မိတၳီလာတြင္ ျပည္သူမ်ားထံမွ စစ္မႈထမ္းကိစၥျဖင့္ ေငြညႇစ္ေတာင္းခံသည္ဟုဆိုသူ ေလးဦး ဖမ္းဆီးစစ္ေဆးခံေနရ

မိတၳီလာတြင္ ျပည္သူမ်ားထံမွ စစ္မႈထမ္းကိစၥျဖင့္ ေငြညႇစ္ေတာင္းခံသည္ဟုဆိုသူ ေလးဦး ဖမ္းဆီးစစ္ေဆးခံေနရ
==========================
ဇူလိုင္ ၁
မႏၲေလးတိုင္းေဒသႀကီး မိတၳီလာၿမိဳ႕နယ္အတြင္း ျပည္သူမ်ားအား စစ္မႈထမ္းစာရင္းမွ ကင္းလြတ္ေစရန္ဟုဆိုကာ ေငြေၾကးအေျမာက္အမ်ား ေတာင္းခံခဲ့သည္ဟု စြပ္စြဲခံထားရသည့္ ေလးဦးကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ဇြန္လ ၃၀ ရက္ ညေနပိုင္းတြင္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသားမ်ားသည္ ေဒသခံျပည္သူအခ်ိဳ႕ကို စစ္မႈထမ္းကိစၥႏွင့္ပတ္သက္၍ ဖိအားေပးကာ ေငြေၾကးေတာင္းခံခဲ့သည္ဟု သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ သက္ဆိုင္ရာက အခ်ိန္အေတာ္ၾကာ စုံစမ္းစစ္ေဆးခဲ့ရာမွ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖမ္းဆီးခံထားရသူ ေလးဦးစလုံးကို အေသးစိတ္ စစ္ေဆးေမးျမန္းေနဆဲျဖစ္သျဖင့္ အမႈႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို တာဝန္ရွိသူမ်ားက ထုတ္ျပန္ထားျခင္း မရွိေသးေၾကာင္း သိရသည္။
အလားတူ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာ ၃၀ ရက္ကလည္း မိတၳီလာၿမိဳ႕နယ္ ဥယ်ာဥ္ေက်း႐ြာမွ စစ္မႈထမ္းေၾကး ေကာက္ခံခဲ့သည္ဟု စြပ္စြဲခံရသည့္ ရာအိမ္မႉးႏွစ္ဦးကို ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ ၂၆ အရ မိတၳီလာၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္တစ္ႏွစ္စီ ခ်မွတ္ခဲ့သည့္ ျဖစ္စဥ္ရွိခဲ့ေၾကာင္း သိရသည္။
အစိုးရကလည္း ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးႏွင့္ ပတ္သက္သည့္ မသမာမႈမ်ား၊ တိုင္ၾကားလိုသည့္ကိစၥမ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ား၏ ဆက္သြယ္ရန္ဖုန္းနံပါတ္မ်ားမွတစ္ဆင့္ သတင္းေပးပို႔ႏိုင္ေၾကာင္း အသိေပးထားၿပီး မမွန္မကန္တိုင္ၾကားမႈမ်ားကို စိစစ္ေဖာ္ထုတ္ကာ ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
မိတ္ထီလာတွင် ပြည်သူများထံမှ စစ်မှုထမ်းကိစ္စဖြင့် ငွေညှစ်တောင်းခံသည်ဟုဆိုသူ လေးဦး ဖမ်းဆီးစစ်ဆေးခံနေရ
==========================
ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း ပြည်သူများအား စစ်မှုထမ်းစာရင်းမှ ကင်းလွတ်စေရန်ဟုဆိုကာ ငွေကြေးအမြောက်အများ တောင်းခံခဲ့သည်ဟု စွပ်စွဲခံထားရသည့် လေးဦးကို သက်ဆိုင်ရာတာဝန်ရှိသူများက ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါအမျိုးသားများသည် ဒေသခံပြည်သူအချို့ကို စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ဖိအားပေးကာ ငွေကြေးတောင်းခံခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သက်ဆိုင်ရာက အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူ လေးဦးစလုံးကို အသေးစိတ် စစ်ဆေးမေးမြန်းနေဆဲဖြစ်သဖြင့် အမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကလည်း မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာမှ စစ်မှုထမ်းကြေး ကောက်ခံခဲ့သည်ဟု စွပ်စွဲခံရသည့် ရာအိမ်မှူးနှစ်ဦးကို ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၆ အရ မိတ္ထီလာမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
အစိုးရကလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်သည့် မသမာမှုများ၊ တိုင်ကြားလိုသည့်ကိစ္စများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များမှတစ်ဆင့် သတင်းပေးပို့နိုင်ကြောင်း အသိပေးထားပြီး မမှန်မကန်တိုင်ကြားမှုများကို စိစစ်ဖော်ထုတ်ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။



