ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ စတုတၳအႀကိမ္ပါတီညီလာခံ ( ၂၀၂၆ ) တြင္ေျပာၾကားခဲ့သည့္ ပါတီဥကၠ႒သစ္၏ ႏႈတ္ခြန္းဆက္အမွာစကား

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ စတုတၳအႀကိမ္ပါတီညီလာခံ ( ၂၀၂၆ ) တြင္ေျပာၾကားခဲ့သည့္ ပါတီဥကၠ႒သစ္၏ ႏႈတ္ခြန္းဆက္အမွာစကား

အားလုံးပဲ မဂၤလာပါခင္ဗ်ား –

ယေန႔က်င္းပျပဳလုပ္ေနတဲ့ စတုတၳအႀကိမ္ ပါတီညီလာခံ(၂၀၂၆) ကို တက္ေရာက္ခ်ီးျမႇင့္ၾကတဲ့ သဘာပတိအဖြဲ႕ဝင္မ်ား၊ ညီလာခံကိုယ္စား လွယ္မ်ားနဲ႔ ဧည့္သည္ေတာ္မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ဥကၠ႒မ်ားနဲ႔ ကိုယ္စားလွယ္မ်ား၊ ပါတီဝင္မ်ား၊ သတင္းမီဒီယာမ်ားအားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ၊ ခ်မ္းသာ၊ ေအာင္ျမင္၊ ေအးခ်မ္းၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္ ႏႈတ္ခြန္း ဆက္သအပ္ပါတယ္။

စတုတၳအႀကိမ္ပါတီညီလာခံ(၂၀၂၆) က ကြၽန္ေတာ့္ကို ပါတီဥကၠ႒ အျဖစ္ ထပ္မံေ႐ြးခ်ယ္တင္ေျမာက္ေပးခဲ့တဲ့ ႀကီးၾကပ္မႈဗဟိုေကာ္မတီ၊ ေ႐ြးခ်ယ္တင္ေျမႇာက္ေရးေကာ္မရွင္ ဥကၠ႒ နဲ႔ အဖြဲ႕ဝင္မ်ား၊ ကိုယ္စားျပဳ ဝိုင္းဝန္း ေထာက္ခံခဲ့ၾကတဲ့ ပါတီလုပ္ေဖာ္ကိုင္ဖက္မ်ား အားလုံးကို အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားလိုပါတယ္ခင္ဗ်ား။

ကြၽန္ေတာ့္ကို ယုံၾကည္စြာ အပ္ႏွင္းခဲ့တဲ့ တာဝန္ဝတၱရားေတြအေပၚမွာ ႏိုင္ငံေရးအျမင္၊ စီးပြားေရးအျမင္၊ လူမႈေရးအျမင္၊ စည္း႐ုံးေရးအျမင္၊ ႏိုင္ငံတကာ ဆက္ဆံေရး အျမင္ေတြနဲ႔ ေပါင္းစပ္ၿပီး အေကာင္းဆုံး ႀကိဳးစား ေဆာင္႐ြက္သြားပါ့မယ္။

ကြၽန္ေတာ္တို႔ ပါတီကို အနာဂတ္မွာ ေခတ္မီၿပီး ျပည္သူကိုအေျချပဳေသာ ႏိုင္ငံေရးပါတီ Modern People Centered Political Party ျဖစ္ေအာင္ ခ်စ္ခင္ေလးစားရတဲ့ ပါတီလုပ္ေဖာ္ ကိုင္ဖက္ေတြနဲ႔အတူ လက္တြဲၿပီး ဦးလည္မသုန္ စြမ္းအားကုန္ တာဝန္ ထမ္းေဆာင္သြားမွာျဖစ္ေၾကာင္း ဒီညီလာခံခန္းမႀကီးထဲမွာ ရွိေနၾကတဲ့ ပါတီအႀကီးအကဲမ်ားနဲ႔ ပါတီဝင္အားလုံးရဲ႕ေရွ႕ေမွာက္မွာ ကြၽန္ေတာ္ ျဖတ္သန္းခဲ့တဲ့ ႏိုင္ငံေရး အေတြ႕အႀကဳံ နဲ႔ ႏိုင္ငံေရးသိကၡာကို အေျချပဳၿပီး ရဲဝံ့စြာ ကတိျပဳအပ္ပါေၾကာင္း ေျပာၾကားလိုပါတယ္ ခင္ဗ်ား။

ညီလာခံကိုယ္စားလွယ္မ်ားခင္ဗ်ား-

ကြၽန္ေတာ္တို႔တေတြ ဒီေန႔၊ ဒီေနရာမွာ ဆုံစည္းေနၾကတာဟာ သာမန္ ေတြ႕ဆုံ စည္းေဝးေနၾကတာမဟုတ္ဘဲ အတိတ္ကာလျဖတ္သန္း ခဲ့တဲ့ (၅)ႏွစ္တာ ကာလအတြင္း အေတြ႕အႀကဳံမ်ားကို ျပန္လည္သုံးသပ္ ၿပီး ေအာင္ျမင္ခဲ့တာေတြကို ခိုင္ခန႔္ေအာင္ ဆက္လက္ တည္ေဆာက္ အားနည္းခ်က္ေတြကို ေဖာ္ထုတ္ ျပဳျပင္ၿပီး ပါတီရဲ႕အနာဂတ္ ခရီးသစ္ကို စတင္မဲ့ သမိုင္းဝင္ေန႔တစ္ေန႔ လို႔လည္း ဆိုရမွာျဖစ္ပါတယ္။

လြန္ခဲ့ေသာ(၅)ႏွစ္တာကာလဟာ ပါတီကိုရည္႐ြယ္ေမွ်ာ္မွန္းခ်က္ ေတြနဲ႔အညီ ပုံသြင္းတည္ေဆာက္ခဲ့တဲ့ ကာလလို႔ေတြးဆမယ္ဆိုရင္ လာမဲ့ေရွ႕အနာဂတ္(၅)ႏွစ္တာ ကာလဟာ ပါတီရဲ႕ ႏိုင္ငံေရးတာဝန္ကို ပိုမိုျမင့္မားေသာအဆင့္သို႔ တက္လွမ္းရမဲ့ေန႔ရက္ေတြ ျဖစ္တယ္လို႔ မွတ္ယူရမွာျဖစ္ပါတယ္။

ညီလာခံကိုယ္စားလွယ္မ်ားခင္ဗ်ား-

ဒီေန႔မွာ ဒီပါတီရဲ႕ဥကၠ႒သစ္တစ္ဦးအေနနဲ႔ အခ်ိန္အရ ေရွ႕ဆက္ လက္ေဆာင္႐ြက္ရမဲ့ လုပ္ငန္းစီမံခ်က္အက်ဥ္းခ်ဳပ္ကို တင္ျပသြားမွာ ျဖစ္ပါတယ္။ သို႔ေသာ္ အတိတ္၊ ပစၥဳပန္၊ အနာဂတ္ တစ္ဆက္တစ္ဆက္ တည္း စဥ္းစားမွသာ ပိုမိုသေဘာေပါက္ႏိုင္မွာ ျဖစ္ပါတယ္။

ပထမဦးဆုံး အခ်က္အေနနဲ႔ အတိတ္ကာလကိုေလးစားၿပီး သင္ခန္းစာယူၾကဖို႔ ဆိုတဲ့အခ်က္နဲ႔ စတင္ခ်င္ပါတယ္။

လြန္ခဲ့တဲ့(၅)ႏွစ္တာကာလကို ျပန္လည္ငဲ့ေစာင္း ၾကည့္လိုက္ရင္ လြယ္ကူ ေခ်ာေမြ႕တဲ့လမ္းကို ကြၽန္ေတာ္တို႔ ေလွ်ာက္ခဲ့ၾကရတာ မဟုတ္ပါဘူး။ စိန္ေခၚမႈေတြ၊ အႏၲရာယ္ေတြၾကားကေန ႏိုင္ငံေတာ္ အဖြဲ႕အစည္း အသီးသီးနဲ႔ အမာခံပါတီဝင္ေတြ၊ ခ်စ္ေသာ ျပည္သူေတြနဲ႔ အတူ လက္တြဲရင္း ေရွ႕သို႔တစ္လွမ္းခ်င္း ေခါင္းဝင္ကိုယ္ဆန႔္ ထိုးေဖာက္ ခဲ့ၾကရတာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ကာလ ေဆာင္႐ြက္ခဲ့တဲ့ စီမံခ်က္ေတြထဲမွာ-

– ပါတီရဲ႕ေရရွည္/ေရတိုရည္မွန္းခ်က္ေတြကို သတ္မွတ္ခဲ့ၾကတယ္။

– လုပ္ငန္းလမ္းၫႊန္ခ်က္ေတြကို အေသးစိတ္ခ်မွတ္ခဲ့ၾကတယ္။

– အလုပ္သမား၊ လယ္သမား ၊ လူငယ္၊ အမ်ိဳးသမီး၊ မသန္စြမ္း၊ အသိပညာရွင္ အတတ္ပညာရွင္ အပါအဝင္ လူတန္းစား အလႊာ အသီးသီးသို႔ ထိုးေဖာက္ စည္း႐ုံးႏိုင္ေအာင္ CEC, EC, တာဝန္ခံေတြေပးၿပီး စည္း႐ုံးရင္း အေ႐ြ႕တစ္ခုျဖစ္ေအာင္ တြန္းပို႔ခဲ့ၾကတယ္။

– ပါတီဝင္ေဟာင္းနဲ႔ ပါတီကင္းကြာေတြကို ျပန္လည္စုစည္းခဲ့ၾက ၿပီး ပါတီဝင္သစ္ေတြကို ထပ္မံစုေဆာင္းကာ ေပါင္းစပ္ အင္အားစုေတြ ျဖစ္ေစခဲ့ပါတယ္။

– ႏိုင္ငံတကာဆက္ဆံေရးကို တိုးျမႇင့္ျဖန႔္က်က္ခဲ့ၿပီး မီဒီယာနဲ႔ ျပည္သူ႔ဆက္ဆံေရးကို အေလးေပးအာ႐ုံ စိုက္ခဲ့ၾကတယ္။

ပါတီရဲ႕အင္အားဟာ ပါတီ႐ုံးအတြင္းမွသာ ေဘာင္ခတ္ထားတာ မဟုတ္ပဲ ျပည္သူထဲသို႔ ေရာက္ေအာင္တြန္းပို႔တဲ့ စနစ္တစ္ရပ္ ထူေထာင္ ရပါမယ္။ ၿပီးခဲ့တဲ့ မိန႔္ခြန္း(၂)ခုမွာ လြန္ခဲ့တဲ့(၅) ႏွစ္တာ ေဆာင္႐ြက္ခ်က္ အေသးစိတ္ကို ကိန္းဂဏန္းေတြနဲ႔တကြ တင္ျပၿပီး ျဖစ္လို႔ အၾကမ္းဖ်ဥ္း ေလာက္သာတင္ျပျခင္း ျဖစ္ပါတယ္။

ညီလာခံကိုယ္စားလွယ္မ်ားခင္ဗ်ား
[9/20/2026 4:14 PM] Tun Htet Oo: ကြၽန္ေတာ္တင္ျပၿပီးျဖစ္တဲ့ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးလမ္းျပ ေျမပုံကို အနီးစပ္ဆုံး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့လို႔ ၂၀၂၅ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီးမွာ ပါတီအေနနဲ႔ အေရးပါေသာ ရလဒ္တစ္ခုကို ရရွိခဲ့ပါတယ္။ ဒီရလဒ္ဟာ ကြၽန္ေတာ္တို႔ အားလုံးအတြက္ ဝမ္းေျမာက္ႏိုင္ေစတဲ့ ရလဒ္တစ္ခုျဖစ္ ေစတယ္လို႔ ဆိုႏိုင္သလို ပိုမိုႀကီးေလးတဲ့တာဝန္ေတြကို ေပးအပ္လိုက္ျခင္း ျဖစ္တယ္ လို႔လည္း ဆိုရမွာပါ။
[9/20/2026 4:10 PM] Union Solidarity And Development Party: ေ႐ြးေကာက္ပြဲတစ္ခု ၿပီးေျမာက္ေအာင္ျမင္ျခင္း သည္ ႏိုင္ငံေရးပါတီတစ္ခုအတြက္ ထာဝရ အလုပ္ၿပီးဆုံးသြားျခင္း မဟုတ္ဘဲ ေနာင္အနာဂတ္ လုပ္ငန္းတာဝန္ေတြရဲ႕ အစသာျဖစ္တယ္ လို႔ဆိုရမွာ ျဖစ္တယ္။

မဲဆႏၵရွင္တစ္ဦးက မဲေပးေ႐ြးခ်ယ္လိုက္ျခင္းသည္ ႏိုင္ငံေရးပါတီ တစ္ခုကို အခြင့္အာဏာေပးအပ္ျခင္းမဟုတ္ပဲ ေမွ်ာ္လင့္ခ်က္ေပးျခင္း လည္း ျဖစ္ပါတယ္။ မဲတစ္ျပားခ်င္းစီရဲ႕ ေနာက္ကြယ္မွာ မဲဆႏၵရွင္ ျပည္သူတစ္ဦးခ်င္းစီရဲ႕ ေမွ်ာ္လင့္ခ်က္၊ အနာဂတ္နဲ႔ ဆႏၵေတြ တြဲလ်က္ ပါေနပါတယ္။

ဒါေၾကာင့္ျပည္သူေပးတဲ့ ယုံၾကည္မႈကို ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံေရးအရည္အေသြးနဲ႔ ျပန္လည္သက္ေသျပရမွာပဲ ျဖစ္ပါတယ္။

ျပည္သူကေပးတဲ့ ေမွ်ာ္လင့္ခ်က္ကို လက္ေတြ႕ရလဒ္မ်ားနဲ႔ ျပန္လည္ ျဖည့္ဆည္း ၾကရမွာျဖစ္ပါတယ္။ ဒါဟာအတိတ္သင္ခန္းစာအေပၚ ကြၽန္ေတာ္ရဲ႕ သုံးသပ္ခ်က္ပဲျဖစ္ပါတယ္ ခင္ဗ်ား။
ညီလာခံကိုယ္စားလွယ္မ်ားခင္ဗ်ား-

ဒုတိယအခ်က္အေနနဲ႔ ပါတီရဲ႕ အနာဂတ္လုပ္ငန္းစဥ္ အေၾကာင္း အက်ဥ္းမွ် တင္ျပလိုပါတယ္။ အနာဂတ္ခရီးမွာ အေရးႀကီးတဲ့ အခ်က္က ျပည္သူ႔ယုံၾကည္မႈကို အမိအရတည္ေဆာက္ဖို႔ ျဖစ္ပါတယ္။

ႏိုင္ငံေရးပါတီတစ္ခုရဲ႕ အင္အားဟာ ပါတီဝင္အင္အားေတြ၊ ပါတီ႐ုံးေတြရဲ႕ အေရအတြက္နဲ႔ တိုင္းတာတာထက္ ျပည္သူေတြက ကြၽန္ေတာ္တို႔ကို ဘယ္ေလာက္အထိ ယုံၾကည္မႈရွိတယ္ဆိုတဲ့အခ်က္နဲ႔ တိုင္းတာရမွာ ျဖစ္ပါတယ္။ အင္အားႀကီးပါတီမွ ပိုမိုအရည္အေသြး ျမင့္မားေသာ ပါတီအျဖစ္သို႔ ေျပာင္းလဲရမွာ ျဖစ္ပါတယ္။

ဒီလိုဆိုရင္ အရည္အေသြးျမင့္မားတဲ့ ႏိုင္ငံေရးပါတီဆိုတာ ဘယ္လိုပါလဲဆိုရင္ ဒီပါတီဟာ ျပည္သူ႔အသံကို နားေထာင္ႏိုင္ရမယ္၊ ျပည္သူ႔လိုအပ္ခ်က္ကို နားလည္ႏိုင္ရမယ္၊ ျပည္သူ႔ဆႏၵကို မူဝါဒအျဖစ္ ေျပာင္းလဲ ေဖာ္ေဆာင္ႏိုင္ရမယ္၊ ေဆာင္႐ြက္ေပးရမဲ့ အခ်က္ေတြကို ႏိုင္ငံေတာ္အစိုးရအဖြဲ႕ ၊ လႊတ္ေတာ္အပါအဝင္ ဆက္စပ္အဖြဲ႕အစည္းေတြ နဲ႔ ေပါင္းစပ္ညႇိႏႈိင္းၿပီး အေ႐ြ႕ရွိတဲ့ရလဒ္ျဖစ္ေအာင္ ေဆာင္႐ြက္ႏိုင္ရမည္ ဆိုတဲ့ လမ္းေၾကာင္းကသာ ျပည္သူ႔ယုံၾကည္မႈကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။ ႏိုင္ငံေရးပါတီတစ္ရပ္ဟာ ေ႐ြးေကာက္ပြဲရွိကာမွ ျပည္သူနဲ႔ ထိေတြ႕ဆက္ဆံၾကတဲ့ အဖြဲ႕အစည္းမ်ိဳး မျဖစ္ေစဘဲ ေ႐ြးေကာက္ပြဲရွိသည္ ျဖစ္ေစ၊ မရွိသည္ ျဖစ္ေစ ျပည္သူ႔လိုအင္ဆႏၵေတြကို ေလ့လာၿပီး ေပါင္းစပ္ကူညီေျဖရွင္းေပးႏိုင္တဲ့ Policy Party မ်ိဳး ျဖစ္ရပါမယ္။

ဒါေၾကာင့္ အေျခခံက်တဲ့ ၿမိဳ႕နယ္႐ုံး ေတြမွာ People Help Desk လို႔ေခၚတဲ့ ျပည္သူ႔အကူအညီေပးေရးေနရာေတြ ယခင္ကြၽန္ေတာ္ သုံးႏႈန္းခဲ့တဲ့ ဆုံဆည္းရာ ဆိုတဲ့ ေနရာေတြမ်ိဳး သတ္မွတ္ၿပီး ျပည္သူနဲ႔ ထိေတြ႕ႏိုင္ေအာင္ လမ္းေၾကာင္းဖြင့္ထား ေပးရပါမယ္။ ကြၽန္ေတာ္တို႔ ပါတီ႐ုံး အခ်ိဳ႕မွာ ျပည္သူအကူအညီေပးေရး လႊတ္ေတာ္ကိုယ္စားလွယ္႐ုံး ေတြဖြင့္ထားၿပီး ျဖစ္လို႔ တဆက္တစပ္တည္း ဆက္စပ္ေဆာင္႐ြက္သြား ဖို႔လိုတယ္။ ယခင္ကာလေတြက သိသာတဲ့ အေ႐ြ႕မျဖစ္ခဲ့လို ဒီတစ္ႀကိမ္ မွာေတာ့ ပီပီျပင္ျပင္ေဆာင္႐ြက္သြားၾကဖို႔ အထူးအေလးထား တိုက္တြန္း လိုပါတယ္။

ညီလာခံကိုယ္စားလွယ္ႀကီးမ်ားခင္ဗ်ား-

ေရွ႕(၅)ႏွစ္တာကာလမွာ ပါတီရဲ႕ေရွ႕လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီး အဓိကဦးတည္ရမဲ့ နယ္ပယ္ေတြအျဖစ္ လြန္ခဲ့တဲ့(၅)ႏွစ္အေတြ႕အႀကဳံ ေတြေပၚမွာအေျခခံၿပီး ပိုမိုျပည္စုံလာေအာင္ တိုးခ်ဲ႕ေဆာင္႐ြက္ သြားရ မွာျဖစ္ပါတယ္။ အဲဒီနယ္ပယ္ေတြကေတာ့

–      လယ္ယာက႑နဲ႔ ေက်းလက္ေဒသဖြံၿဖိဳးေရး။
–      ျပည္တြင္း/ျပည္ပ အလုပ္သမားမ်ားနဲ႔ အလုပ္အကိုင္ အခြင့္ အလမ္း တိုးတက္ေရး။

–      လူငယ္က႑ ဖြံၿဖိဳးတိုးတက္ေရး နဲ႔ မ်ိဳးဆက္သစ္လူငယ္ ေခါင္းေဆာင္မ်ား ေလ့က်င့္ပ်ိဳးေထာင္ေပးေရး။

–      အမ်ိဳးသမီးက႑ဖြံၿဖိဳးတိုးတက္ေရး နဲ႔ မ်ိဳးဆက္သစ္ အရည္ အခ်င္းျပည့္ဝတဲ့ အမ်ိဳးသမီးေခါင္းေဆာင္မ်ား ေလ့က်င့္ ပ်ိဳးေထာင္ေပးေရး။

–      မသန္းစြမ္းသူမ်ားရဲ႕ အခန္းက႑ကို ကူညီေျဖရွင္းေပးေရး။

–      နည္းပညာအေျချပဳ ဆက္သြယ္ေရးလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ ေရး။

–      ပါတီဝင္မ်ား စည္းကမ္းေကာင္း၍ စည္းလုံးညီၫြတ္မႈကို ခိုင္မာ စြာ တည္ေဆာက္ေရး။

–      အေျခခံလူထု လူတန္းစားအလႊာအတြင္း စိမ့္ဝင္တိုးေပါက္ စည္း႐ုံးေရးလုပ္ငန္းမ်ား ပီျပင္ထိေရာက္စြာ ေဆာင္႐ြက္ေရး။

–      အသက္အ႐ြယ္၊ က်ား/မ၊ ပညာရွင္ႏွင့္ ႏိုင္ငံေရး၊ စီးပြားေရး ကြၽမ္းက်င္သူမ်ား အပါအဝင္ အလႊာက႑စုံသို စည္း႐ုံးေရး လုပ္ငန္း ပိုမိုပီျပင္ေစေရး။

–      အမ်ိဳးသားရင္ၾကားေစ့ေရးႏွင့္ ၿငိမ္းခ်မ္းေရးကို အေထာက္အကူ ျပဳႏိုင္ရန္ သီးျခားအဖြဲမ်ား ဖြဲစည္း၍ ႏိုင္ငံေတာ္နဲ႔အတူ ထိေရာက္စြာ ပူးေပါင္း ေဆာင္႐ြက္ေရး။
–      သဘာဝ ပတ္ဝန္းက်င္ထိမ္းသိန္းေရး လုပ္ငန္းစဥ္ေတြမွာ ထိေရာက္စြာ ပါဝင္ေရး။

–      ဥပေဒျပဳေရးလုပ္ငန္းစဥ္၊ လႊတ္ေတာ္နဲ႔ အစိုးရအဖြဲအစည္းမ်ား အတြက္ အရည္အခ်င္းျပည့္ဝသူမ်ားကို ျပဳစုပ်ိဳးေထာင္ေပးေရး။

–      မူးယစ္ေဆးဝါး၊ လူကုန္ကူးမႈ၊ လူေမွာင္ခိုမႈႏွင့္ အြန္လိုင္း ေလာင္းကစားမႈမ်ားတိုက္ ဖ်က္ေရးလုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ ကူညီေဆာင္႐ြက္ႏိုင္ေရး။

–      ျပည္သူ႔လူထုလုံၿခဳံေရးႏွင့္အေျခခံစားဝတ္ေနေရး လိုအပ္ခ်က္ ေတြ အေပၚ အေလးထားကူညီေပးေရး။

–      ျမန္မာ့နည္း ျမန္မာ့ဟန္ နဲ႔ ျပည္တြင္း တည္ဆဲဥပေဒမ်ားကို မထိခိုက္ေစဘဲ အာဆီယံေဒသတြင္း ႏိုင္ငံမ်ားပါဝင္ဖြဲစည္း ထားသည့္ ASEAN Inter-Parliamentary Assembly(AIPA) ႐ုံးခ်ဳပ္နဲ႔ အဖြဲဝင္ႏိုင္ငံမ်ား၊ Inter-Parliamentary Union (IPU) ႐ုံးခ်ဳပ္နဲ႔ အဖြဲဝင္ႏိုင္ငံမ်ား၊ International Conference of Asian Political Parties (ICAPP) ႐ုံးခ်ဳပ္နဲ႔ အဖြဲဝင္ ႏိုင္ငံမ်ားမွ ပါတီမ်ား အပါအဝင္ ႏိုင္ငံတကာပါတီ/ အဖြဲ အစည္းမ်ားနဲ႔ ထိေတြ႕ဆက္ဆံေရး လုပ္ငန္းစဥ္ေတြကို ယခုအေျခအေနထက္ပိုၿပီး နယ္ပယ္ခ်ဲ႕ထြင္ တိုးခ်ဲ႕ေဆာင္႐ြက္ သြားမွာ ျဖစ္ပါတယ္။

–      ေနာက္ဆုံးအခ်က္ကေတာ့ ေခတ္မီ၍ ျပည္သူကို အေျချပဳ ေသာ ႏိုင္ငံေရးပါတီ (Modern People Centered Political
Party) ျဖစ္ေရး တိုျဖစ္ပါတယ္။
ပါတီညီလာခံကိုယ္စားလွယ္မ်ားခင္ဗ်ား-

တတိယအခ်က္ အေနနဲ႔ မဲဆႏၵနယ္ေျမသည္ ပါတီ၏ အေျခခံ အင္အား ျဖစ္ေရး ဆိုတဲ့အခ်က္ကို အျပည့္အဝ အေကာင္အထည္ ေဖာ္မွာ ျဖစ္ပါတယ္။

ပါတီတစ္ရပ္အေနနဲ႔ သက္ဆိုင္ရာ ကိုယ္စားျပဳ မဲဆႏၵနယ္ေျမ အလိုက္ ပါတီကိုဝန္းရံ ေထာက္ခံၾကတဲ့ အေျခခံအင္အားစုေတြ စဥ္ဆက္ မျပတ္ တိုးပြားေနေစေရးအတြက္  ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ ႏိုင္ငံေရးလုပ္ငန္းစဥ္တိုင္းဟာ ပါတီ႐ုံးဝန္းထဲမွာပဲ ၿပီးဆုံးေနတာ မဟုတ္ဘဲ မဲဆႏၵနယ္ေတြကို စဥ္ဆက္မျပတ္ ကြင္းဆင္းထိေတြ႕ ဆက္ဆံျခင္းကသာ အႏွစ္သာရ ျဖစ္ပါတယ္။ ေဒသခံ အလႊာစုံ၊ လူတန္းစားမ်ိဳးစုံ ျပည္သူေတြနဲ႔ ပုံမွန္ေတြ႕ ဆုံျခင္း၊ Town Hall Meeting ေတြ၊ စကားဝိုင္းေတြ၊ လဘက္ရည္ၾကမ္းဝိုင္း ေတြ႕ဆုံမႈေတြ ျပဳလုပ္ျခင္း၊ ႏိုင္ငံေတာ္၏ မူဝါဒဆိုင္ရာ သိသင့္ေသာ  ေဆာင္ရန္/ေရွာင္ရန္ လုပ္ငန္းစဥ္မ်ားအတြက္ ေဟာေျပာပြဲမ်ား ျပဳလုပ္ျခင္း   ရပ္ေရး/႐ြာေရး လူမႈေရးကိစၥတိုင္းမွာ ပါဝင္ကူညီ ေဆာင္႐ြက္ျခင္း စတာေတြကို ျပဳလုပ္ၿပီး ျပည္သူ႔အသံနဲ႔ ျပည္သူ႔ဆႏၵေတြကို နားေထာင္ရင္းျဖင့္ “မဲဆႏၵနယ္ေျမ ကို ျပည့္ဝစြာ ဝန္ေဆာင္မႈေပးတဲ့ ယဥ္ေက်းမႈ” (Constituency Service Culture) မ်ား တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။

ဆက္လက္ၿပီး စတုတၳအခ်က္ အေနနဲ႔ လူငယ္/အမ်ိဳးသမီးမ်ား က႑ ဖြံၿဖိဳးတိုးတက္ေရးနဲ႔  အနာဂတ္မ်ိဳးဆက္သစ္မ်ား ေလ့က်င့္ ပ်ိဳးေထာင္ေရးကို ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့(၅)ႏွစ္တာ ကာလမွာ အထိုက္အေလ်ာက္ေအာင္ျမင္ခဲ့တဲ့ ပါတီဝင္သစ္စုေဆာင္းေရး အစိမ္းေရာင္စီမံခ်က္ကို ပိုမိုအေသးစိတ္ၿပီး ဖိဖိစီးစီး ဆက္လက္ေဖာ္ေဆာင္သြားမွာျဖစ္ပါတယ္။  မိမိပါတီဝင္ လူငယ္ေတြ နဲ႔ အသစ္စုစည္းရရွိတဲ့ လူငယ္ေတြကို အရည္အခ်င္း အရည္အေသြးလိုက္ ေ႐ြးထုတ္ၿပီး ႏိုင္ငံေရးပညာ ၊ စီးပြားေရးပညာ၊ မူဝါဒေရးဆြဲမႈ၊ ေခါင္းေဆာင္မႈ၊ ႏိုင္ငံတကာဆက္ဆံေရး၊ Digital Technology ၊ Public Communication စတာေတြကို ေလ့က်င့္ သင္ၾကားၿပီး ပါတီအမာခံေကဒါေတြ ေလ့က်င့္ေမြးျမဴေရး လုပ္ငန္းစဥ္ေတြကို လုပ္ငန္းစဥ္ ကို ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

အလားတူပဲ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံ့လူဦးေရရဲ႕ ထက္ဝက္ေက်ာ္ဟာ အမ်ိဳးသမီး အင္အားစုေတြျဖစ္လို တိုင္းျပည္ အတြက္ အေရးပါတဲ့ စြမ္းအားရွင္ လုပ္သားထု Work Force တစ္ခု ျဖစ္ေနတာကို အေလးထားၿပီး   အမ်ိဳးသမီးေတြကို ဆုံးျဖတ္ခ်က္ ခ်မွတ္ သူ၊ မူဝါဒေရးဆြဲသူ၊ လႊတ္ေတာ္ နဲ႔ အစိုးရအဖြဲအစည္း အသီးသီးမွာ အရည္အခ်င္းျပည့္ဝစြာတာဝန္ယူႏိုင္သူ၊ ပါတီကို လက္ဆင့္ကမ္း အေမြအျဖစ္ ထိန္းသိမ္းႏိုင္သူေတြျဖစ္ေအာင္ ဦးတည္ ေလ့က်င့္ေပးရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္အမ်ိဳးသမီးက႑မွာလဲ ပါတီဝင္ နဲ႔ စုေဆာင္း ရရွိတဲ့ ပါတီဝင္အသစ္ေတြကို အရည္အခ်င္း၊ အရည္အေသြး စိစစ္ေ႐ြးခ်ယ္ၿပီး အနာဂတ္အတြက္ အစီအမံေတြ ခ်မွတ္သြားရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ Youth Leadership Program နဲ႔ Women Leadership Program တိုကိုလည္း Time Frame ေတြခ်မွတ္ၿပီး စနစ္တက်ေရးဆြဲ အေကာင္အထည္ ေဖာ္သြားမွာျဖစ္ပါတယ္။
ပၪၥမအခ်က္ အေနနဲ႔ ပါတီတြင္းစည္းလုံးညီၫြတ္မႈကို ခိုင္မာစြာ တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။၊
ပါတီတစ္ရပ္အတြက္ အႀကီးမားဆုံးအင္အားဟာ စည္းလုံး ညီၫြတ္မႈပဲ ျဖစ္ပါတယ္။ စည္းလုံးညီၫြတ္မႈကို ၿပိဳကြဲေစတဲ့ ျပဳမူ ေဆာင္႐ြက္ခ်က္ေတြကို အသိ၊ သတိ၊ ပါတီခ်စ္စိတ္နဲ႔ ထိန္းသိမ္းၾကဖို လိုပါတယ္။၊ အျမင္မတူတာဟာ အဖြဲအစည္းတိုင္းမွာ ရွိႏိုင္ပါတယ္။ ကိုယ္ခ်င္းစာ နားလည္မႈအေပၚမွာ အေျခခံၿပီး တူညီတာေတြေပါင္းစပ္လို တစ္ခုတည္းေသာ ဦးတည္ခ်က္ကို စိုက္လိုက္မတ္တပ္ စုေပါင္း ဦးတည္သြားၾကရမွာ ျဖစ္ပါတယ္။

ပါတီစည္းကမ္းထိန္းသိမ္းေရးအဖြဲရဲ႕ လုပ္ပိုင္ခြင့္ကိုလည္း အဓိက ထား ျမႇင့္တင္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပါတီအတြင္းမွာ စည္းကမ္း (Discipline)၊ အဖြဲအစည္းစိတ္ဓာတ္ (Organizational Sprit)၊  အမ်ား ဆႏၵ နဲ႔ ေဆာင္႐ြက္ျခင္း (Democracy) နဲ႔ တာဝန္ယူ တာဝန္ခံမႈရွိျခင္း (Accountability) တိုကို အေျခခံၿပီး ဆက္လက္ တည္ေဆာက္ သြားမွာျဖစ္ပါတယ္။
ဆဌမအခ်က္အေနနဲ႔ ေခတ္မီ၍ ျပည္သူကို အေျချပဳေသာ ႏိုင္ငံေရးပါတီ “Modern People Centered  Political Party” ကို တစ္ဆင့္ခ်င္း တည္ေဆာက္ေရး ျဖစ္ပါတယ္။
ကေန႔ကမာၻႀကီးဟာ အခ်ိန္နဲ႔အမွ်အလြန္လ်င္ျမန္စြာ ေျပာင္းလဲ တိုးတက္ လ်က္ရွိပါတယ္။ ေနရာတိုင္းမွာ Digital Technology , Artificial Intelligence (AI), Social Media, Data Based System စတဲ့စနစ္ေတြဟာ ကြၽန္ေတာ္တို ႏိုင္ငံေရးပါတီေတြရဲ႕ မူဝါဒ၊ လုပ္ငန္းစဥ္၊ အစီအမံေတြအေပၚ ေျပာင္းလဲ႐ိုက္ခတ္ေနပါတယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္ တိုဟာ ေခတ္နဲ႔အညီ ေခတ္မီတဲ့ ႏိုင္ငံေရးပါတီတစ္ရပ္အျဖစ္ က႑စုံ၊ ေထာင့္ေပါင္းစုံ၊ ပညာရွင္စုံ နဲ႔ ထိေတြ႕၊ သင္ယူ၊ ျပဳျပင္၊ ေျပာင္းလဲ၊ သင္ၾကား၊ ေလ့က်င့္၊ တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။

ညီလာခံ ကိုယ္စားလွယ္မ်ားခင္ဗ်ား-

ပါတီရဲ႕ လုပ္ငန္းစီမံခ်က္ကို အရွိန္အဟုန္နဲ႔ ေဆာင္႐ြက္ႏိုင္ဖို အတြက္ အစပ်ိဳးတဲ့အေနနဲ႔ ၂၀၂၆ ေအာက္တိုဘာလ (၁)ရက္ေန႔မွ ဒီဇင္ဘာလ (၃၁)ရက္ေန႔အထိ အက်ဳံးဝင္မဲ့ ရက္(၉၀)စီမံခ်က္ကိုလည္း ခ်မွတ္ အေကာင္အထည္ေဖာ္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ (၁)ႏွစ္ စီမံခ်က္၊ (၅)ႏွစ္စီမံခ်က္ေတြကို ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားဖို အစီအမံမ်ား ႀကိဳတင္ေရးဆြဲထားၿပီး ျဖစ္ပါတယ္။

ကြၽန္ေတာ္တင္ျပခဲ့တဲ့ ပါတီရဲ႕ေရွ႕လုပ္ငန္းစဥ္၊ လုပ္ငန္းအစီအမံ တစ္ခုခ်င္းအေပၚမွာ လက္ေတြ႕က်တဲ့အေသးစိတ္လုပ္ငန္းစဥ္မ်ားလည္း ေရးဆြဲထားၿပီး ျဖစ္ပါတယ္။

ေစာေစာပိုင္းက တင္ျပခဲ့တဲ့ အဓိကျပဳ ေဆာင္႐ြက္သြားမည့္ မ႑ိဳင္တစ္ခုစီတိုင္းကို  အခ်ိန္ကန႔္သတ္ခ်က္အရ အားလုံးကို မတင္ျပေတာ့ပဲ အခ်ိဳကိုသာ ထုတ္ႏုတ္တင္ျပရျခင္း ျဖစ္ပါတယ္။ စီမံခ်က္တိုင္းဟာ မူဝါဒေကာင္းေပမဲ့ အေကာင္အထည္ ေဖာ္ႏိုင္မႈအပိုင္းမွာ ခ်ိဳယြင္းအားနည္းခ်က္ေတြ ရွိတတ္တာေၾကာင့္ ကြၽန္ေတာ္တိုရဲ႕လုပ္ငန္း အစီအမံတစ္ခုခ်င္းစီကို စစ္ေဆး ၾကပ္မတ္ ဖိုအတြက္  KPI (Key Performance Indicator) “ေအာင္ျမင္မႈ တိုင္းတာခ်က္”ေတြကို အမွတ္ေပးစနစ္ နဲ႔ စနစ္တက် ေအာင္ျမင္ေအာင္ အေလးထား စိစစ္တြန္းအားေပး ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။
ညီလာခံကိုယ္စားလွယ္မ်ား ခင္ဗ်ား-

နိဂုံးခ်ဳပ္အေနနဲ႔ အစမွာ ကြၽန္ေတာ္ေျပာခဲ့သလို ဒီေန႔ဟာ ကြၽန္ေတာ္တို ပါတီရဲ႕ အနာဂတ္ခရီးသစ္ကို စတင္တဲ့ ေန႔ျဖစ္ပါတယ္။

ဒီေန႔မွာ အတိတ္ကာလ သင္ခန္းစာေတြကို အေျဖရွာေဖာ္ထုတ္မႈေတြ တေပြ႕တပိုက္ႀကီးရခဲ့ၿပီးျဖစ္သလို အနာဂတ္ခရီးအတြက္လည္း ျပင္ဆင္ ေဆာင္႐ြက္ထားၾကၿပီး ျဖစ္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ ကြၽန္ေတာ္ ေျပာခ်င္တဲ့ စကားစုေတြကို ထုတ္ႏႈတ္စုစည္းတင္ျပရရင္ ဒီေန႔ ဒီေနရာကေန –

–        ပိုမိုခိုင္မာ ျပည္ျမန္မာ ျဖစ္ထြန္းေပၚေပါက္ ေစေရးအတြက္ ေကာင္းေသာ အနာဂတ္ကို ယုံၾကည္မႈ အျပည့္နဲ႔ ရင္ဆိုင္ ေက်ာ္လႊား သြားၾကဖို စုေပါင္း သံႏၷိ႒ာန္ ခ်မွတ္ရပါမယ္။

–        ဒါ့အျပင္ ကြၽန္ေတာ္တိုရဲ႕ အႏွစ္ခ်ဳပ္ ရည္မွန္းခ်က္ျဖစ္တဲ့ ေခတ္မီၿပီး ျပည္သူကို အေျချပဳေသာ ႏိုင္ငံေရးပါတီ (Modern People Centered Political Party) ကို တစ္ဆင့္ခ်င္း မျဖစ္မေန တည္ေဆာက္သြားေရးကိုလည္း ျပင္းျပတဲ့ ႏိုင္ငံေရး သံႏၷိ႒ာန္စိတ္နဲ႔ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္သြားၾကဖို အေလးထားတိုက္တြန္း  ေျပာၾကားအပ္ပါတယ္။

ကြၽန္ေတာ္ တိုပါတီရဲ႕ အနာဂတ္လုပ္ငန္းစဥ္(Road Map) အေပၚမွာလည္း အခ်ိန္အခါမေ႐ြး ေဆြးေႏြးအႀကံျပဳျခင္းမ်ားကိုလည္း အထူး အေလးထား ေလးစားသမႈျဖင့္ ဖိတ္ေခၚအပ္ပါေၾကာင္း ေျပာၾကားရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။

ပါတီဝင္လုပ္ေဖာ္ကိုင္ဖက္အားလုံး ႏိုင္ငံ့အက်ိဳး ပါတီအက်ိဳးကို  ႏိုင္ငံေရးသစၥာျဖင့္ အစြမ္းကုန္ထမ္းေဆာင္ႏိုင္ၾကပါေစဟု ဆုမြန္ေကာင္း ေတာင္း ဆႏၵျပဳအပ္ပါတယ္ ခင္ဗ်ား။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စတုတ္ထအကြိမ်ပါတီညီလာခံ ( ၂၀၂၆ ) တွင်ပြောကြားခဲ့သည့် ပါတီဥက္ကဋ္ဌသစ်၏ နှုတ်ခွန်းဆက်အမှာစကား

အားလုံးပဲ မင်္ဂလာပါခင်ဗျား –

ယနေ့ကျင်းပပြုလုပ်နေတဲ့ စတုတ္ထအကြိမ် ပါတီညီလာခံ(၂၀၂၆) ကို တက်ရောက်ချီးမြှင့်ကြတဲ့ သဘာပတိအဖွဲ့ဝင်များ၊ ညီလာခံကိုယ်စား လှယ်များနဲ့ ဧည့်သည်တော်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနဲ့ ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ သတင်းမီဒီယာများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်၊ အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင် နှုတ်ခွန်း ဆက်သအပ်ပါတယ်။

စတုတ္ထအကြိမ်ပါတီညီလာခံ(၂၀၂၆) က ကျွန်တော့်ကို ပါတီဥက္ကဋ္ဌ အဖြစ် ထပ်မံရွေးချယ်တင်မြောက်ပေးခဲ့တဲ့ ကြီးကြပ်မှုဗဟိုကော်မတီ၊ ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်များ၊ ကိုယ်စားပြု ဝိုင်းဝန်း ထောက်ခံခဲ့ကြတဲ့ ပါတီလုပ်ဖော်ကိုင်ဖက်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျား။

ကျွန်တော့်ကို ယုံကြည်စွာ အပ်နှင်းခဲ့တဲ့ တာဝန်ဝတ္တရားတွေအပေါ်မှာ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ စည်းရုံးရေးအမြင်၊ နိုင်ငံတကာ ဆက်ဆံရေး အမြင်တွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး ကြိုးစား ဆောင်ရွက်သွားပါ့မယ်။

ကျွန်တော်တို့ ပါတီကို အနာဂတ်မှာ ခေတ်မီပြီး ပြည်သူကိုအခြေပြုသော နိုင်ငံရေးပါတီ Modern People Centered Political Party ဖြစ်အောင် ချစ်ခင်လေးစားရတဲ့ ပါတီလုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ လက်တွဲပြီး ဦးလည်မသုန် စွမ်းအားကုန် တာဝန် ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဒီညီလာခံခန်းမကြီးထဲမှာ ရှိနေကြတဲ့ ပါတီအကြီးအကဲများနဲ့ ပါတီဝင်အားလုံးရဲ့ရှေ့မှောက်မှာ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး အတွေ့အကြုံ နဲ့ နိုင်ငံရေးသိက္ခာကို အခြေပြုပြီး ရဲဝံ့စွာ ကတိပြုအပ်ပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျား။

ညီလာခံကိုယ်စားလှယ်များခင်ဗျား-

ကျွန်တော်တို့တတွေ ဒီနေ့၊ ဒီနေရာမှာ ဆုံစည်းနေကြတာဟာ သာမန် တွေ့ဆုံ စည်းဝေးနေကြတာမဟုတ်ဘဲ အတိတ်ကာလဖြတ်သန်း ခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း အတွေ့အကြုံများကို ပြန်လည်သုံးသပ် ပြီး အောင်မြင်ခဲ့တာတွေကို ခိုင်ခန့်အောင် ဆက်လက် တည်ဆောက် အားနည်းချက်တွေကို ဖော်ထုတ် ပြုပြင်ပြီး ပါတီရဲ့အနာဂတ် ခရီးသစ်ကို စတင်မဲ့ သမိုင်းဝင်နေ့တစ်နေ့ လို့လည်း ဆိုရမှာဖြစ်ပါတယ်။

လွန်ခဲ့သော(၅)နှစ်တာကာလဟာ ပါတီကိုရည်ရွယ်မျှော်မှန်းချက် တွေနဲ့အညီ ပုံသွင်းတည်ဆောက်ခဲ့တဲ့ ကာလလို့တွေးဆမယ်ဆိုရင် လာမဲ့ရှေ့အနာဂတ်(၅)နှစ်တာ ကာလဟာ ပါတီရဲ့ နိုင်ငံရေးတာဝန်ကို ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရမဲ့နေ့ရက်တွေ ဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။

ညီလာခံကိုယ်စားလှယ်များခင်ဗျား-

ဒီနေ့မှာ ဒီပါတီရဲ့ဥက္ကဋ္ဌသစ်တစ်ဦးအနေနဲ့ အချိန်အရ ရှေ့ဆက် လက်ဆောင်ရွက်ရမဲ့ လုပ်ငန်းစီမံချက်အကျဉ်းချုပ်ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သို့သော် အတိတ်၊ ပစ္စုပန်၊ အနာဂတ် တစ်ဆက်တစ်ဆက် တည်း စဉ်းစားမှသာ ပိုမိုသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

ပထမဦးဆုံး အချက်အနေနဲ့ အတိတ်ကာလကိုလေးစားပြီး သင်ခန်းစာယူကြဖို့ ဆိုတဲ့အချက်နဲ့ စတင်ချင်ပါတယ်။

လွန်ခဲ့တဲ့(၅)နှစ်တာကာလကို ပြန်လည်ငဲ့စောင်း ကြည့်လိုက်ရင် လွယ်ကူ ချောမွေ့တဲ့လမ်းကို ကျွန်တော်တို့ လျှောက်ခဲ့ကြရတာ မဟုတ်ပါဘူး။ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေကြားကနေ နိုင်ငံတော် အဖွဲ့အစည်း အသီးသီးနဲ့ အမာခံပါတီဝင်တွေ၊ ချစ်သော ပြည်သူတွေနဲ့ အတူ လက်တွဲရင်း ရှေ့သို့တစ်လှမ်းချင်း ခေါင်းဝင်ကိုယ်ဆန့် ထိုးဖောက် ခဲ့ကြရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ကာလ ဆောင်ရွက်ခဲ့တဲ့ စီမံချက်တွေထဲမှာ-

– ပါတီရဲ့ရေရှည်/ရေတိုရည်မှန်းချက်တွေကို သတ်မှတ်ခဲ့ကြတယ်။

– လုပ်ငန်းလမ်းညွှန်ချက်တွေကို အသေးစိတ်ချမှတ်ခဲ့ကြတယ်။

– အလုပ်သမား၊ လယ်သမား ၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ အသိပညာရှင် အတတ်ပညာရှင် အပါအဝင် လူတန်းစား အလွှာ အသီးသီးသို့ ထိုးဖောက် စည်းရုံးနိုင်အောင် CEC, EC, တာဝန်ခံတွေပေးပြီး စည်းရုံးရင်း အရွေ့တစ်ခုဖြစ်အောင် တွန်းပို့ခဲ့ကြတယ်။

– ပါတီဝင်ဟောင်းနဲ့ ပါတီကင်းကွာတွေကို ပြန်လည်စုစည်းခဲ့ကြ ပြီး ပါတီဝင်သစ်တွေကို ထပ်မံစုဆောင်းကာ ပေါင်းစပ် အင်အားစုတွေ ဖြစ်စေခဲ့ပါတယ်။

– နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်ဖြန့်ကျက်ခဲ့ပြီး မီဒီယာနဲ့ ပြည်သူ့ဆက်ဆံရေးကို အလေးပေးအာရုံ စိုက်ခဲ့ကြတယ်။

ပါတီရဲ့အင်အားဟာ ပါတီရုံးအတွင်းမှသာ ဘောင်ခတ်ထားတာ မဟုတ်ပဲ ပြည်သူထဲသို့ ရောက်အောင်တွန်းပို့တဲ့ စနစ်တစ်ရပ် ထူထောင် ရပါမယ်။ ပြီးခဲ့တဲ့ မိန့်ခွန်း(၂)ခုမှာ လွန်ခဲ့တဲ့(၅) နှစ်တာ ဆောင်ရွက်ချက် အသေးစိတ်ကို ကိန်းဂဏန်းတွေနဲ့တကွ တင်ပြပြီး ဖြစ်လို့ အကြမ်းဖျဉ်း လောက်သာတင်ပြခြင်း ဖြစ်ပါတယ်။

ညီလာခံကိုယ်စားလှယ်များခင်ဗျား
[9/20/2026 4:14 PM] Tun Htet Oo: ကျွန်တော်တင်ပြပြီးဖြစ်တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးလမ်းပြ မြေပုံကို အနီးစပ်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့လို့ ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ပါတီအနေနဲ့ အရေးပါသော ရလဒ်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒီရလဒ်ဟာ ကျွန်တော်တို့ အားလုံးအတွက် ဝမ်းမြောက်နိုင်စေတဲ့ ရလဒ်တစ်ခုဖြစ် စေတယ်လို့ ဆိုနိုင်သလို ပိုမိုကြီးလေးတဲ့တာဝန်တွေကို ပေးအပ်လိုက်ခြင်း ဖြစ်တယ် လို့လည်း ဆိုရမှာပါ။
[9/20/2026 4:10 PM] Union Solidarity And Development Party: ရွေးကောက်ပွဲတစ်ခု ပြီးမြောက်အောင်မြင်ခြင်း သည် နိုင်ငံရေးပါတီတစ်ခုအတွက် ထာဝရ အလုပ်ပြီးဆုံးသွားခြင်း မဟုတ်ဘဲ နောင်အနာဂတ် လုပ်ငန်းတာဝန်တွေရဲ့ အစသာဖြစ်တယ် လို့ဆိုရမှာ ဖြစ်တယ်။

မဲဆန္ဒရှင်တစ်ဦးက မဲပေးရွေးချယ်လိုက်ခြင်းသည် နိုင်ငံရေးပါတီ တစ်ခုကို အခွင့်အာဏာပေးအပ်ခြင်းမဟုတ်ပဲ မျှော်လင့်ချက်ပေးခြင်း လည်း ဖြစ်ပါတယ်။ မဲတစ်ပြားချင်းစီရဲ့ နောက်ကွယ်မှာ မဲဆန္ဒရှင် ပြည်သူတစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်၊ အနာဂတ်နဲ့ ဆန္ဒတွေ တွဲလျက် ပါနေပါတယ်။

ဒါကြောင့်ပြည်သူပေးတဲ့ ယုံကြည်မှုကို ကျွန်တော်တို့ရဲ့ နိုင်ငံရေးအရည်အသွေးနဲ့ ပြန်လည်သက်သေပြရမှာပဲ ဖြစ်ပါတယ်။

ပြည်သူကပေးတဲ့ မျှော်လင့်ချက်ကို လက်တွေ့ရလဒ်များနဲ့ ပြန်လည် ဖြည့်ဆည်း ကြရမှာဖြစ်ပါတယ်။ ဒါဟာအတိတ်သင်ခန်းစာအပေါ် ကျွန်တော်ရဲ့ သုံးသပ်ချက်ပဲဖြစ်ပါတယ် ခင်ဗျား။
ညီလာခံကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအချက်အနေနဲ့ ပါတီရဲ့ အနာဂတ်လုပ်ငန်းစဉ် အကြောင်း အကျဉ်းမျှ တင်ပြလိုပါတယ်။ အနာဂတ်ခရီးမှာ အရေးကြီးတဲ့ အချက်က ပြည်သူ့ယုံကြည်မှုကို အမိအရတည်ဆောက်ဖို့ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတစ်ခုရဲ့ အင်အားဟာ ပါတီဝင်အင်အားတွေ၊ ပါတီရုံးတွေရဲ့ အရေအတွက်နဲ့ တိုင်းတာတာထက် ပြည်သူတွေက ကျွန်တော်တို့ကို ဘယ်လောက်အထိ ယုံကြည်မှုရှိတယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။ အင်အားကြီးပါတီမှ ပိုမိုအရည်အသွေး မြင့်မားသော ပါတီအဖြစ်သို့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် အရည်အသွေးမြင့်မားတဲ့ နိုင်ငံရေးပါတီဆိုတာ ဘယ်လိုပါလဲဆိုရင် ဒီပါတီဟာ ပြည်သူ့အသံကို နားထောင်နိုင်ရမယ်၊ ပြည်သူ့လိုအပ်ချက်ကို နားလည်နိုင်ရမယ်၊ ပြည်သူ့ဆန္ဒကို မူဝါဒအဖြစ် ပြောင်းလဲ ဖော်ဆောင်နိုင်ရမယ်၊ ဆောင်ရွက်ပေးရမဲ့ အချက်တွေကို နိုင်ငံတော်အစိုးရအဖွဲ့ ၊ လွှတ်တော်အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေ နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အရွေ့ရှိတဲ့ရလဒ်ဖြစ်အောင် ဆောင်ရွက်နိုင်ရမည် ဆိုတဲ့ လမ်းကြောင်းကသာ ပြည်သူ့ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်ဟာ ရွေးကောက်ပွဲရှိကာမှ ပြည်သူနဲ့ ထိတွေ့ဆက်ဆံကြတဲ့ အဖွဲ့အစည်းမျိုး မဖြစ်စေဘဲ ရွေးကောက်ပွဲရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပြည်သူ့လိုအင်ဆန္ဒတွေကို လေ့လာပြီး ပေါင်းစပ်ကူညီဖြေရှင်းပေးနိုင်တဲ့ Policy Party မျိုး ဖြစ်ရပါမယ်။

ဒါကြောင့် အခြေခံကျတဲ့ မြို့နယ်ရုံး တွေမှာ People Help Desk လို့ခေါ်တဲ့ ပြည်သူ့အကူအညီပေးရေးနေရာတွေ ယခင်ကျွန်တော် သုံးနှုန်းခဲ့တဲ့ ဆုံဆည်းရာ ဆိုတဲ့ နေရာတွေမျိုး သတ်မှတ်ပြီး ပြည်သူနဲ့ ထိတွေ့နိုင်အောင် လမ်းကြောင်းဖွင့်ထား ပေးရပါမယ်။ ကျွန်တော်တို့ ပါတီရုံး အချို့မှာ ပြည်သူအကူအညီပေးရေး လွှတ်တော်ကိုယ်စားလှယ်ရုံး တွေဖွင့်ထားပြီး ဖြစ်လို့ တဆက်တစပ်တည်း ဆက်စပ်ဆောင်ရွက်သွား ဖို့လိုတယ်။ ယခင်ကာလတွေက သိသာတဲ့ အရွေ့မဖြစ်ခဲ့လို ဒီတစ်ကြိမ် မှာတော့ ပီပီပြင်ပြင်ဆောင်ရွက်သွားကြဖို့ အထူးအလေးထား တိုက်တွန်း လိုပါတယ်။

ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျား-

ရှေ့(၅)နှစ်တာကာလမှာ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဓိကဦးတည်ရမဲ့ နယ်ပယ်တွေအဖြစ် လွန်ခဲ့တဲ့(၅)နှစ်အတွေ့အကြုံ တွေပေါ်မှာအခြေခံပြီး ပိုမိုပြည်စုံလာအောင် တိုးချဲ့ဆောင်ရွက် သွားရ မှာဖြစ်ပါတယ်။ အဲဒီနယ်ပယ်တွေကတော့

–      လယ်ယာကဏ္ဍနဲ့ ကျေးလက်ဒေသဖွံဖြိုးရေး။
–      ပြည်တွင်း/ပြည်ပ အလုပ်သမားများနဲ့ အလုပ်အကိုင် အခွင့် အလမ်း တိုးတက်ရေး။

–      လူငယ်ကဏ္ဍ ဖွံဖြိုးတိုးတက်ရေး နဲ့ မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များ လေ့ကျင့်ပျိုးထောင်ပေးရေး။

–      အမျိုးသမီးကဏ္ဍဖွံဖြိုးတိုးတက်ရေး နဲ့ မျိုးဆက်သစ် အရည် အချင်းပြည့်ဝတဲ့ အမျိုးသမီးခေါင်းဆောင်များ လေ့ကျင့် ပျိုးထောင်ပေးရေး။

–      မသန်းစွမ်းသူများရဲ့ အခန်းကဏ္ဍကို ကူညီဖြေရှင်းပေးရေး။

–      နည်းပညာအခြေပြု ဆက်သွယ်ရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက် ရေး။

–      ပါတီဝင်များ စည်းကမ်းကောင်း၍ စည်းလုံးညီညွတ်မှုကို ခိုင်မာ စွာ တည်ဆောက်ရေး။

–      အခြေခံလူထု လူတန်းစားအလွှာအတွင်း စိမ့်ဝင်တိုးပေါက် စည်းရုံးရေးလုပ်ငန်းများ ပီပြင်ထိရောက်စွာ ဆောင်ရွက်ရေး။

–      အသက်အရွယ်၊ ကျား/မ၊ ပညာရှင်နှင့် နိုင်ငံရေး၊ စီးပွားရေး ကျွမ်းကျင်သူများ အပါအဝင် အလွှာကဏ္ဍစုံသို စည်းရုံးရေး လုပ်ငန်း ပိုမိုပီပြင်စေရေး။

–      အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်ရန် သီးခြားအဖွဲများ ဖွဲစည်း၍ နိုင်ငံတော်နဲ့အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရေး။
–      သဘာဝ ပတ်ဝန်းကျင်ထိမ်းသိန်းရေး လုပ်ငန်းစဉ်တွေမှာ ထိရောက်စွာ ပါဝင်ရေး။

–      ဥပဒေပြုရေးလုပ်ငန်းစဉ်၊ လွှတ်တော်နဲ့ အစိုးရအဖွဲအစည်းများ အတွက် အရည်အချင်းပြည့်ဝသူများကို ပြုစုပျိုးထောင်ပေးရေး။

–      မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့် အွန်လိုင်း လောင်းကစားမှုများတိုက် ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင် ကူညီဆောင်ရွက်နိုင်ရေး။

–      ပြည်သူ့လူထုလုံခြုံရေးနှင့်အခြေခံစားဝတ်နေရေး လိုအပ်ချက် တွေ အပေါ် အလေးထားကူညီပေးရေး။

–      မြန်မာ့နည်း မြန်မာ့ဟန် နဲ့ ပြည်တွင်း တည်ဆဲဥပဒေများကို မထိခိုက်စေဘဲ အာဆီယံဒေသတွင်း နိုင်ငံများပါဝင်ဖွဲစည်း ထားသည့် ASEAN Inter-Parliamentary Assembly(AIPA) ရုံးချုပ်နဲ့ အဖွဲဝင်နိုင်ငံများ၊ Inter-Parliamentary Union (IPU) ရုံးချုပ်နဲ့ အဖွဲဝင်နိုင်ငံများ၊ International Conference of Asian Political Parties (ICAPP) ရုံးချုပ်နဲ့ အဖွဲဝင် နိုင်ငံများမှ ပါတီများ အပါအဝင် နိုင်ငံတကာပါတီ/ အဖွဲ အစည်းများနဲ့ ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်တွေကို ယခုအခြေအနေထက်ပိုပြီး နယ်ပယ်ချဲ့ထွင် တိုးချဲ့ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

–      နောက်ဆုံးအချက်ကတော့ ခေတ်မီ၍ ပြည်သူကို အခြေပြု သော နိုင်ငံရေးပါတီ (Modern People Centered Political
Party) ဖြစ်ရေး တိုဖြစ်ပါတယ်။
ပါတီညီလာခံကိုယ်စားလှယ်များခင်ဗျား-

တတိယအချက် အနေနဲ့ မဲဆန္ဒနယ်မြေသည် ပါတီ၏ အခြေခံ အင်အား ဖြစ်ရေး ဆိုတဲ့အချက်ကို အပြည့်အဝ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။

ပါတီတစ်ရပ်အနေနဲ့ သက်ဆိုင်ရာ ကိုယ်စားပြု မဲဆန္ဒနယ်မြေ အလိုက် ပါတီကိုဝန်းရံ ထောက်ခံကြတဲ့ အခြေခံအင်အားစုတွေ စဉ်ဆက် မပြတ် တိုးပွားနေစေရေးအတွက်  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တိုင်းဟာ ပါတီရုံးဝန်းထဲမှာပဲ ပြီးဆုံးနေတာ မဟုတ်ဘဲ မဲဆန္ဒနယ်တွေကို စဉ်ဆက်မပြတ် ကွင်းဆင်းထိတွေ့ ဆက်ဆံခြင်းကသာ အနှစ်သာရ ဖြစ်ပါတယ်။ ဒေသခံ အလွှာစုံ၊ လူတန်းစားမျိုးစုံ ပြည်သူတွေနဲ့ ပုံမှန်တွေ့ ဆုံခြင်း၊ Town Hall Meeting တွေ၊ စကားဝိုင်းတွေ၊ လဘက်ရည်ကြမ်းဝိုင်း တွေ့ဆုံမှုတွေ ပြုလုပ်ခြင်း၊ နိုင်ငံတော်၏ မူဝါဒဆိုင်ရာ သိသင့်သော  ဆောင်ရန်/ရှောင်ရန် လုပ်ငန်းစဉ်များအတွက် ဟောပြောပွဲများ ပြုလုပ်ခြင်း   ရပ်ရေး/ရွာရေး လူမှုရေးကိစ္စတိုင်းမှာ ပါဝင်ကူညီ ဆောင်ရွက်ခြင်း စတာတွေကို ပြုလုပ်ပြီး ပြည်သူ့အသံနဲ့ ပြည်သူ့ဆန္ဒတွေကို နားထောင်ရင်းဖြင့် “မဲဆန္ဒနယ်မြေ ကို ပြည့်ဝစွာ ဝန်ဆောင်မှုပေးတဲ့ ယဉ်ကျေးမှု” (Constituency Service Culture) များ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး စတုတ္ထအချက် အနေနဲ့ လူငယ်/အမျိုးသမီးများ ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးနဲ့  အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့် ပျိုးထောင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့(၅)နှစ်တာ ကာလမှာ အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ ပါတီဝင်သစ်စုဆောင်းရေး အစိမ်းရောင်စီမံချက်ကို ပိုမိုအသေးစိတ်ပြီး ဖိဖိစီးစီး ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။  မိမိပါတီဝင် လူငယ်တွေ နဲ့ အသစ်စုစည်းရရှိတဲ့ လူငယ်တွေကို အရည်အချင်း အရည်အသွေးလိုက် ရွေးထုတ်ပြီး နိုင်ငံရေးပညာ ၊ စီးပွားရေးပညာ၊ မူဝါဒရေးဆွဲမှု၊ ခေါင်းဆောင်မှု၊ နိုင်ငံတကာဆက်ဆံရေး၊ Digital Technology ၊ Public Communication စတာတွေကို လေ့ကျင့် သင်ကြားပြီး ပါတီအမာခံကေဒါတွေ လေ့ကျင့်မွေးမြူရေး လုပ်ငန်းစဉ်တွေကို လုပ်ငန်းစဉ် ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အလားတူပဲ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီး အင်အားစုတွေဖြစ်လို တိုင်းပြည် အတွက် အရေးပါတဲ့ စွမ်းအားရှင် လုပ်သားထု Work Force တစ်ခု ဖြစ်နေတာကို အလေးထားပြီး   အမျိုးသမီးတွေကို ဆုံးဖြတ်ချက် ချမှတ် သူ၊ မူဝါဒရေးဆွဲသူ၊ လွှတ်တော် နဲ့ အစိုးရအဖွဲအစည်း အသီးသီးမှာ အရည်အချင်းပြည့်ဝစွာတာဝန်ယူနိုင်သူ၊ ပါတီကို လက်ဆင့်ကမ်း အမွေအဖြစ် ထိန်းသိမ်းနိုင်သူတွေဖြစ်အောင် ဦးတည် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသမီးကဏ္ဍမှာလဲ ပါတီဝင် နဲ့ စုဆောင်း ရရှိတဲ့ ပါတီဝင်အသစ်တွေကို အရည်အချင်း၊ အရည်အသွေး စိစစ်ရွေးချယ်ပြီး အနာဂတ်အတွက် အစီအမံတွေ ချမှတ်သွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Youth Leadership Program နဲ့ Women Leadership Program တိုကိုလည်း Time Frame တွေချမှတ်ပြီး စနစ်တကျရေးဆွဲ အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။
ပဉ္စမအချက် အနေနဲ့ ပါတီတွင်းစည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။၊
ပါတီတစ်ရပ်အတွက် အကြီးမားဆုံးအင်အားဟာ စည်းလုံး ညီညွတ်မှုပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေတဲ့ ပြုမူ ဆောင်ရွက်ချက်တွေကို အသိ၊ သတိ၊ ပါတီချစ်စိတ်နဲ့ ထိန်းသိမ်းကြဖို လိုပါတယ်။၊ အမြင်မတူတာဟာ အဖွဲအစည်းတိုင်းမှာ ရှိနိုင်ပါတယ်။ ကိုယ်ချင်းစာ နားလည်မှုအပေါ်မှာ အခြေခံပြီး တူညီတာတွေပေါင်းစပ်လို တစ်ခုတည်းသော ဦးတည်ချက်ကို စိုက်လိုက်မတ်တပ် စုပေါင်း ဦးတည်သွားကြရမှာ ဖြစ်ပါတယ်။

ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲရဲ့ လုပ်ပိုင်ခွင့်ကိုလည်း အဓိက ထား မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီအတွင်းမှာ စည်းကမ်း (Discipline)၊ အဖွဲအစည်းစိတ်ဓာတ် (Organizational Sprit)၊  အများ ဆန္ဒ နဲ့ ဆောင်ရွက်ခြင်း (Democracy) နဲ့ တာဝန်ယူ တာဝန်ခံမှုရှိခြင်း (Accountability) တိုကို အခြေခံပြီး ဆက်လက် တည်ဆောက် သွားမှာဖြစ်ပါတယ်။
ဆဌမအချက်အနေနဲ့ ခေတ်မီ၍ ပြည်သူကို အခြေပြုသော နိုင်ငံရေးပါတီ “Modern People Centered  Political Party” ကို တစ်ဆင့်ချင်း တည်ဆောက်ရေး ဖြစ်ပါတယ်။
ကနေ့ကမ္ဘာကြီးဟာ အချိန်နဲ့အမျှအလွန်လျင်မြန်စွာ ပြောင်းလဲ တိုးတက် လျက်ရှိပါတယ်။ နေရာတိုင်းမှာ Digital Technology , Artificial Intelligence (AI), Social Media, Data Based System စတဲ့စနစ်တွေဟာ ကျွန်တော်တို နိုင်ငံရေးပါတီတွေရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ အစီအမံတွေအပေါ် ပြောင်းလဲရိုက်ခတ်နေပါတယ်၊ ဒါကြောင့် ကျွန်တော် တိုဟာ ခေတ်နဲ့အညီ ခေတ်မီတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ကဏ္ဍစုံ၊ ထောင့်ပေါင်းစုံ၊ ပညာရှင်စုံ နဲ့ ထိတွေ့၊ သင်ယူ၊ ပြုပြင်၊ ပြောင်းလဲ၊ သင်ကြား၊ လေ့ကျင့်၊ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ညီလာခံ ကိုယ်စားလှယ်များခင်ဗျား-

ပါတီရဲ့ လုပ်ငန်းစီမံချက်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို အတွက် အစပျိုးတဲ့အနေနဲ့ ၂၀၂၆ အောက်တိုဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အကျုံးဝင်မဲ့ ရက်(၉၀)စီမံချက်ကိုလည်း ချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် (၁)နှစ် စီမံချက်၊ (၅)နှစ်စီမံချက်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို အစီအမံများ ကြိုတင်ရေးဆွဲထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တင်ပြခဲ့တဲ့ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်၊ လုပ်ငန်းအစီအမံ တစ်ခုချင်းအပေါ်မှာ လက်တွေ့ကျတဲ့အသေးစိတ်လုပ်ငန်းစဉ်များလည်း ရေးဆွဲထားပြီး ဖြစ်ပါတယ်။

စောစောပိုင်းက တင်ပြခဲ့တဲ့ အဓိကပြု ဆောင်ရွက်သွားမည့် မဏ္ဍိုင်တစ်ခုစီတိုင်းကို  အချိန်ကန့်သတ်ချက်အရ အားလုံးကို မတင်ပြတော့ပဲ အချိုကိုသာ ထုတ်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။ စီမံချက်တိုင်းဟာ မူဝါဒကောင်းပေမဲ့ အကောင်အထည် ဖော်နိုင်မှုအပိုင်းမှာ ချိုယွင်းအားနည်းချက်တွေ ရှိတတ်တာကြောင့် ကျွန်တော်တိုရဲ့လုပ်ငန်း အစီအမံတစ်ခုချင်းစီကို စစ်ဆေး ကြပ်မတ် ဖိုအတွက်  KPI (Key Performance Indicator) “အောင်မြင်မှု တိုင်းတာချက်”တွေကို အမှတ်ပေးစနစ် နဲ့ စနစ်တကျ အောင်မြင်အောင် အလေးထား စိစစ်တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ညီလာခံကိုယ်စားလှယ်များ ခင်ဗျား-

နိဂုံးချုပ်အနေနဲ့ အစမှာ ကျွန်တော်ပြောခဲ့သလို ဒီနေ့ဟာ ကျွန်တော်တို ပါတီရဲ့ အနာဂတ်ခရီးသစ်ကို စတင်တဲ့ နေ့ဖြစ်ပါတယ်။

ဒီနေ့မှာ အတိတ်ကာလ သင်ခန်းစာတွေကို အဖြေရှာဖော်ထုတ်မှုတွေ တပွေ့တပိုက်ကြီးရခဲ့ပြီးဖြစ်သလို အနာဂတ်ခရီးအတွက်လည်း ပြင်ဆင် ဆောင်ရွက်ထားကြပြီး ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တဲ့ စကားစုတွေကို ထုတ်နှုတ်စုစည်းတင်ပြရရင် ဒီနေ့ ဒီနေရာကနေ –

–        ပိုမိုခိုင်မာ ပြည်မြန်မာ ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက် ကောင်းသော အနာဂတ်ကို ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင် ကျော်လွှား သွားကြဖို စုပေါင်း သံန္နိဋ္ဌာန် ချမှတ်ရပါမယ်။

–        ဒါ့အပြင် ကျွန်တော်တိုရဲ့ အနှစ်ချုပ် ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီပြီး ပြည်သူကို အခြေပြုသော နိုင်ငံရေးပါတီ (Modern People Centered Political Party) ကို တစ်ဆင့်ချင်း မဖြစ်မနေ တည်ဆောက်သွားရေးကိုလည်း ပြင်းပြတဲ့ နိုင်ငံရေး သံန္နိဋ္ဌာန်စိတ်နဲ့ အောင်မြင်အောင် ဆောင်ရွက်သွားကြဖို အလေးထားတိုက်တွန်း  ပြောကြားအပ်ပါတယ်။

ကျွန်တော် တိုပါတီရဲ့ အနာဂတ်လုပ်ငန်းစဉ်(Road Map) အပေါ်မှာလည်း အချိန်အခါမရွေး ဆွေးနွေးအကြံပြုခြင်းများကိုလည်း အထူး အလေးထား လေးစားသမှုဖြင့် ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ပါတီဝင်လုပ်ဖော်ကိုင်ဖက်အားလုံး နိုင်ငံ့အကျိုး ပါတီအကျိုးကို  နိုင်ငံရေးသစ္စာဖြင့် အစွမ်းကုန်ထမ်းဆောင်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်း ဆန္ဒပြုအပ်ပါတယ် ခင်ဗျား။