ရန္ကုန္-မုံ႐ြာ ေလေၾကာင္းခရီးစဥ္အသစ္ ပ်ံသန္းမည္

ရန္ကုန္-မုံ႐ြာ ေလေၾကာင္းခရီးစဥ္အသစ္ ပ်ံသန္းမည္
=========================
အျပည္ျပည္ဆိုင္ရာ ျမန္မာ ေလေၾကာင္းလိုင္း(MAI) က ရန္ကုန္-မုံ႐ြာ ေလေၾကာင္းခရီးစဥ္အသစ္အားဇူလိုင္ ၁၆ ရက္မွ စတင္၍ ပ်ံသန္းေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ရန္ကုန္-မုံ႐ြာ ေလေၾကာင္း ခရီးစဥ္အသစ္ကို အပတ္စဥ္ အဂၤါႏွင့္ၾကာသပေတးေန႔တို႔တြင္ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္ျဖင့္ ပ်ံသန္း ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါခရီးစဥ္ႏွင့္ စပ္လ်ဥ္း၍ အေသးစိတ္သိရွိလိုပါက ဖုန္း-၉၇၈၇(သို႔) ၀၉-၈၈၀ ၄၄၃ ၇၈၇၊ အီးေမးလ္ Email.csc@maiair.aeroႏွင့္ သက္ဆိုင္ရာ Passenger Sales Agents မ်ားမွတစ္ဆင့္ ဆက္သြယ္ေမးျမန္းႏိုင္မည္ျဖစ္သည္။

လက္ရွိတြင္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားအား အေျချပဳ၍ MAIအေနျဖင့္ျပည္တြင္းခရီးစဥ္ ၁၆ ၿမိဳ႕ႏွင့္ ျပည္ပခရီးစဥ္မ်ား ၂၂ ၿမိဳ႕သို႔ ပ်ံသန္းေျပးဆြဲလ်က္ရွိသည့္ ျမန္မာႏိုင္ငံ၏ ေလေၾကာင္းလိုင္းတစ္ခုျဖစ္ၿပီး ထိုင္း၊ စင္ကာပူ၊ မေလးရွား၊တ႐ုတ္၊အိႏၵိယ၊ ယူေအအီး၊ ကေမာၻဒီးယား၊ ဗီယက္နမ္၊ ေတာင္ကိုရီးယား၊ ႐ုရွားႏွင့္ လာအိုႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာခရီးစဥ္မ်ားကို ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရသည္။


ရန်ကုန်-မုံရွာ လေကြောင်းခရီးစဉ်အသစ် ပျံသန်းမည်
=========================
အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း(MAI) က ရန်ကုန်-မုံရွာ လေကြောင်းခရီးစဉ်အသစ်အားဇူလိုင် ၁၆ ရက်မှ စတင်၍ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်-မုံရွာ လေကြောင်း ခရီးစဉ်အသစ်ကို အပတ်စဉ် အင်္ဂါနှင့်ကြာသပတေးနေ့တို့တွင် တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်နှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်း-၉၇၈၇(သို့) ၀၉-၈၈၀ ၄၄၃ ၇၈၇၊ အီးမေးလ် Email.csc@maiair.aeroနှင့် သက်ဆိုင်ရာ Passenger Sales Agents များမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့များအား အခြေပြု၍ MAIအနေဖြင့်ပြည်တွင်းခရီးစဉ် ၁၆ မြို့နှင့် ပြည်ပခရီးစဉ်များ ၂၂ မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊တရုတ်၊အိန္ဒိယ၊ ယူအေအီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် လာအိုနိုင်ငံများအပါအဝင် နိုင်ငံတကာခရီးစဉ်များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။