၂၀၂၆ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္မႈရာခိုင္ႏႈန္း ၅၂ ဒသမ ၃၇ ရာခိုင္ႏႈန္းရွိ၊ မႏၲေလးတိုင္း ေအာင္ျမင္မႈအမ်ားဆုံးရရွိ

၂၀၂၆ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္မႈရာခိုင္ႏႈန္း ၅၂ ဒသမ ၃၇ ရာခိုင္ႏႈန္းရွိ၊ မႏၲေလးတိုင္း ေအာင္ျမင္မႈအမ်ားဆုံးရရွိ
======================
၂၀၂၆ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို ဇြန္လ ၂၈ ရက္ နံနက္ပိုင္းတြင္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။
ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲမ်ားကို ၿပီးခဲ့သည့္ မတ္လအတြင္း က်င္းပခဲ့ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၊ ႏိုင္ငံျခားစာစစ္ဌာနမ်ားအပါအဝင္ စာစစ္ဌာနေပါင္း ၈၈၇ ခု၌ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၂၅၅,၂၂၈ ဦး ဝင္ေရာက္ေျဖဆိုခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲကို စာစစ္ဌာန ၄၁ ခုတြင္ က်င္းပခဲ့ၿပီး ေျဖဆိုသူ ၃,၃၆၄ ဦးရွိခဲ့သည္။
ေအာင္စာရင္းထုတ္ျပန္ခ်က္မ်ားအရ မႏၲေလးတိုင္းေဒသႀကီးသည္ တစ္ႏိုင္ငံလုံးတြင္ ေအာင္ျမင္မႈအမ်ားဆုံးရရွိခဲ့ၿပီး ဝင္ေရာက္ေျဖဆိုသူ ၄၅,၆၃၅ ဦးအနက္ ၂၈,၃၉၃ ဦး ေအာင္ျမင္ခဲ့ကာ ေအာင္ျမင္မႈရာခိုင္ႏႈန္း ၆၂ ဒသမ ၂၂ ရာခိုင္ႏႈန္း ရရွိခဲ့သည္။
ပဲခူးတိုင္းေဒသႀကီး (အေနာက္ပိုင္း) သည္ ဝင္ေရာက္ေျဖဆိုသူ ၁၁,၈၆၆ ဦးအနက္ ၇,၀၇၂ ဦး ေအာင္ျမင္ခဲ့ၿပီး ေအာင္ျမင္မႈရာခိုင္ႏႈန္း ၅၉ ဒသမ ၆ ရာခိုင္ႏႈန္းျဖင့္ ဒုတိယအမ်ားဆုံးေအာင္ျမင္ခဲ့သည္။
ရန္ကုန္တိုင္းေဒသႀကီးတြင္ ဝင္ေရာက္ေျဖဆိုသူ ၄၆,၈၈၉ ဦးရွိသည့္အနက္ ၂၃,၂၀၃ ဦး ေအာင္ျမင္ခဲ့ၿပီး ေအာင္ျမင္မႈရာခိုင္ႏႈန္း ၄၉ ဒသမ ၄၈ ရာခိုင္ႏႈန္း ရရွိခဲ့ေၾကာင္း သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၂၀၂၆ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူ ၂၅၅,၂၂၈ ဦးအနက္ ၁၃၃,၆၇၃ ဦး ေအာင္ျမင္ခဲ့ၿပီး ေအာင္ျမင္မႈရာခိုင္ႏႈန္းမွာ ၅၂ ဒသမ ၃၇ ရာခိုင္ႏႈန္းရွိေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕ရွိ အင္းစိန္အက်ဥ္းေထာင္ မွ ဝင္ေရာက္ေျဖဆိုခဲ့သည့္ အက်ဥ္းသားႏွင့္ အက်ဥ္းသူ ၃၆ ဦးစလုံး ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့ၿပီး (၃)ဘာသာဂုဏ္ထူးရွင္ ၁ ဦး၊ (၂)ဘာသာဂုဏ္ထူးရွင္ ၁ ဦး၊ (၁)ဘာသာဂုဏ္ထူးရွင္ ၅ ဦးရွိခဲ့ကာ က်န္ ၂၉ ဦးမွာ ႐ိုး႐ိုးေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲတြင္လည္း ဝင္ေရာက္ေျဖဆိုသူ ၃,၃၆၄ ဦးအနက္ ၁,၆၇၄ ဦး ေအာင္ျမင္ခဲ့ၿပီး ေအာင္ျမင္မႈရာခိုင္ႏႈန္း ၄၉ ဒသမ ၇ ရာခိုင္ႏႈန္း ရရွိခဲ့ေၾကာင္း သိရသည္။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိ၊ မန္တလေးတိုင်း အောင်မြင်မှုအများဆုံးရရှိ
======================
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ပြီးခဲ့သည့် မတ်လအတွင်း ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ နိုင်ငံခြားစာစစ်ဌာနများအပါအဝင် စာစစ်ဌာနပေါင်း ၈၈၇ ခု၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၅,၂၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄၁ ခုတွင် ကျင်းပခဲ့ပြီး ဖြေဆိုသူ ၃,၃၆၄ ဦးရှိခဲ့သည်။
အောင်စာရင်းထုတ်ပြန်ချက်များအရ မန္တလေးတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင် အောင်မြင်မှုအများဆုံးရရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ၄၅,၆၃၅ ဦးအနက် ၂၈,၃၉၃ ဦး အောင်မြင်ခဲ့ကာ အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ ၂၂ ရာခိုင်နှုန်း ရရှိခဲ့သည်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သည် ဝင်ရောက်ဖြေဆိုသူ ၁၁,၈၆၆ ဦးအနက် ၇,၀၇၂ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၉ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးအောင်မြင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဝင်ရောက်ဖြေဆိုသူ ၄၆,၈၈၉ ဦးရှိသည့်အနက် ၂၃,၂၀၃ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၄၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၂၅၅,၂၂၈ ဦးအနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင် မှ ဝင်ရောက်ဖြေဆိုခဲ့သည့် အကျဉ်းသားနှင့် အကျဉ်းသူ ၃၆ ဦးစလုံး ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး (၃)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၅ ဦးရှိခဲ့ကာ ကျန် ၂၉ ဦးမှာ ရိုးရိုးအောင်မြင်ခဲ့ကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ဝင်ရောက်ဖြေဆိုသူ ၃,၃၆၄ ဦးအနက် ၁,၆၇၄ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။



