားအသင်း ဂိုးပေါက်မတွေ့ဘဲ ပြီးဆုံးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားအသင်းက သုံးဂိုးသွင်းပြီး မက်ဆီရဲ့နှုတ်ဆက်ပွဲကို လှလှပပ ပြီးဆုံးစေခဲ့ပါတယ်။ မက်ဆီကလည်း တတိယမြောက်ဂိုးဖြစ်စေမယ့် ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းကာ အော်တာမန်ဒီ၊ နီကိုပက်ဇ်တိုရဲ့ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် နိုင်ငံတကာပွဲ ၂၀၈ ပွဲ ကစားခဲ့ပြီး ၁၂၆ ဂိုးနဲ့ လက်ရွေးစင်အသင်းစာမျက်နှာ ပိတ်သိမ်းခဲ့ပါတယ်။




