ထီလက္မွတ္အတုျဖင့္ ဆုေငြက်ပ္လိမ္လည္ထုတ္ယူမႈျဖစ္ပြား

ထီလက္မွတ္အတုျဖင့္ ဆုေငြက်ပ္လိမ္လည္ထုတ္ယူမႈျဖစ္ပြား
===========================

ထီလက္မွတ္အတုျဖင့္ ထီဆိုင္သုံးဆိုင္မွေငြက်ပ္လိမ္လည္ထုတ္ယူမႈ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳနယ္၌ျဖစ္ပြားခဲ့ေၾကာင္း POWER ဟုအမည္ရသည့္ထီဆိုင္က ၎တို၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ အသိေပးေရးသားထားသည္။

အမ်ိဳးသမီးတစ္ဦးသည္ ေနျပည္ေတာ္ရွိမိုးယံထီဆိုင္မွ ထီလက္မွတ္ႏွစ္ေစာင္ထိုးထားရာ ယခုလေအာက္တိုဘာ ၁ ရက္တြင္ဖြင့္လွစ္သည့္ (၉၁) ႀကိမ္ေျမာက္ ေအာင္ဘာေလထီလက္မွတ္မ်ားထဲမွ က်ပ္သိန္း ၅၀ ဆုေပါက္သျဖင့္ ျပင္ဦးလြင္ၿမိဳနယ္သီရိပေဒသာကားႀကီးကြင္း Ev station ေရွ႕တြင္ဖြင့္လွစ္ထားသည့္ POWER ထီဆိုင္ႀကီး၌ ေအာက္တိုဘာ ၃ ရက္၊ ညေနပိုင္းကလာေရာက္ထုတ္ယူျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ POWER ထီဆိုင္မွ ထီလက္မွတ္အားစစ္ေဆးျခင္း၊ ဖုန္းနံပါတ္ႏွင့္ မွတ္ပုံတင္မိတၱဴေတာင္းယူျခင္း၊ မွတ္တမ္းဓာတ္ပုံ႐ိုက္ကူးျခင္းတို ျပဳလုပ္ၿပီးေနာက္ ဆုေငြက်ပ္သိန္း ၅၀ ထုတ္ေပးခဲ့ေၾကာင္းသိရသည္။

ထိုျပင္ ျပင္ဦးလြင္ၿမိဳနယ္ရွိ မိုးယံထီဆိုင္ႏွင့္ျမတံခြန္ထီဆိုင္မ်ားတြင္လည္း ၁၀ သိန္းဆုမ်ားလိမ္လည္ထုတ္ယူသြားေၾကာင္း အဆိုပါ POWER ထီဆိုင္သိုဆက္သြယ္ေျပာဆိုလာသည့္အတြက္ ေအာက္တိုဘာ ၃ ရက္က အမ်ိဳးသမီးတစ္ဦးလာေရာက္ထုတ္ယူသည့္ သိန္း(၅၀)ဆု ဇ ၇၅၁၅၈၃ ထီလက္မွတ္အား ေသခ်ာစြာစစ္ေဆးရာထီလက္မွတ္အတုျဖစ္ေနေၾကာင္း POWER ထီဆိုင္ႀကီး (ျပင္ဦးလြင္) မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“လက္ရွိရဲစခန္းမွာအမႈဖြင့္ထားပါတယ္။ သူ႔ရဲ႕နာမည္နဲ႔ဖုန္းနံပါတ္ေတြကလည္း လူလိမ္ဆိုေတာ့ အမွန္ေတြမေပးသြားဘူး။ ဆက္သြယ္လိုလည္းမရေတာ့ပါဘူး” ဟု ၎က ေျပာသည္။

ထီလက္မွတ္အတုျပဳလုပ္လိမ္လည္သူမ်ားမွာ အုပ္စုဖြဲလိမ္လည္ျခင္းျဖစ္ ေၾကာင္း၊ လက္ရွိတြင္ထီလက္မွတ္အတုျဖင့္ ဆုေငြထုတ္ယူသူအမ်ိဳးသမီးအား သက္ဆိုင္ရာရဲစခန္းတြင္အမႈဖြင့္ထားေၾကာင္းသိရသည္။


ထီလက်မှတ်အတုဖြင့် ဆုငွေကျပ်လိမ်လည်ထုတ်ယူမှုဖြစ်ပွား
===========================

ထီလက်မှတ်အတုဖြင့် ထီဆိုင်သုံးဆိုင်မှငွေကျပ်လိမ်လည်ထုတ်ယူမှု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုနယ်၌ဖြစ်ပွားခဲ့ကြောင်း POWER ဟုအမည်ရသည့်ထီဆိုင်က ၎င်းတို၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

အမျိုးသမီးတစ်ဦးသည် နေပြည်တော်ရှိမိုးယံထီဆိုင်မှ ထီလက်မှတ်နှစ်စောင်ထိုးထားရာ ယခုလအောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်သည့် (၉၁) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်များထဲမှ ကျပ်သိန်း ၅၀ ဆုပေါက်သဖြင့် ပြင်ဦးလွင်မြိုနယ်သီရိပဒေသာကားကြီးကွင်း Ev station ရှေ့တွင်ဖွင့်လှစ်ထားသည့် POWER ထီဆိုင်ကြီး၌ အောက်တိုဘာ ၃ ရက်၊ ညနေပိုင်းကလာရောက်ထုတ်ယူခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ POWER ထီဆိုင်မှ ထီလက်မှတ်အားစစ်ဆေးခြင်း၊ ဖုန်းနံပါတ်နှင့် မှတ်ပုံတင်မိတ္တူတောင်းယူခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို ပြုလုပ်ပြီးနောက် ဆုငွေကျပ်သိန်း ၅၀ ထုတ်ပေးခဲ့ကြောင်းသိရသည်။

ထိုပြင် ပြင်ဦးလွင်မြိုနယ်ရှိ မိုးယံထီဆိုင်နှင့်မြတံခွန်ထီဆိုင်များတွင်လည်း ၁၀ သိန်းဆုများလိမ်လည်ထုတ်ယူသွားကြောင်း အဆိုပါ POWER ထီဆိုင်သိုဆက်သွယ်ပြောဆိုလာသည့်အတွက် အောက်တိုဘာ ၃ ရက်က အမျိုးသမီးတစ်ဦးလာရောက်ထုတ်ယူသည့် သိန်း(၅၀)ဆု ဇ ၇၅၁၅၈၃ ထီလက်မှတ်အား သေချာစွာစစ်ဆေးရာထီလက်မှတ်အတုဖြစ်နေကြောင်း POWER ထီဆိုင်ကြီး (ပြင်ဦးလွင်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိရဲစခန်းမှာအမှုဖွင့်ထားပါတယ်။ သူ့ရဲ့နာမည်နဲ့ဖုန်းနံပါတ်တွေကလည်း လူလိမ်ဆိုတော့ အမှန်တွေမပေးသွားဘူး။ ဆက်သွယ်လိုလည်းမရတော့ပါဘူး” ဟု ၎င်းက ပြောသည်။

ထီလက်မှတ်အတုပြုလုပ်လိမ်လည်သူများမှာ အုပ်စုဖွဲလိမ်လည်ခြင်းဖြစ် ကြောင်း၊ လက်ရှိတွင်ထီလက်မှတ်အတုဖြင့် ဆုငွေထုတ်ယူသူအမျိုးသမီးအား သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်ထားကြောင်းသိရသည်။