ရန္ကုန္-ေမာ္လၿမိဳင္ အဆန္ရထား စတင္ေျပးဆြဲ

ရန္ကုန္-ေမာ္လၿမိဳင္ အဆန္ရထား စတင္ေျပးဆြဲ
========================
ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္းပိုင္း၌ ဇူလိုင္ ၁ ရက္ မေန႔ကစတင္ၿပီး အမွတ္(၈၃) အဆန္ရထားစတင္ေျပးဆြဲၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကထုတ္ျပန္သည္။

အဆိုပါ အမွတ္ (၈၃) အဆန္ရထားမွာ ေခတ္မီ DEMU ရထားတြဲဆိုင္းမ်ားျဖစ္ၿပီး စတင္ေျပးဆြဲျခင္းဖြင့္ပြဲ ကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ဘူတာႀကီး အမွတ္ (၁) စႀကႍ၌ျပဳလုပ္ခဲ့သည္။

ရန္ကုန္-ေမာ္လၿမိဳင္ခရီးစဥ္တစ္ေလွ်ာက္ တိုးေၾကာင္ကေလး၊ ပဲခူး၊ သိမ္ဇရပ္၊ က်ိဳက္ထို၊ သထုံ၊ ေပါင္ အစရွိသည့္ဘူတာတို႔တြင္ ရပ္နားေပးမည္ျဖစ္ၿပီး ခရီးစဥ္အစမွအဆုံးထိေျပးဆြဲခ်ိန္ေျခာက္နာရီၾကာျမင့္ မည္ျဖစ္ေၾကာင္းသိရသည္။

DEMU ရထားတြဲဆိုင္းတစ္ဆိုင္းတြင္ အထက္တန္းႏွစ္တြဲ၊ ပထမတန္းေလးတြဲပါရွိၿပီး အထက္တန္းထိုင္ခုံ ၆၆ ခုံႏွင့္ ပထမတန္းထိုင္ခုံ ၂၂၄ ခုံ စုစုေပါင္းခရီးသည္ ၂၉၀ ဦးစီးနင္းလိုက္ပါႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

လက္မွတ္ခႏႈန္းထားမ်ားမွာ ခရီးစဥ္အစမွအဆုံးထိ အထက္တန္းအတြက္ ၂၂၀၀၀ က်ပ္ႏွင့္ ပထမတန္း အတြက္ ၁၆၀၀၀ က်ပ္သတ္မွတ္ထားၿပီး ရထားလက္မွတ္မ်ားကို Online Railways Ticketing and Payment System (ORTP) စနစ္ျဖင့္ အြန္လိုင္းမွတစ္ဆင့္ ခရီးစဥ္အစမွအဆုံးအတြက္ ခုနစ္ရက္ ႀကိဳတင္၍လည္းေကာင္း၊ ၾကားဘူတာမ်ားအတြက္ ငါးရက္ႀကိဳတင္၍ ဝယ္ယူႏိုင္ေၾကာင္းသိရသည္။

ရထားတြဲသစ္မ်ားျဖင့္ေျပးဆြဲေပးျခင္းမွာ အဆင္ေျပေသာ္လည္း လက္မွတ္ေမွာင္ခိုေရာင္းခ်ျခင္းႏွင့္ ORTP စနစ္အသုံးျပဳဝယ္ယူရာတြင္ နည္းပညာပိုင္းဆိုင္ရာအခက္အခဲမ်ားရွိေနသျဖင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စိစစ္ၾကပ္မတ္ေပးေစလိုေၾကာင္း ရထားစီးနင္းသူခရီးသည္မ်ားကေျပာသည္။


ရန်ကုန်-မော်လမြိုင် အဆန်ရထား စတင်ပြေးဆွဲ
========================
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၌ ဇူလိုင် ၁ ရက် မနေ့ကစတင်ပြီး အမှတ်(၈၃) အဆန်ရထားစတင်ပြေးဆွဲပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ပြန်သည်။

အဆိုပါ အမှတ် (၈၃) အဆန်ရထားမှာ ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြစ်ပြီး စတင်ပြေးဆွဲခြင်းဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံ၌ပြုလုပ်ခဲ့သည်။

ရန်ကုန်-မော်လမြိုင်ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင် အစရှိသည့်ဘူတာတို့တွင် ရပ်နားပေးမည်ဖြစ်ပြီး ခရီးစဉ်အစမှအဆုံးထိပြေးဆွဲချိန်ခြောက်နာရီကြာမြင့် မည်ဖြစ်ကြောင်းသိရသည်။

DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်းနှစ်တွဲ၊ ပထမတန်းလေးတွဲပါရှိပြီး အထက်တန်းထိုင်ခုံ ၆၆ ခုံနှင့် ပထမတန်းထိုင်ခုံ ၂၂၄ ခုံ စုစုပေါင်းခရီးသည် ၂၉၀ ဦးစီးနင်းလိုက်ပါနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်မှတ်ခနှုန်းထားများမှာ ခရီးစဉ်အစမှအဆုံးထိ အထက်တန်းအတွက် ၂၂၀၀၀ ကျပ်နှင့် ပထမတန်း အတွက် ၁၆၀၀၀ ကျပ်သတ်မှတ်ထားပြီး ရထားလက်မှတ်များကို Online Railways Ticketing and Payment System (ORTP) စနစ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ခရီးစဉ်အစမှအဆုံးအတွက် ခုနစ်ရက် ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများအတွက် ငါးရက်ကြိုတင်၍ ဝယ်ယူနိုင်ကြောင်းသိရသည်။

ရထားတွဲသစ်များဖြင့်ပြေးဆွဲပေးခြင်းမှာ အဆင်ပြေသော်လည်း လက်မှတ်မှောင်ခိုရောင်းချခြင်းနှင့် ORTP စနစ်အသုံးပြုဝယ်ယူရာတွင် နည်းပညာပိုင်းဆိုင်ရာအခက်အခဲများရှိနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကြပ်မတ်ပေးစေလိုကြောင်း ရထားစီးနင်းသူခရီးသည်များကပြောသည်။