ဥေရာပအပူလႈိင္းေၾကာင့္ ျပင္သစ္တြင္ ပုံမွန္ထက္ပိုမိုေသာ ေသဆုံးသူ ၁,၀၀ဝ ရွိလာၿပီး ဂ်ာမနီ၌ ႏွစ္ေပါင္း ၁၅၀ အတြင္း အပူဆုံးညစံခ်ိန္တင္၊ ေသဆုံးမႈႏႈန္း ထပ္မံျမင့္တက္လာႏိုင္

ဥေရာပအပူလႈိင္းေၾကာင့္ ျပင္သစ္တြင္ ပုံမွန္ထက္ပိုမိုေသာ ေသဆုံးသူ ၁,၀၀ဝ ရွိလာၿပီး ဂ်ာမနီ၌ ႏွစ္ေပါင္း ၁၅၀ အတြင္း အပူဆုံးညစံခ်ိန္တင္၊ ေသဆုံးမႈႏႈန္း ထပ္မံျမင့္တက္လာႏိုင္
==========================
ဇြန္ ၂၉

ဥေရာပတိုက္တစ္ဝွမ္းတြင္ သမိုင္းတစ္ေလွ်ာက္ ျပင္းထန္ေသာ အပူလႈိင္း (Heatwave) မ်ား ဆက္တိုက္က်ေရာက္ေနမႈေၾကာင့္ ျပင္သစ္ႏိုင္ငံ၌ ပုံမွန္ထက္ပိုမိုေသာ ေသဆုံးသူ (Excess Deaths) အေရအတြက္မွာ လတ္တေလာတြင္ ၁,၀၀၀ အထိ ျမင့္တက္လာေၾကာင္း ျပင္သစ္ျပည္သူ႔က်န္း မာေရးေအဂ်င္စီက တရားဝင္ထုတ္ျပန္သည္။

က်န္းမာေရးဝန္ႀကီးဌာနေအာက္ရွိ ျပည္သူ႔က်န္းမာေရးေအ ဂ်င္စီ၏ တနဂၤေႏြေန႔ထုတ္ျပန္ခ်က္အရ အပူလြန္ကဲမႈဒဏ္ေၾကာင့္ ေသဆုံးရသူအမ်ားစုမွာ အသက္ ၆၅ ႏွစ္ႏွင့္အထက္ သက္ႀကီး႐ြယ္အိုမ်ား ျဖစ္ၾကသည္။

သို႔ေသာ္လည္း လက္ရွိကိန္းဂဏန္းမွာ ကနဦးေရတြက္ခ်က္မႈသာ ျဖစ္ၿပီး ေနအိမ္မ်ားႏွင့္ သက္ႀကီး႐ြယ္အိုေစာင့္ ေရွာက္ေရးေဂဟာမ်ားမွ ေသဆုံးမႈအခ်က္အလက္မ်ား ထပ္မံရရွိပါက ေသ ဆုံးမႈႏႈန္းသည္ ယခုထက္ ပိုမိုျမင့္တက္လာႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။ ျပင္သစ္က်န္းမာေရးဝန္ႀကီး စတက္ဖနီ ရစ္စ္တ္ (Stephanie Rist) က ယခုအပူလႈိင္း၏ ႐ိုက္ခတ္မႈသည္ အနည္းဆုံး ၁၀ ရက္ခန႔္အထိ ဆက္လက္တည္ရွိေနႏိုင္ေသးေၾကာင္း သတိေပးထားသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၀ ရက္ေန႔ကတည္းက စတင္ခဲ့ေသာ အဆိုပါ အပူလႈိင္းေၾကာင့္ ဥေရာပတိုက္ရွိ ျပတိုက္မ်ားႏွင့္ စာသင္ ေက်ာင္း အေျမာက္အျမားကို အခ်ိန္ေစာ၍ ပိတ္ထားခဲ့ရသည္။ ေအအက္ဖ္ပီ (AFP) သတင္းဌာန၏ တိုင္းတာခ်က္မ်ားအရ ဥေရာပရွိ လူဦးေရ အနည္းဆုံး ၁၉၁ သန္းခန႔္သည္ ၃၅ ဒီဂရီဆဲလ္စီးယပ္စ္ (၉၅ ဒီဂရီဖာရင္ဟိုက္) ႏွင့္အထက္ ျပင္းထန္ေသာအပူခ်ိန္ကို အလူးအလဲ ခံစားေနရသည္။

၎အပူလႈိင္းသည္ လတ္တေလာတြင္ ဂ်ာမနီ၊ ခ်က္သမၼတ ႏိုင္ငံ၊ ဟန္ေဂရီ၊ ပိုလန္၊ စလိုဗာကီးယား၊ ဆားဘီးယား၊ ခ႐ိုေအးရွား၊ အီတလီ၊ ဩစႀတီးယားႏွင့္ ယူကရိန္းႏိုင္ငံအေနာက္ပိုင္းတို႔သို႔ ေ႐ြ႕လ်ားသက္ေရာက္လ်က္ရွိသည္။

ဂ်ာမနီႏိုင္ငံတြင္ ရက္ေပါင္းမ်ားစြာတိုင္ေအာင္ အပူခ်ိန္ ၄၀ ဒီဂရီဆဲလ္စီးယပ္စ္ (၁၀၄ ဒီဂရီဖာရင္ဟိုက္) အထိ ျမင့္တက္ခဲ့ၿပီး၊ အေရွ႕ပိုင္း ကြပ္ရႈဇ္ (Kubschuetz) ၿမိဳ႕တြင္ စေနေန႔ညပိုင္းအတြင္း အပူခ်ိန္မွာ ၂၉.၄ ဒီဂရီဆဲလ္စီးယပ္စ္ေအာက္သို႔ က်ဆင္းသြားျခင္းမရွိခဲ့ေပ။ ယင္းမွာ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၁၅၀ နီးပါးခန႔္က သမိုင္းမွတ္တမ္းမ်ား စတင္ေကာက္ယူခဲ့ၿပီးကတည္းက အပူဆုံးညစံခ်ိန္သစ္ ျဖစ္လာခဲ့သည္။

ထို႔ျပင္ အပူဒဏ္သက္သာေစရန္ ျမစ္ေခ်ာင္းအိုင္မ်ား၌ ေရ ကူးၾကရာမွ ယခုသီတင္းပတ္ကုန္တြင္ ေရနစ္မႈေၾကာင့္ အနည္း ဆုံး ၇ ဦး ထပ္မံေသဆုံးခဲ့ရသည္။ စေနေန႔က ဂ်ာမနီ၊ ဒိန္းမတ္ႏွင့္ ခ်က္သမၼတႏိုင္ငံတို႔တြင္ သမိုင္းတစ္ ေလွ်ာက္ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္သစ္မ်ား စတင္တင္ခဲ့သည္။

ပတ္ဝန္းက်င္ထိန္းသိမ္းေရး သိပၸံပညာရွင္မ်ား၏ သုံးသပ္ခ်က္အရ ယခုကဲ့သို႔ ျပင္းထန္လြန္းေသာ အပူလႈိင္းသည္ လူသားတို႔ေၾကာင့္ ျဖစ္ပြားရသည့္ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈ (Climate Change) ေၾကာင့္သာ ျဖစ္ပြားရျခင္း ျဖစ္သည္။ ေျမ ျပင္တြင္မူ “အိုမီဂါပိတ္ဆို႔ျခင္း (Omega Block)” ဟု ေခၚဆိုသည့္ ေလထုျဖစ္စဥ္ေၾကာင့္ ပူေႏြးေသာ ေလထုထုထည္ႀကီးတစ္ခုသည္ ေဒသတြင္း၌ အခ်ိန္ၾကာျမင့္စြာ ထြက္ေပါက္မရွိ ပိတ္မိေနျခင္းေၾကာင့္ ျဖစ္သည္။

ယခုသီတင္းပတ္ကုန္တြင္ အပူလြန္ကဲမႈ အနည္းငယ္ ေလ်ာ့ပါးသြားႏိုင္ေသာ္လည္း ယင္းေနာက္ဆက္တြဲအျဖစ္ ျပင္းထန္ေသာ မိုးသက္မုန္တိုင္းမ်ားႏွင့္ ေလျပင္းတိုက္ခတ္မႈမ်ား ဝင္ေရာက္ လာႏိုင္ေၾကာင္း မိုးေလဝသဌာနမ်ားက သတိေပးထားသည္။


ဥရောပအပူလှိုင်းကြောင့် ပြင်သစ်တွင် ပုံမှန်ထက်ပိုမိုသော သေဆုံးသူ ၁,၀၀ဝ ရှိလာပြီး ဂျာမနီ၌ နှစ်ပေါင်း ၁၅၀ အတွင်း အပူဆုံးညစံချိန်တင်၊ သေဆုံးမှုနှုန်း ထပ်မံမြင့်တက်လာနိုင်
==========================
ဇွန် ၂၉

ဥရောပတိုက်တစ်ဝှမ်းတွင် သမိုင်းတစ်လျှောက် ပြင်းထန်သော အပူလှိုင်း (Heatwave) များ ဆက်တိုက်ကျရောက်နေမှုကြောင့် ပြင်သစ်နိုင်ငံ၌ ပုံမှန်ထက်ပိုမိုသော သေဆုံးသူ (Excess Deaths) အရေအတွက်မှာ လတ်တလောတွင် ၁,၀၀၀ အထိ မြင့်တက်လာကြောင်း ပြင်သစ်ပြည်သူ့ကျန်း မာရေးအေဂျင်စီက တရားဝင်ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးအေ ဂျင်စီ၏ တနင်္ဂနွေနေ့ထုတ်ပြန်ချက်အရ အပူလွန်ကဲမှုဒဏ်ကြောင့် သေဆုံးရသူအများစုမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

သို့သော်လည်း လက်ရှိကိန်းဂဏန်းမှာ ကနဦးရေတွက်ချက်မှုသာ ဖြစ်ပြီး နေအိမ်များနှင့် သက်ကြီးရွယ်အိုစောင့် ရှောက်ရေးဂေဟာများမှ သေဆုံးမှုအချက်အလက်များ ထပ်မံရရှိပါက သေ ဆုံးမှုနှုန်းသည် ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ပြင်သစ်ကျန်းမာရေးဝန်ကြီး စတက်ဖနီ ရစ်စ်တ် (Stephanie Rist) က ယခုအပူလှိုင်း၏ ရိုက်ခတ်မှုသည် အနည်းဆုံး ၁၀ ရက်ခန့်အထိ ဆက်လက်တည်ရှိနေနိုင်သေးကြောင်း သတိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကတည်းက စတင်ခဲ့သော အဆိုပါ အပူလှိုင်းကြောင့် ဥရောပတိုက်ရှိ ပြတိုက်များနှင့် စာသင် ကျောင်း အမြောက်အမြားကို အချိန်စော၍ ပိတ်ထားခဲ့ရသည်။ အေအက်ဖ်ပီ (AFP) သတင်းဌာန၏ တိုင်းတာချက်များအရ ဥရောပရှိ လူဦးရေ အနည်းဆုံး ၁၉၁ သန်းခန့်သည် ၃၅ ဒီဂရီဆဲလ်စီးယပ်စ် (၉၅ ဒီဂရီဖာရင်ဟိုက်) နှင့်အထက် ပြင်းထန်သောအပူချိန်ကို အလူးအလဲ ခံစားနေရသည်။

၎င်းအပူလှိုင်းသည် လတ်တလောတွင် ဂျာမနီ၊ ချက်သမ္မတ နိုင်ငံ၊ ဟန်ဂေရီ၊ ပိုလန်၊ စလိုဗာကီးယား၊ ဆားဘီးယား၊ ခရိုအေးရှား၊ အီတလီ၊ ဩစတြီးယားနှင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းတို့သို့ ရွေ့လျားသက်ရောက်လျက်ရှိသည်။

ဂျာမနီနိုင်ငံတွင် ရက်ပေါင်းများစွာတိုင်အောင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး၊ အရှေ့ပိုင်း ကွပ်ရှုဇ် (Kubschuetz) မြို့တွင် စနေနေ့ညပိုင်းအတွင်း အပူချိန်မှာ ၂၉.၄ ဒီဂရီဆဲလ်စီးယပ်စ်အောက်သို့ ကျဆင်းသွားခြင်းမရှိခဲ့ပေ။ ယင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ နီးပါးခန့်က သမိုင်းမှတ်တမ်းများ စတင်ကောက်ယူခဲ့ပြီးကတည်းက အပူဆုံးညစံချိန်သစ် ဖြစ်လာခဲ့သည်။

ထို့ပြင် အပူဒဏ်သက်သာစေရန် မြစ်ချောင်းအိုင်များ၌ ရေ ကူးကြရာမှ ယခုသီတင်းပတ်ကုန်တွင် ရေနစ်မှုကြောင့် အနည်း ဆုံး ၇ ဦး ထပ်မံသေဆုံးခဲ့ရသည်။ စနေနေ့က ဂျာမနီ၊ ဒိန်းမတ်နှင့် ချက်သမ္မတနိုင်ငံတို့တွင် သမိုင်းတစ် လျှောက် အမြင့်ဆုံးအပူချိန် စံချိန်သစ်များ စတင်တင်ခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး သိပ္ပံပညာရှင်များ၏ သုံးသပ်ချက်အရ ယခုကဲ့သို့ ပြင်းထန်လွန်းသော အပူလှိုင်းသည် လူသားတို့ကြောင့် ဖြစ်ပွားရသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့်သာ ဖြစ်ပွားရခြင်း ဖြစ်သည်။ မြေ ပြင်တွင်မူ “အိုမီဂါပိတ်ဆို့ခြင်း (Omega Block)” ဟု ခေါ်ဆိုသည့် လေထုဖြစ်စဉ်ကြောင့် ပူနွေးသော လေထုထုထည်ကြီးတစ်ခုသည် ဒေသတွင်း၌ အချိန်ကြာမြင့်စွာ ထွက်ပေါက်မရှိ ပိတ်မိနေခြင်းကြောင့် ဖြစ်သည်။

ယခုသီတင်းပတ်ကုန်တွင် အပူလွန်ကဲမှု အနည်းငယ် လျော့ပါးသွားနိုင်သော်လည်း ယင်းနောက်ဆက်တွဲအဖြစ် ပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုများ ဝင်ရောက် လာနိုင်ကြောင်း မိုးလေဝသဌာနများက သတိပေးထားသည်။