ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့်ရှိ နောက်ဆက်တွဲငလျင်လှုပ်

ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့်ရှိ နောက်ဆက်တွဲငလျင်လှုပ်
=====================
မန္တလေးတိုင်း ဝမ်းတွင်းမြို့အနီးဗဟိုပြု၍ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်အား ဒေသအချို့၌ သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
မန္တလေးတွင် အိမ်၇လုံးခန့်မီးလောင်

မန္တလေးတွင် အိမ်၇လုံးခန့်မီးလောင်
=================
(ပြည်တွင်း) ဇန် ၁၅
မန္တလေးတိုင်းဒေသကြီး ၊ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊၃၄×၃၅ လမ်းကြား၊၈၂×၈၃ လမ်းကြားရှိ နေအိမ်တွင် မနေ့ညက ၅နာရီ၂၅မိနစ်အချိန်က ထမင်းပေါင်အိုးတည်ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှသွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ၅နာရီ၄၀မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ၆နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေ

ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေ
==================
(ပြည်တွင်း) ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။
” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်

” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
==========================
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ပြည်ပထွက်ခွါခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်

ပြည်ပထွက်ခွါခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်
=========================
OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပါက ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ ပြန်လည်ထွက်ခွာရမည်ဟု အသိပေးခဲ့သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အေဂျင်စီအစီ အစဉ်၊ မိမိအစီအစဉ်၊ ကျွမ်းကျင်/ခွင့်ပြန်တို့ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်များမှပေးပိုသည့်စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို တင်ပြခြင်းမရှိဘဲ ပြည်ပသိုထွက်ခွာနေခြင်းအား စိစစ်တွေ့ရှိရသည်ဟု အသိပေးခဲ့သည်။
ထိုင်းနိုင်ငံအတွင်းပြုလုပ်ပေးနေသည့် အလုပ်သမားဝန်ကြီးဌာန CI သက်သေခံလက်မှတ် ထုတ်ပေးခြင်း သတ်မှတ်ရက်ထက် ၁၆ ရက် ထပ်မံတိုးမြှင့်ပေး

ထိုင်းနိုင်ငံအတွင်းပြုလုပ်ပေးနေသည့် အလုပ်သမားဝန်ကြီးဌာန CI သက်သေခံလက်မှတ် ထုတ်ပေးခြင်း သတ်မှတ်ရက်ထက် ၁၆ ရက် ထပ်မံတိုးမြှင့်ပေး
=================
(ပြည်တွင်း) ဇန်နဝါရီ ၉
ထိုင်းနိုင်ငံအတွင်း စခန်းများဖွင့်လှစ်၍ ပြုလုပ်ပေးနေသည့် အလုပ်သမားဝန်ကြီးဌာန က Cl သက်သေခံ လက်မှတ်ထုတ်ပေးခြင်းကို သတ်မှတ် ရက်ထက် ၁၆ ရက် ထပ်တိုးပေးလိုက်ကြောင်း သိရပါတယ်။
YUFL မှ အင်္ဂလိပ်ဘာသာစကား Online နှင့် On Campus သင်တန်း ဖွင့်လှစ်မည်
တောင်သူများကို တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲနှုန်းနဲ့ တစ်ရာသီအတိုးမဲ့ထုတ်ချေးမည်

တောင်သူများကို တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲနှုန်းနဲ့ တစ်ရာသီအတိုးမဲ့ထုတ်ချေးမည်
=================
(ပြည်တွင်း) ဇန်နဝါရီ ၉
နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံ့ဖြိုးရေးရန်ပုံငွေမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲ ၂ ဒသမ ၅ သိန်းနှုန်းနဲ့ တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရပါတယ်။
လာမယ့်ဖေဖော်ဝါရီလ ၇ ရက်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည်

လာမယ့်ဖေဖော်ဝါရီလ ၇ ရက်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည်
===================
(ပြည်တွင်း) ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၇ ရက်မှာ နေပြည်တော်ရှိ MICC-1 ၌ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့ပါတယ်။