ဗင္နီဇြဲလားအမႊာငလ်င္ေၾကာင့္ ေသဆုံးသူ ၁,၄၃၀ ေက်ာ္ရွိလာၿပီး ေပ်ာက္ဆုံးသူ ၅ ေသာင္းေက်ာ္ေန၊ အသက္ရွင္က်န္ရစ္သူေတြ႕ရွိရန္ ေမွ်ာ္လင့္ခ်က္ေမွးမွိန္

ဗင္နီဇြဲလားအမႊာငလ်င္ေၾကာင့္ ေသဆုံးသူ ၁,၄၃၀ ေက်ာ္ရွိလာၿပီး ေပ်ာက္ဆုံးသူ ၅ ေသာင္းေက်ာ္ေန၊ အသက္ရွင္က်န္ရစ္သူေတြ႕ရွိရန္ ေမွ်ာ္လင့္ခ်က္ေမွးမွိန္
======================
ဇြန္ ၂၉
ဗင္နီဇြဲလားႏိုင္ငံ ေျမာက္ဘက္ကမ္း႐ိုးတန္းေဒသ လာ ဂြါအီရာ (La Guaira) အနီးတြင္ ျပင္းအား ရစ္ခ္်တာစေကး ၇.၂ ႏွင့္ ၇.၅ အဆင့္ရွိ ျပင္းထန္ေသာ အမႊာငလ်င္ႀကီးမ်ား ဆက္တိုက္လႈပ္ခတ္ခဲ့ၿပီးေနာက္ ေလးရက္အၾကာတြင္ ပိတ္မိေနသူအခ်ိဳ႕ကို ေနာက္က်မွ ကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း အပ်က္အစီးမ်ားေအာက္မွ အသက္ရွင္က်န္ရစ္သူ ထပ္မံေတြ႕ရွိႏိုင္ရန္ ေမွ်ာ္လင့္ ခ်က္မ်ားမွာ တျဖည္းျဖည္း ခ်ဳပ္ၿငိမ္းလုနီးပါး ျဖစ္လာေနသည္။
ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔က လႈပ္ခတ္ခဲ့သည့္ ၎ငလ်င္ေဘးေၾကာင့္ စေနေန႔ညပိုင္းတြင္ အသက္ရွင္သန္ႏိုင္စြမ္း အျမင့္ဆုံးျဖစ္သည့္ “ေ႐ႊေရာင္ ၇၂ နာရီ (Golden Hours)” ကာလမွာ ေက်ာ္လြန္သြားခဲ့ၿပီျဖစ္သည္။ လက္ရွိတြင္ လူေပါင္း ၁,၄၃၀ ထက္မနည္း ေသဆုံးေၾကာင္း အတည္ျပဳထားရၿပီး ေပ်ာက္ဆုံးေနသူ ၅၀,၀၀၀ ေက်ာ္ ရွိေနသည္။
သို႔ေသာ္လည္း တနဂၤေႏြေန႔က ရွာေဖြေရးတြင္ အသက္ရွင္က်န္ရစ္သူ အနည္းငယ္ကို အံ့ဖြယ္ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့၍ ေမွ်ာ္လင့္ခ်က္အလင္းအခ်ိဳ႕ က်န္ရွိေနေသးသည္။ အယ္လ္ဆာေဗဒိုႏွင့္ ပီ႐ူး ကယ္ဆယ္ေရးအဖြဲ႕မ်ားက ကာရာဗာယီဒါ (Carabayida)ရွိ ၿပိဳက်ပ်က္စီးမႈမ်ားေအာက္တြင္ ၈၆ နာရီၾကာ ပိတ္မိေနသည့္ အသက္ ၆၀ အ႐ြယ္ အမ်ိဳး သမီးတစ္ဦးကို ၁၁ နာရီၾကာ မနားမေနတူးေဖာ္ကာ ကယ္ ဆယ္ႏိုင္ခဲ့ၿပီး၊ အေမရိကန္၊ ကိုလံဘီယာႏွင့္ မကၠဆီကိုအဖြဲ႕မ်ားကလည္း ေမြးကင္းစကေလးငယ္တစ္ဦးႏွင့္ အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္ႏွစ္ဦးအပါအဝင္ သား အဖႏွစ္ဦးကို အပ်က္အစီးမ်ားထဲမွ ရွာေဖြကယ္ထုတ္ႏိုင္ခဲ့သည္။
ဗင္နီဇြဲလား ယာယီသမၼတ ဒယ္လ္ဆီ ႐ိုဒရီဂြက္ဇ္(Delcy Rodriguez) က ႏိုင္ငံျခားကယ္ဆယ္ေရးသမား ၂,၂၀၀ ခန႔္ႏွင့္အတူ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္ ၁၄,၀၀၀ ေက်ာ္ကို လာဂြါအီရာျပည္နယ္၌ ကင္းလွည့္ပိတ္ဆို႔ကာ ကယ္ဆယ္ေရးလုပ္ ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း အစိုး ရဝန္ထမ္းအခ်ိဳ႕မွာ ၿပိဳက်ပ်က္စီးေနသည့္ အေဆာက္အအုံမ်ားေရွ႕တြင္ ဆဲလ္ဖီဓာတ္ပုံမ်ား႐ိုက္ၿပီး ကူညီျခင္းမျပဳဘဲ ထြက္ခြာသြားခဲ့၍ ေဒသခံမ်ားက ေဒါသတႀကီးျဖင့္ ေျမတူးစက္မ်ားကို ပိတ္ဆို႔ကာ ယာဥ္ ေမာင္းကို Cabin ခန္းထဲမွ ဆြဲထုတ္သည့္ ျဖစ္စဥ္မ်ားအထိ ေဝဖန္မႈမ်ား ျမင့္တက္ေနသည္။
လက္ရွိတြင္ ၿမိဳ႕ေတာ္ကာရကတ္စ္ႏွင့္ ကမ္း႐ိုးတန္းေဒသမ်ားရွိ အပ်က္အစီးမ်ားေအာက္၌ အနည္းဆုံး လူေပါင္းမ်ားစြာ ရွိေနေသးၿပီး ေဆြမ်ိဳးသားခ်င္းမ်ားမွာ ႐ုပ္အေလာင္းမ်ားအျမန္ေဖာ္ ထုတ္ေပးရန္ အျပင္ဘက္၌ ငိုေႂကြးေစာင့္ ဆိုင္းေနၾကရသည္။ ေရႏွင့္ ရိကၡာေထာက္ပံ့မႈမ်ားမွာ ယခုမွသာ စတင္ေရာက္ရွိလာၿပီး ျပည္သူအမ်ားအျပား ေနအိမ္မဲ့ကာ လမ္းမမ်ားေပၚတြင္ စခန္းခ်ေနရဆဲျဖစ္သည္။
ယခုငလ်င္ေဘးအႏၲရာယ္သည္ ဇန္နဝါရီလက သမၼတေဟာင္း မာဒူ႐ို ဖမ္းဆီးခံရၿပီးေနာက္ သမၼတရာထူးလႊဲ ေျပာင္းယူခဲ့သည့္ ဒယ္လ္ဆီ ႐ိုဒရီဂြက္ဇ္ အစိုးရအတြက္ အႀကီးမားဆုံး စမ္းသပ္ခ်က္ျဖစ္သည္။
လက္ရွိတြင္ အေမရိကန္အစိုးရက ေဒၚလာ ၁၅၀ သန္း၊ ဥေရာပသမဂၢ (EU) က ယူ႐ို ၅ သန္း တည္ေပးထားသည့္အျပင္ Copernicus ၿဂိဳဟ္တုစနစ္ျဖင့္ ေျမပုံေဖာ္ထုတ္ကာ ကူညီေန သည္။ ေရာမၿမိဳ႕တြင္လည္း ပုပ္ရဟန္းမင္းႀကီး လီယို က ေဘးသင့္ျပည္သူမ်ားႏွင့္ ကယ္ဆယ္ေရးသမားမ်ားအတြက္ ဆု ေတာင္းေမတၱာ ပို႔သေပးထားေၾကာင္း သိရသည္။
ဗင်နီဇွဲလားအမွှာငလျင်ကြောင့် သေဆုံးသူ ၁,၄၃၀ ကျော်ရှိလာပြီး ပျောက်ဆုံးသူ ၅ သောင်းကျော်နေ၊ အသက်ရှင်ကျန်ရစ်သူတွေ့ရှိရန် မျှော်လင့်ချက်မှေးမှိန်
======================
ဇွန် ၂၉
ဗင်နီဇွဲလားနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းဒေသ လာ ဂွါအီရာ (La Guaira) အနီးတွင် ပြင်းအား ရစ်ခ်ျတာစကေး ၇.၂ နှင့် ၇.၅ အဆင့်ရှိ ပြင်းထန်သော အမွှာငလျင်ကြီးများ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် လေးရက်အကြာတွင် ပိတ်မိနေသူအချို့ကို နောက်ကျမှ ကယ်ဆယ်နိုင်ခဲ့သော်လည်း အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူ ထပ်မံတွေ့ရှိနိုင်ရန် မျှော်လင့် ချက်များမှာ တဖြည်းဖြည်း ချုပ်ငြိမ်းလုနီးပါး ဖြစ်လာနေသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သည့် ၎င်းငလျင်ဘေးကြောင့် စနေနေ့ညပိုင်းတွင် အသက်ရှင်သန်နိုင်စွမ်း အမြင့်ဆုံးဖြစ်သည့် “ရွှေရောင် ၇၂ နာရီ (Golden Hours)” ကာလမှာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ လက်ရှိတွင် လူပေါင်း ၁,၄၃၀ ထက်မနည်း သေဆုံးကြောင်း အတည်ပြုထားရပြီး ပျောက်ဆုံးနေသူ ၅၀,၀၀၀ ကျော် ရှိနေသည်။
သို့သော်လည်း တနင်္ဂနွေနေ့က ရှာဖွေရေးတွင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကို အံ့ဖွယ်ပြန်လည်ကယ်ထုတ်နိုင်ခဲ့၍ မျှော်လင့်ချက်အလင်းအချို့ ကျန်ရှိနေသေးသည်။ အယ်လ်ဆာဗေဒိုနှင့် ပီရူး ကယ်ဆယ်ရေးအဖွဲ့များက ကာရာဗာယီဒါ (Carabayida)ရှိ ပြိုကျပျက်စီးမှုများအောက်တွင် ၈၆ နာရီကြာ ပိတ်မိနေသည့် အသက် ၆၀ အရွယ် အမျိုး သမီးတစ်ဦးကို ၁၁ နာရီကြာ မနားမနေတူးဖော်ကာ ကယ် ဆယ်နိုင်ခဲ့ပြီး၊ အမေရိကန်၊ ကိုလံဘီယာနှင့် မက္ကဆီကိုအဖွဲ့များကလည်း မွေးကင်းစကလေးငယ်တစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် သား အဖနှစ်ဦးကို အပျက်အစီးများထဲမှ ရှာဖွေကယ်ထုတ်နိုင်ခဲ့သည်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်(Delcy Rodriguez) က နိုင်ငံခြားကယ်ဆယ်ရေးသမား ၂,၂၀၀ ခန့်နှင့်အတူ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်ကို လာဂွါအီရာပြည်နယ်၌ ကင်းလှည့်ပိတ်ဆို့ကာ ကယ်ဆယ်ရေးလုပ် ဆောင်နေကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အစိုး ရဝန်ထမ်းအချို့မှာ ပြိုကျပျက်စီးနေသည့် အဆောက်အအုံများရှေ့တွင် ဆဲလ်ဖီဓာတ်ပုံများရိုက်ပြီး ကူညီခြင်းမပြုဘဲ ထွက်ခွာသွားခဲ့၍ ဒေသခံများက ဒေါသတကြီးဖြင့် မြေတူးစက်များကို ပိတ်ဆို့ကာ ယာဉ် မောင်းကို Cabin ခန်းထဲမှ ဆွဲထုတ်သည့် ဖြစ်စဉ်များအထိ ဝေဖန်မှုများ မြင့်တက်နေသည်။
လက်ရှိတွင် မြို့တော်ကာရကတ်စ်နှင့် ကမ်းရိုးတန်းဒေသများရှိ အပျက်အစီးများအောက်၌ အနည်းဆုံး လူပေါင်းများစွာ ရှိနေသေးပြီး ဆွေမျိုးသားချင်းများမှာ ရုပ်အလောင်းများအမြန်ဖော် ထုတ်ပေးရန် အပြင်ဘက်၌ ငိုကြွေးစောင့် ဆိုင်းနေကြရသည်။ ရေနှင့် ရိက္ခာထောက်ပံ့မှုများမှာ ယခုမှသာ စတင်ရောက်ရှိလာပြီး ပြည်သူအများအပြား နေအိမ်မဲ့ကာ လမ်းမများပေါ်တွင် စခန်းချနေရဆဲဖြစ်သည်။
ယခုငလျင်ဘေးအန္တရာယ်သည် ဇန်နဝါရီလက သမ္မတဟောင်း မာဒူရို ဖမ်းဆီးခံရပြီးနောက် သမ္မတရာထူးလွှဲ ပြောင်းယူခဲ့သည့် ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် အစိုးရအတွက် အကြီးမားဆုံး စမ်းသပ်ချက်ဖြစ်သည်။
လက်ရှိတွင် အမေရိကန်အစိုးရက ဒေါ်လာ ၁၅၀ သန်း၊ ဥရောပသမဂ္ဂ (EU) က ယူရို ၅ သန်း တည်ပေးထားသည့်အပြင် Copernicus ဂြိုဟ်တုစနစ်ဖြင့် မြေပုံဖော်ထုတ်ကာ ကူညီနေ သည်။ ရောမမြို့တွင်လည်း ပုပ်ရဟန်းမင်းကြီး လီယို က ဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးသမားများအတွက် ဆု တောင်းမေတ္တာ ပို့သပေးထားကြောင်း သိရသည်။




