ဓာတ္ေျမဩဇာမ်ား ေစ်းႏႈန္းသက္သာစြာ ဝယ္ယူႏိုင္ေရး သမဝါယမစနစ္ျဖင့္ ေရာင္းခ်ေပးေန

ဓာတ္ေျမဩဇာမ်ား ေစ်းႏႈန္းသက္သာစြာ ဝယ္ယူႏိုင္ေရး သမဝါယမစနစ္ျဖင့္ ေရာင္းခ်ေပးေန
======================
ေတာင္သူလယ္သမားမ်ား လယ္ယာလုပ္ငန္းခြင္တြင္ စိုက္ပ်ိဳးေရးအထြက္ႏႈန္း တိုးတက္လာၿပီး ဝင္ေငြပိုမိုရရွိေစရန္ လိုအပ္သည့္ ဓာတ္ေျမဩဇာမ်ားကို ေဈးႏႈန္းသက္သာစြာ ဝယ္ယူႏိုင္ေရးအတြက္ သမဝါယမစနစ္ျဖင့္ စုေပါင္းဝယ္ယူကာ စုေပါင္းျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသိုက္စိုးက ေျပာၾကားသည္။

အဆိုပါေျပာၾကားခ်က္ကို ဇူလိုင္ ၃ ရက္က က်င္းပသည့္ တတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယပုံမွန္အစည္းအေဝး (၁၂) ရက္ေျမာက္ေန႔တြင္ ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ အမွတ္ (၁၁) ဦးစိန္လြင္ဦး၏ ေမးခြန္းကို ျပန္လည္ေျဖၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

မိုးညႇင္းၿမိဳ႕နယ္ရွိ ေတာင္သူလယ္သမားမ်ား စပါးအထြက္ႏႈန္းတိုးတက္ေစေရးႏွင့္ ၿမိဳ႕နယ္၏ စပါးအထြက္ႏႈန္း ေလ်ာ့က်မသြားေစေရးအတြက္ ဓာတ္ေျမဩဇာမ်ားကို အစိုးရ၏ သက္သာသည့္ႏႈန္းထားျဖင့္ ေရာင္းခ်ေပးႏိုင္ျခင္း ရွိ၊ မရွိႏွင့္စပ္လ်ဥ္း၍ ေမးျမန္းခဲ့ရာ ဒုတိယဝန္ႀကီးက ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဒုတိယဝန္ႀကီး၏ ေျပာၾကားခ်က္အရ ယူရီးယားေျမဩဇာ ဝယ္ယူျဖန႔္ျဖဴးေရာင္းခ်ေရး ဦးေဆာင္ေကာ္မတီသည္ ရန္ကုန္အထိုင္ ရည္ၫႊန္းေဈးကို အေျခခံကာ သယ္ယူပို႔ေဆာင္ေရးစရိတ္ႏွင့္ တင္ခ်ခမ်ားကို ထည့္သြင္းတြက္ခ်က္ၿပီး သက္ဆိုင္ရာေဒသမ်ားအေရာက္ ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ဦးေဆာင္ေကာ္မတီအေနျဖင့္ ဓာတ္ေျမဩဇာမ်ား၏ အရည္အေသြး မွန္ကန္မႈ၊ သိုေလွာင္ေဈးကစားမႈ ရွိ၊ မရွိတို႔ကိုလည္း အနီးကပ္ႀကီးၾကပ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီး ဦးသိုက္စိုးက ေျပာၾကားခဲ့သည္။
#Popular


ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး သမဝါယမစနစ်ဖြင့် ရောင်းချပေးနေ
======================
တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်လာပြီး ဝင်ငွေပိုမိုရရှိစေရန် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်းဝယ်ယူကာ စုပေါင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားသည်။

အဆိုပါပြောကြားချက်ကို ဇူလိုင် ၃ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးစိန်လွင်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် မြို့နယ်၏ စပါးအထွက်နှုန်း လျော့ကျမသွားစေရေးအတွက် ဓာတ်မြေဩဇာများကို အစိုးရ၏ သက်သာသည့်နှုန်းထားဖြင့် ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီသည် ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို အခြေခံကာ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် တင်ချခများကို ထည့်သွင်းတွက်ချက်ပြီး သက်ဆိုင်ရာဒေသများအရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဦးဆောင်ကော်မတီအနေဖြင့် ဓာတ်မြေဩဇာများ၏ အရည်အသွေး မှန်ကန်မှု၊ သိုလှောင်ဈေးကစားမှု ရှိ၊ မရှိတို့ကိုလည်း အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားခဲ့သည်။
#Popular