ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

လွိုင်ကော်၊ ဇူလိုင် ၁၂

ယနေ့ ၁၂-၇-၂၀၁၈ ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်ပြည်ခိုင်ဖြိုးပါတီတို့ လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

Read more

၂၁ ပင်လုံတက်ဖို့ မြောက်ပိုင်း ခေါင်းဆောင်တွေ ရောက်လာ

ဇူလိုင်လ ၁၁ ရက် မှာ ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို တိုင်းရင်းသားခေါင်းဆောင်တချို့ ရောက်ရှိလာပါတယ်။ ဒီလိုရောက်တဲ့အထဲမှာ မူလက မတက်ဖို့ ငြင်းဆန်ထားတဲ့ ကိုယ်စားလှယ်တချို့လည်း ပါဝင်ပါတယ်။

Read more

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် နှင့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း


Read more

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးနှင့်အလံသစ်တင်အခမ်းအနား

 

ယနေ့ (12.7.2018) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် နံနက် (10:30) နာရီတွင် ကျင်းပပြုလုပ်သော လစဉ်ပုံမှန်အစည်းဝေးနှင့်အလံသစ် တင်အခမ်းနားကို မန္တလေးဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်၊ နွားထိုးကြီးမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်ဖေနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများနှင့် ပါတီကော်မတီဝင် (၇၀) ဦး တက်ရောက်ခဲ့ပြီး မန္တလေးတိုင်းပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အဖွင့်အမှာစကားပြောကြားပြီး အလံသစ်ကို နေ့လည် (12:00) နာရီအချိန်တွင်အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့ပါသည်။

Read more

တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အသက်​ (၉၀) နှစ်​အထက် ဘိုးဘွားများအား ဂါဝရပြုကန်​​တော့ခြင်း

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင်​ ​ဒေါ်တင်​​မေထွန်း (ရှမ်း/​ရှေ့အမျိုးသမီး​ရေးရာတာဝန်​ခံ)နှင့် တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီခရိုင်​​ကော်​မတီ ဦးဟန်​ဦး၊ ဦးခင်​​မောင်​ထွန်း၊ ခရိုင်​အမျိုးသမီး​ရေးရာ​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း နှင့်​ မြို့နယ်​​ကော်​မတီဝင်​များ၊ အမျိုးသမီးအဖွဲ့ဝင်​များ လိုက်​ပါ၍ ယ​နေ့ (၁၁.၇. ၂၀၁၈) ​နေ့တွင်​ ဝမ်​​ကောင်းရပ်​ကွက်​​နေ အဖွား​ဒေါ်တင်​မြ (အသက်​-၉၇) နှစ်​၊အဖွား​ဒေါ်မာရီယာ(အသက်​-၁၀၀)နှစ်​နှင့် အဖွား​ဒေါ်ဖီ​နေး(အသက်​-၉၃) နှစ်​ သို့အားလည်း​ကောင်း ၊ ဖန်​မင်​​ကျေးရွာအုပ်​စု၊ မယ်​ယန်း​ကျေးရွာ​နေ အဖွား​ဒေါ်နန်း​နော်​(အသက်​-၉၄)နှစ်​၊ အဖွား​ဒေါ်ဥ(အသက်​-၉၆)နှစ်​သို့အားလည်း​ကောင်း၊ မိုင်းကိုး​ကျေးရွာအုပ်​စု၊ ဆီလီ​ငေါ့ရွာ​နေအဖွား​ဒေါ်ဝမ်​နား(အသက်​-၉၄)နှစ်​၊ အဘိုးဦးလုံးခမ်းပုံ (အသက်​-၉၆)နှစ်​နှင့် ဝပ်​ကဲ၂ ​ကျေးရွာ​နေအဖွား​ဒေါ်အီဆွတ်​(အသက်​-၉၄)နှစ်​တို့အားလည်း​ကောင်း ​နေအိမ်​ရာအ​ရောက်​သွား​ရောက်​ခဲ့ပြီး အသုံးအ​ဆောင်​ပစ္စည်း၊ မုန့်​ပုံး၊ နို့​အေးကဒ်​များ အဖိုးအဖွားများ အား အလှူဒါနပြုလုပ်​ရန်​ ​ငွေ​ကြေးများ ​ပေးအပ်​ကန်​​တော့ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ခရိုင်မြို့နယ် ရပ်ကျေးပါတီဥက္ကဌများနှင့် တွေ့ဆုံ

 

Read more

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်လျက်ရှိသော နေရာအချို့ အစားထိုးရွေးချယ်တာဝန်ပေးအပ်

 

11.7.2018 ရက်နေ့ နေ့လည် ၁းဝဝ နာရီတွင် တာမွေမြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဦးတင်အောင်l ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိန်မြင့်တို့ လာရောက်၍ ပါတီအောင်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားခဲ့ရာ မြို့နယ်ဥက္ကဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ကော်မတီဝင်များl လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်တို့ တက်ရောက်ခဲ့ကြပြီး လစ်လပ်လျှက်ရှိသော မြို့နယ်ကော်မတီဝင် အချို့နေရာတွင် အစားထိုးရွေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။

Read more

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်ပါတီအလံသစ်တင်ပွဲကျင်းပ

 

မအူပင် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့်ပါတီအလံသစ် လွှင့်တင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

Read more

ပါတီအလံသစ်တင်ခြင်းအခမ်းအနား မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

မြစ်သားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မျက်နှာစာရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ပြည်ခိုင်ဖြိုးပါတီအလံ သစ်ကို လွှင့်တင်ခြင်းအခမ်းအနား ကျင်းပသည်။

Read more

မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗလာစာအုပ်လှူဒါန်း

 

တနင်္သာရီမြို့နယ် မောတောင် မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးပါတီမှ ဗလာစာအုပ်များပေး အပ်လှူဒါန်းပွဲကို မောတောင်မြို့ အမှတ်(၉) မူလွန်ကျောင်းတွင် ပထမတန်းနှင့်ဒုတိယတန်းကျောင်း သားကျောင်းသူ ၈၆ ဦးတို့အား ယမန်နေ့ နံနက် ၁၁နာရီ ၁၅မိနစ် က ပေးအပ်လှူဒါန်းပွဲကျင်းပခဲ့ ကြောင်း သိရသည်။

Read more