ခရိုအေးရှားအစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်လာသူများ ဘောလုံးအသင်းဂျာစီဝတ်ပြီး ဂုဏ်ပြု

ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန်ကို နိုင်ပြီး ဗိုလ်လုပွဲ ပြင်သစ်နဲ့ ယှဉ်ပြိုင်ရမယ့် နိုင်ငံရဲ့ ဘောလုံးအသင်းကို ဂုဏ်ပြုပြီး ခရိုအေးရှား ဝန်ကြီးချုပ် အန်ဒရက်ပလန်ကိုဗစ်နဲ့ သူ့ဝန်ကြီးအဖွဲ့ဟာ ဇူလိုင် ၁၂ ရက်က အစိုးရအဖွဲ့ အစည်းအဝေးကို အနီနဲ့ အဖြူကွက် နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း အင်္ကျီတွေ ဝတ်ပြီး ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Read more

ပေါင်သန်း ၉၀ ရှိပြီဖြစ်တဲ့ မိုဗစ်ခ်ျရဲ့ နည်းပြလျော်ကြေး

ချဲလ်ဆီးအသင်းဟာ အီတလီလူမျိုးနည်းပြကွန်တီကို ထုတ်ပယ်ဖို့အတွက် မနေ့တုန်းက လျော်ကြေးပေါင် ၉ သန်း နဲ့ သဘောတူညီမှု ရရှိပြီး တရားဝင် လမ်းခွဲနိုင်ခဲ့ပါတယ်။

ဒါဟာ ၂၀၀၃ ခုနှစ်က ချဲလ်ဆီးအသင်းကို ရုရှားဘီလျံနာအေဘရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်းမှာ အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ၉ ဦးမြောက် နည်းပြလည်းဖြစ်ခဲ့ကာ သူတို့အားလုံးအတွက် မိုဗစ်ခ်ျ ပေးချေခဲ့ရတဲ့ လျော်ကြေးက လည်း ပေါင်သန်း ၉၀ နီးပါးအထိ ရှိနေပြီလို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

Read more

အီးယူမှ ခွဲထွက်ပြီးနောက် ဗြိတိန်-အမေရိကန် ကုန်သွယ်ရေးအတွက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

လန်ဒန်၊ ဇူလိုင် ၁၃

လန်ဒန်သို့ ရောက်ရှိသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အီးယူမှ နိုင်ငံခွဲထွက်ခြင်းသည် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးသစ် ဖြစ်ထွန်းစေပြီး ယင်းက ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ စေ့ဆော်ပေးမည်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက် ညနေက ပြောလိုက်သည်။

Read more

အကြမ်းဖက်မှုများ လုပ်ဆောင်ရန် အတွက် အီရန်က သံရုံးများကို အသုံးချနေဟု အမေရိကန်စွပ်စွဲ

ဝါရှင်တန် ဇူလိုင် ၁၁ ဥရောပ၌ မကြာသေးမီက အကြမ်းဖက် လှုပ်ရှားမှုများနှင့်ဆက်စပ်နေသည့် အီရန် သံတမန် တစ်ဦး ဖမ်းဆီးခံရ မှုသည် အီရန်က အကြမ်းဖက်မှုများ လုပ်ဆောင်ရန်အတွက် သံရုံးများကို အသုံးချနေသည် ဟူသော ဥပမာ တစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက စွပ်စွဲ ပြောဆိုလိုက်သည်။

Read more

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တောင်ကိုရီးယား သမ္မတမွန်းတို့ စင်ကာပူနိုင်ငံတွင် တွေ့ဆုံ

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းနှင့် စင်ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယား သမ္မတ မွန်းဂျယ်အင်းတို့ ဇူလိုင် ၁၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။

လွန်ခဲ့သောလက ကျင်းပခဲ့သည့် အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးသည် ကိုရီးယား ကျွန်းဆွယ်အရေးနှင့်ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများအတွက် အပြုသဘောေ ဆာင်သော ရလဒ်များ ထွက်ပေါ်စေရန် ကူညီထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်မိ ပါကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြားခဲ့သည်။

Read more

ပြည်ထဲရေးနှင့် လ၀က အရာရှိကြီးများကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်

ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေး မှူးချုပ် အဆင့်နှင့် အထက်အရာရှိကြီးများ ကို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ပိတ် ပင်ရန် အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက ဇူလိုင်  ၁၀ ရက်တွင်ထုတ်ပြန်ကြေညာသည်။

Read more

၂၁ ရာစု ပင်လုံဖွင့်ပွဲသို့ ညီလာခံကိုယ်စားလှယ်များအပါအဝင် လူဦးရေ ၁,၀၀၀ ကျော် တက်ရောက်

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အရ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ညီလာခံ ကိုယ်စားလှယ်များအပါအဝင် လူ ၁,၂၀၀ ကျော် တက်ရောက်သည်။

Read more

တပ်မတော်ခေါင်းဆောင်များနှင့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ တွေ့ဆုံဆွေးနွေး NCA လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးမှုပါဝင်ကြောင်း တပ်မတော်ထုတ်ပြန်

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်  မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ကို နှစ်စုခွဲ၍ သီးခြားစီ လက်ခံတွေ့ဆုံ သည်။

‘၀’အဖွဲ့ (UWSA)၊ ကချင် အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအ ဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)နှင့် ရခိုင်အဖွဲ့ (AA)မြောက် ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)ဟူ၍ စုဖွဲ့ထားရာ ယင်းစုဖွဲ့မှုကို အစိုးရနှင့်တပ်မတော်က အသိအ မှတ်မပြုသေးပေ။

Read more

မြန်မာအပေါ်ပိတ်ဆို့အရေးယူဖို့ အမေရိကန်လွှတ်တော်ကို ၄၆ ဖွဲ့တိုက်တွန်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာ့တပ်မတော် အရာရှိတွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူရေးအတွက် ဥပဒေသစ်တရပ် ချမှတ်ပြဋ္ဌာန်းဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၄၆ ဖွဲ့က အမေရိကန်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

Read more

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် လူ့အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ရေး ဆက်လက်ကူညီမည်ဟု ကမ္ဘာ့ဘဏ်အတည်ပြု

 

မြန်မာနိုင်ငံတွင်ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းတည်ဆောက်ရေးစီမံကိန်းကိုအကောင်အထည် ဖော်ပြင်ဆင်ရန် ကမ္ဘာ့ဘဏ်ကကန်ဒေါ်လာ သန်း ၂၅၀ အထိ ကူညီမည်ဟု ယမန်နေ့တွင် သတင်း ထုတ်ပြန် သည်။ အဆိုပါ စီမံကိန်းအတွက် အဓိကကျသည့် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြေခံကျသည့် လူမှုဝန်ဆောင်မှုများနှင့် ရုပ်ပိုင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ရပ်ရွာအသိုင်းအဝိုင်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်မည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။

Read more