Author: USDP 2016
ကိုရီးယားသို့ဆေးကုသွားရန်ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီကူညီပေး
ပျဉ်းမနား ဇူလိုင် ၁၁
ပျဉ်းမနားမြို့နယ်ရန်အောင်(၁) ရပ်ကွက်ဘိုကုန်းရပ်နေ ဒေါ်ဝင်း မာအောင်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီခွဲတွင် ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်Globel Hope လူမှုကူညီရေးအဖွဲ့မှ ကိုယ် စားလှယ်ဦးဘုန်းမြတ်(Mr. Lee, Jae Hee) တို့ ရောက်ရှိလာပြီး ဒေါ်ဝင်းမာအောင်၏သမီးဖြစ်သူ မသီရိစံ၏ ခြေထောက်တံကောက် ကွေးရှိ မီးလောင်ဒဏ်ရာများကို ကိုရီးယားနိုင်ငံတွင် သွားရောက် ခွဲစိတ်ဆေးကုသမှုခံယူရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံတတိယ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် စတင်ကျင်းပခဲ့ပြီး ယင်း အခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးလှသိန်း၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာမောင်သင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေါ်နန်းနီနီအေး(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)တို့ တက်ရောက် ခဲ့ကြသည်။
Read moreပုသိမ်မြို့နယ် ၀က်ကြီးကွင်းကျေးရွာ ပါတီဆိုင်းဘုတ်အသစ် ပြန်လည်တင်ခြင်းနှင့် တွေ့ဆုံပွဲကျင်းပ
11-7-2018 ရက်နေ့ ပုသိမ်မြို့နယ် ဝက်ကြီးကွင်းကျေးရွာတွင် ပါတီဆိုင်းဘုတ်အသစ်ပြန်လည် တင်ခြင်းနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ ပုသိမ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ထွန်းဇော် ကော်မတီဝင် တိုက်နယ်တာဝန်ခံ ဦးစိုးလွင် သတင်းမီဒီယာတာဝန်ခံ ဦးအောင်စိုးဦး၊ ဒေါ်လေးလေးနွယ်တို့ တက်ရောက်ခဲ့ပြီး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစိန်လှအောင်နှင့် အဖွဲ့ဝင်များ (60) ဦးတက်ရောက်ကြပါသည်။ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်တိုက်နယ်တာဝန်ခံတို့မှ Eco မီးဖိုသုံးစွဲမှုအကြောင်း၊ ၂၀၁၇ – ၂၀၁၈ပညာသင်နှစ် ထူးချွန်ကျောင်းသား/သူများ ဆုချီးမြင့်မည့် အစီအစဉ်များ တောင်သူလယ်သမားရေးရာ တွေ့ဆုံပွဲသို့ တက်ရောက်ရမည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဒေသခံပါတီဝင်များမှ လည်း အားတက်သရော ထောက်ခံအားပေးခဲ့ပီး ၂၀၂၀ အောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားပါမည်ဟု ပြောကြားခဲ့ပါသည်။
Read more(၂၀၁၈)ဗဟိုပါတီလူငယ်ညီလာခံ အတွေ့ အကြုံရှင်းလင်း ပွဲအခမ်းအနား ကျင်းပ ဇူလှိုင်-၁၁
ပုဗ္ဗသီရိမြို့ နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ လူငယ်အတွေ့ အကြုံရှင်းလင်းပွဲအား(၁၁.၇.၂၀၁၈) ရက်နေ့ နံနက်(၉)နာရီအချိန် မြို့ နယ်ပါတီရုံးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
Read moreဘလွန်းဒီအောကို ဂရုမစိုက်ဘဲ ကမ္ဘာ့ဖလားသာလိုအပ်ဟု မက်ဘီပြော

ကမ္ဘာ့ဖလားကိုသာအ လိုရှိပြီး ဘလွန်းဒီအောကဲ့သို့တစ် ဦးချင်းဆုများကို စိတ်မဝင်စားဟု ပြင်သစ် ဆယ်ကျော်သက် တိုက် စစ်မှူး ကိုင်လီယန်မက်ဘီက ပြောကြားသည်။
မက်ဘီသည် ပြင်သစ်က ဘယ်လ်ဂျီယံကို နိုင်သောပွဲတွင် ခြေစွမ်းပြခဲ့ပြီး တိုက်စစ်မှူး အိုလီ ယာဂျီရော့ဒ်အတွက် ပဉ္စလက် ဆန်သောဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့သည်။
Read moreဆီမီးဖိုင်နယ် ကျိန်စာဆိုး သင့်နေခဲ့တဲ့ အင်္ဂလန်အသင်း

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလမ်းခရီးဟာ ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်အဆင့်နဲ့တင် အဆုံးသတ်ပြီးဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ခြင်္သေ့သုံးကောင်လို့ နာမည်ပြောင်ရ အင်္ဂလန်အသင်းဟာ မာရီယိုမန်ဇူကစ်ရဲ့ အချိန်ပိုသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပြီး အသည်းကွဲသွားခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အင်္ဂလန်အသင်းရဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ် ပွဲ (၄)ပွဲမြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။
Read moreထိပ်သီးအစည်းအဝေး ပထမနေ့တွင် သဘောထား တိုက်ဆိုင်မှု မရရှိခဲ့ကြောင်း နေတိုးအကြီးအကဲ ၀န်ခံ

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၂
ဘရပ်ဆဲလ်တွင် ဇူလိုင် ၁၁ ရက်က ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေး ပထမနေ့ ပြီးဆုံးသွားသော်လည်း အဖွဲ့ဝင် မဟာမိတ်များကြားက သဘောထား မတိုက်ဆိုင်မှုများကို ညှိနှိုင်းနိုင်ခြင်း မရှိခဲ့ကြောင်း နေတိုး အတွင်းရေးမှူးချုပ်က ၀န်ခံပြောကြားသည်။
Read moreမြန်မာနိုင်ငံကို ဗီဇာထုတ်ပေးမှု အမေရိကန် ကန့်သတ်

Photo – hurray.usa.nl
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေကို ပြောရဆိုရခက်တဲ့ နိုင်ငံတွေစာရင်းသွင်းလိုက်ပြီး ဗီဇာထုတ်ပေးမှုတွေ ကန့်သတ်လိုက်တယ်ဆိုပြီး အမေရိကန်စိုးရရဲ့ တရားဝင် ၀က်ဆိုက်ဒ်ကနေ တရားဝင် ကြေငြာမှု ပြုလုပ်ခဲ့ပါတယ်။
Read moreအီရန် စည်ပင်သာယာဝန်ထမ်းများ၏ လာဘ်စားမှု တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေ

အီရန်နိုင်ငံက စည်ပင်သာယာဝန်ထမ်းတွေရဲ့ လာဘ်စားမှုဟာ ကပ်ရောဂါတခုလို တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတယ်လို့ တီဟီရန်မြို့တော်ကောင်စီ ဥက္ကဋ္ဌက ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြို့တော်ကောင်စီဥက္ကဋ္ဌ မိုဆန် ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီနဲ့ အီရန်အစိုးရ သတင်းအေဂျင်စီ (ISNA) တို့ တွေ့ဆုံမေးမြန်းရာမှာ စည်ပင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဝန်ခံပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။
Read more







