Author: USDP 2016
စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်တဲ့ အသက် ၁၅ နှစ်အရွယ် ဖိလစ်ပိုင် ကျောင်းသား
သင်လမ်းလျှောက်တိုင်း သင့်စမတ်ဖုန်းကို အားသွင်းနိုင်မယ်ဆိုရင် တော်တော်မိုက်မှာပါ။ အခုတော့ ဒါဟာ တကယ် ဖြစ်လာပါပြီ။
ဖိလစ်ပိုင်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသား Angelo Casimiro က လမ်းလျှောက်တာနဲ့ စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်ပါတယ်။ သဘောတရားက ရိုးရှင်းပါတယ်။ ရွေ့လျား စွမ်းအင် ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတာ ဖြစ်ပါတယ်။
Read moreခါးနာသက်သာစေမယ့် လွယ်ကူတဲ့ အကြောလျော့နည်းတွေ
အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်ရတဲ့ ဝန်ထမ်း တော်တော်များများဟာ ခါးနာ/နောက်ကျောနာ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ တကယ်တော့ ကိုယ်လက်လုပ်ရှားမှုနည်းပြီး နောက်ကျော သွေးစီးဆင်းမှုတွေ မကောင်းတော့ အညောင်းမိပြီး လေးလံ ထိုင်းမိုင်းနေတာပါ။
တစ်ခါတစ်လေ ပိုပြင်းထန်လာတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ခြေထောက်တွေ ကျဉ်လာတတ်ပါတယ်။ ဝေဒနာက အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်ဆီမှာ ဆေးကုသမှု ခံယူသင့်ပါတယ်။
Read moreဟောင်ကောင်နှင့်စင်ကာပူတို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများမြင့်တက်လာ
လူဦးရေထူထပ်သော ဟောင်ကောင် နှင့်စင်ကာပူတို့၌ ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှုများ ပြန်လည်မြင့်တက်လာလျက် ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက မေလ ၁၅ ရက်တွင်သတိပေးထားသည်။ ဟောင်ကောင်ဒေသ) ရောကို ကူးစက် မှုအခြေအနေက အလွန်မြင့်မားနေကြာင်း ရောဂါစစ်ဆေးတွေ့ရှိမှုပမာဏမှာလည်း တစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကျန်းမာရေးဌာန မှ ကူးစက်ရောဂါဌာနမှူး သဲဘတ်ဩက ပြောသည်။ လ၃ရက်အထိ တစ်ပတ်တာကာလ အတွင်း အတွင်း ရောဂါကူးစက်ခံရသူ ၃၁ ဦး ရှိကာ ထိုသို့ကူးစက်ခံရပြီးနောက်သေဆုံး၊ သူများလည်းပါဝင်ကြောင်း ကျန်းမာရေး ဌာနကထုတ်ပြန်ထားသည်။
Read moreအူထိုင်းဌာနီအသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် မြန်မာတိုက်စစ်မှူး အောင်သူ
ထိုင်းလိဂ်(၁)ကလပ် အူထိုင်းဌာနီအက်ဖ်စီအသင်းတွင် ပါဝင်ကစားနေသည့် မြန်မာတိုက်စစ်မှူး အောင်သူမှာ စာချုပ်သက်တမ်းပြည့်ပြီဖြစ်သဖြင့် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မေလ (၁၅) ရက်တွင် အသင်းက အသိပေးထားသည်။
ယခု ၂၀၂၄-၂၅ ဘောလုံးရာသီအပြီး အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ခြင်းကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ကာ အသင်း၌ ပါဝင်ကစားနေစဉ်ကာလအတွင်း ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ် ကျေးဇူးတင်ကြောင်း အသိ ပေးချက်တွင် ထည့်သွင်းပြောကြားထားသည်။
Read moreအိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က သံတမန်များကို အပြန်အလှန်နှင်ထုတ်လိုက်ကြောင်း သိရသည်။
နှင်ထုတ်ခံရသည့်သံတမန်များသည် သူလျှိုလုပ်ငန်းများကို လုပ်ဆောင်သည်ဟူသော စွပ်စွဲချက်များဖြင့် နှင်ထုတ်ခံ ရခြင်းဖြစ်သည်ဟု နှစ်နိုင်ငံစလုံးမှတာဝန်ရှိသူများက ပြောသည်။
အိန္ဒိယအစိုးရသည် နယူးဒေလီမြို့ရှိ ပါကစ္စတန် သံရုံးမှ တာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ကြောင်းနှင့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန်လည်း တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ဖော်ပြထားသည်။
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန်နှင့် နှစ်(၈၀)ပြည့် Great Patriotic war အခမ်းအနားတက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာ
မေ ၁၅၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ Belays Rus ပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင်းစ်မြို့တွင် မေလ (၁၅)ရက်မှ (၁၇)ရက်နေ့ထိ ကျင်းပမည့် နှစ်(၈၀)ပြည့် Great Patriotic War အခမ်းအနား တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ၁၈၀၀ နာရီချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။
Read moreပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
ရန်ကုန် မေ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ခရိုင် တစ်ခုချင်းအလိုက် ပါတီတာဝန်ရှိသူများ၊ တိုင်းပါတီကော်မတီဝင်များအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အသေးစိတ်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှုများအား ၂၀၂၅ခုနှစ် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်တိုင်တိုင်တွေ့ဆုံဆောင်ရွက်ခဲ့ပါသည်။
သံရုံးနေအိမ်က မဆင်းဘဲ ပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲ
လန်ဒန်မြို့က မြန်မာ သံရုံးနေအိမ်ကနေ မဖယ်ပေးဘဲ အတင်းပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
ဦးကျော်စွာမင်းမှာ နစကအစိုးရတက်လာပြီးနောက် သံအမတ်ရာထူးကနေ ဖြုတ်ချခံရပေမယ့် သံရုံးနေအိမ်ကနေ ထွက်ခွာပေးဖို့ ငြင်းဆန်နေခဲ့တာဖြစ်တဲ့အတွက် ဗြိတိန်ရဲတပ်ဖွဲ့က ပိုင်နက်ကျူးလွန်မှုနဲ့ စွဲချက်တင်ထားတယ်လို့ Reuters က သတင်းဌာနက ရေးသားထားပါတယ်။
Read moreနည်းလမ်းမှန်မှန်နဲ့ ခေါင်းလျှော်ကြရဲ့လား
စနစ်တကျ ခေါင်းလျှော်မယ်ဆိုရင် ကျွန်မတို့ရဲ့ဆံသားတွေကို သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ဆံသားလေး သိသိသာသာပြောင်းလဲသွားဖို့ဆိုရင် ခေါင်းလျှော်နေစဉ်အတွင်း လိုက်နာသင့်တဲ့ စည်းမျဉ်းငါးချက်ကတော့
(၁) ခေါင်းလျှော်ရည်ကို မှန်မှန်ကန်ကန်ရွေးချယ်ပါ
ဆံသားပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပါ။ ဘယ်လိုခေါင်းလျှော်ရည် အမျိုးအစားကို ဝယ်ရမလဲ မသိရင် ဆံသားကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ကြည့်လို့ရပါတယ်။ ပျော့ဆေးတစ်ခါတည်းပါတဲ့ ခေါင်းလျှော်ရည်ကို ဝယ်မယ့်အစား ဆံသားကောင်းစေဖို့အတွက် ခေါင်းလျှော်ရည်သပ်သပ်၊ ပျော့ဆေးသပ်သပ် ဝယ်ယူပါ။
Read more