နည္းျပ ဂ်ီးဇက္စ္ဟာ ကတိစကားကို ေဖာက္ဖ်က္ခဲ့တယ္လို႔ စီေရာ္နယ္လ္ဒို ထုတ္ျပန္

နည္းျပ ဂ်ီးဇက္စ္ဟာ ကတိစကားကို ေဖာက္ဖ်က္ခဲ့တယ္လို႔ စီေရာ္နယ္လ္ဒို ထုတ္ျပန္
=====================
ေပၚတူဂီအသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုက လက္ေ႐ြးစင္အသင္းနည္းျပ ေဟာ္ေဟဂ်ီးဇက္စ္ဟာ ကတိစကားကို ေဖာက္ဖ်က္ခဲ့တယ္လို႔ ဆိုရွယ္မီဒီယာမွာတုံ႔ျပန္ခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းမွာ ဆက္လက္ကစားမယ့္အေၾကာင္း စာလုံးေရ ၂၀၀၀ နီးပါးပါဝင္တဲ့ ေၾကညာခ်က္ကို ထုတ္ျပန္ရာမွာ ထည့္သြင္းေရးသားခဲ့တာျဖစ္တယ္။
၎က ေပၚတူဂီအသင္းရဲ႕ အေရးယူမႈကို အလိုရွိေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။
နည္းျပျဖစ္သူကို ေတာင္းပန္ျခင္းမရွိခဲ့ဘဲ ေပၚတူဂီအသင္းေဖာ္ေတြကို ေတာင္းပန္စကားဆိုခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုကို ေနာ္ေဝ(ပထမအေက်ာ့)၊ ဒိန္းမတ္ပြဲေတြမွာ အနားေပးမယ္လို ဂ်ီးဇက္စ္က ေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့ ေနာ္ေဝနဲ႔ကစားမယ့္ ပြဲေန႔မွာ မိနစ္ ၃၀ ကစားခြင့္ရမယ္လို နည္းျပျဖစ္သူက စီေရာ္နယ္လ္ဒိုကို အသိေပးခဲ့ပါတယ္။
ယင္းကိစၥနဲ႔ပတ္သက္ၿပီး စီေရာ္နယ္လ္ဒိုက ”ကြၽန္ေတာ့္ကို အနားေပးခဲ့တယ္ဆိုတာ လူတိုင္းသိပါတယ္။ ပထမပိုင္းၿပီးခ်ိန္မွာေတာင္ ကြၽန္ေတာ္ ေသြးပူေလ့က်င့္ခန္း လုပ္ေနခဲ့တယ္။ ပြဲကို ေစာင့္ၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို မေခၚခဲ့ပါဘူး။ မန္ေနဂ်ာက ကြၽန္ေတာ့္ကို သူေျပာခဲ့တဲ့စကားေတြကို ေဖာက္ဖ်က္ခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။
ဒါ့အျပင္ ဒိန္းမတ္နဲ႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဂ်ီးဇက္စ္ ေျပာခဲ့တာေတြက သီးသန႔္ေဆြးေႏြးမႈ အေၾကာင္းအရာေတြျဖစ္လို႔ စီေရာ္နယ္လ္ဒိုက ေဝဖန္ျပစ္တင္ခဲ့ပါတယ္။
နည်းပြ ဂျီးဇက်စ်ဟာ ကတိစကားကို ဖောက်ဖျက်ခဲ့တယ်လို့ စီရော်နယ်လ်ဒို ထုတ်ပြန်
===================
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက လက်ရွေးစင်အသင်းနည်းပြ ဟော်ဟေဂျီးဇက်စ်ဟာ ကတိစကားကို ဖောက်ဖျက်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာတုံ့ပြန်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းမှာ ဆက်လက်ကစားမယ့်အကြောင်း စာလုံးရေ ၂၀၀၀ နီးပါးပါဝင်တဲ့ ကြေညာချက်ကို ထုတ်ပြန်ရာမှာ ထည့်သွင်းရေးသားခဲ့တာဖြစ်တယ်။
၎င်းက ပေါ်တူဂီအသင်းရဲ့ အရေးယူမှုကို အလိုရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
နည်းပြဖြစ်သူကို တောင်းပန်ခြင်းမရှိခဲ့ဘဲ ပေါ်တူဂီအသင်းဖော်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။
စီရော်နယ်လ်ဒိုကို နော်ဝေ(ပထမအကျော့)၊ ဒိန်းမတ်ပွဲတွေမှာ အနားပေးမယ်လို ဂျီးဇက်စ်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ နော်ဝေနဲ့ကစားမယ့် ပွဲနေ့မှာ မိနစ် ၃၀ ကစားခွင့်ရမယ်လို နည်းပြဖြစ်သူက စီရော်နယ်လ်ဒိုကို အသိပေးခဲ့ပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး စီရော်နယ်လ်ဒိုက ”ကျွန်တော့်ကို အနားပေးခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ ပထမပိုင်းပြီးချိန်မှာတောင် ကျွန်တော် သွေးပူလေ့ကျင့်ခန်း လုပ်နေခဲ့တယ်။ ပွဲကို စောင့်ကြည့်နေခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို မခေါ်ခဲ့ပါဘူး။ မန်နေဂျာက ကျွန်တော့်ကို သူပြောခဲ့တဲ့စကားတွေကို ဖောက်ဖျက်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒိန်းမတ်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂျီးဇက်စ် ပြောခဲ့တာတွေက သီးသန့်ဆွေးနွေးမှု အကြောင်းအရာတွေဖြစ်လို့ စီရော်နယ်လ်ဒိုက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။




