တကၠသိုလ္ဝင္စာေမးပြဲႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴ ေရးတကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ား ဇြန္ ၂၈ ရက္တြင္ထုတ္ျပန္မည္

တကၠသိုလ္ဝင္စာေမးပြဲႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴ ေရးတကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ား ဇြန္ ၂၈ ရက္တြင္ထုတ္ျပန္မည္
=================================
၂ဝ၂၆ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲႏွင့္ ၂ဝ၂၆ ခုႏွစ္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို လာမည့္ ဇြန္ ၂၈ ရက္နံနက္ ၆ နာရီတြင္ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနထံမွ သိရသည္။
ေအာင္စာရင္းမ်ားကို ၿမိဳနယ္အသီးသီးရွိ သက္ဆိုင္ရာ စာစစ္ဌာနေက်ာင္းမ်ားတြင္ တစ္ခ်ိန္တည္းကပ္ထားမည္ျဖစ္ကာ www.myanmarexam.org ႏွင့္ result.dme.gov.mm တိုတြင္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္ေၾကာင္း သိရသည္။
ထိုျပင္ ေဝးလံေသာေဒသမ်ားရွိ စာစစ္ဌာနမ်ားႏွင့္ အင္တာနက္မေကာင္းသည့္ စာစစ္ဌာနမ်ား၏ ေအာင္စာ ရင္းမ်ားကို ျမန္မာ့အသံေရဒီယိုအစီအစဥ္မွ ေအာင္စာ ရင္းထြက္သည့္ေန႔တြင္ေၾကညာေပးမည္ျဖစ္ကာ ေအာင္စာရင္းႏွင့္ပတ္သက္၍မရွင္းလင္းပါက ျမန္မာ ႏိုင္ငံစာစစ္ဦးစီးဌာန၊ ဖုန္း ဝ၁-၆၅၃၅ဝ၉ သို ဇြန္ ၂၈ ရက္တြင္ဆက္သြယ္ေမးျမန္းစုံစမ္းႏိုင္ေၾကာင္း သိရသည္။
တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်
=================================
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။
အောင်စာရင်းများကို မြိုနယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တိုတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထိုပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်း ဝ၁-၆၅၃၅ဝ၉ သို ဇွန် ၂၈ ရက်တွင်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။




