ကြန္ပ်ဴတာမရွိဘဲ Microsoft Word သင္ေပးခဲ့တဲ့ဆရာ

ကြန္ပ်ဴတာမရွိဘဲ Microsoft Word သင္ေပးခဲ့တဲ့ဆရာ
===============================
ဂါနာက ဆရာတစ္ေယာက္ဟာ သူ႔ေက်ာင္းသားေတြ ICT စာေမးပြဲ မက်ေအာင္ စဥ္းစားခန္းထုတ္ေနပါတယ္။

အထက္တန္းတက္ဖို႔ဆိုရင္ သူ႔ေက်ာင္းသားေတြအေနနဲ႔ ICT ဘာသာရပ္ ေအာင္မွ ျဖစ္မွာပါ။ ခက္တာက သူတို႔ေက်ာင္းမွာ ကြန္ပ်ဴတာတစ္လုံးမွ မရွိပါဘူး။ ကူမာဆီၿမိဳ႕က ဆရာရစ္ခ်တ္ အက္ပီးယား အာကိုတို စဥ္းစားေနတာ ကြန္ပ်ဴတာမရွိဘဲ ေက်ာင္းသားေတြ ICT ေအာင္ဖို႔ပါ။

ေနာက္ေတာ့ သူ႔ေခါင္းထဲ တကယ္ထူးဆန္းတဲ့ အိုင္ဒီယာတစ္ခု ဝင္လာပါတယ္။ အဲ့ဒါက Microsoft Word ေဆာ့ဖ္ဝဲလ္ interface ႀကီးတစ္ခုလုံးကို ဘလက္ဘုတ္ေပၚ ခ်ဆြဲၿပီး သင္ေပးဖို႔ပါ။

ကြန္ပ်ဴတာတစ္လုံးေပၚမွာ Microsoft Word ကို ျမင္ရမယ့္အတိုင္း toolbars ေတြ icons နဲ႔ menus ေတြကို တစ္ထပ္တည္း ျဖစ္ေအာင္ အေသးစိတ္ဆြဲတာပါ။ ပုံဆြဲတာတင္ မိနစ္ ၃၀ ေလာက္ ၾကာတယ္လို႔ ဆိုပါတယ္။

ဒီအေၾကာင္းကိုေတာင္ အာကိုတိုက Facebook မွာ ပို႔စ္တင္ခဲ့ပါေသးတယ္။

“ဂါနာေက်ာင္းမွာ ICT သင္ရတာ ရီရတယ္ဗ်” ဆိုၿပီး အစခ်ီတဲ့ ပို႔စ္ပါ။ ဘာပဲေျပာေျပာ Microsoft Word ကို ဘလက္ဘုတ္ေပၚ ခ်ဆြဲၿပီး ကြန္ပ်ဴတာသင္ခဲ့တဲ့ သူ႔ပို႔စ္က နာမည္ႀကီးသြားပါတယ္။

Microsoft Word interface ပုံ သူခ်ဆြဲေနတဲ့ ဓါတ္ပုံေတြကို လူမႈကြန္ရက္မွာ ျပန္ share သူ ေထာင္ေပါင္းမ်ားစြာ ရွိသြားပါတယ္။ သူကေတာ့ နာမည္ႀကီးဖို႔ထက္ သူ႔ေက်ာင္းသားေတြ စာေမးပြဲေအာင္ဖို႔ အဓိက လုပ္ခဲ့တာပါ။

social media မွာ နာမည္ႀကီးသြားတာ အလကားေတာ့ မျဖစ္ပါဘူး။ ဒီအေၾကာင္းကို Microsoft နဲ႔ မိတ္ဖက္ကုမၸဏီေတြ သိသြားေတာ့ ကူမာဆီက သူ႔ေက်ာင္းေလးကို လက္ပ္ေတာ့ေတြ ၊ ကြန္ပ်ဴတာ နဲ႔ စာအုပ္ေတြ လႉဒါန္းၾကပါတယ္။

အာကိုတိုလည္း သူ႔ဇာတ္လမ္းကို ျပန္မွ်ေဝဖို႔ စင္ကာပူမွာ က်င္းပတဲ့ 2018 Microsoft Educator Exchange ကို ဖိတ္ၾကားခံခဲ့ရပါတယ္။ ဒါက ၂၀၁၈ တုန္းက အျဖစ္အပ်က္ဆိုေပမယ့္ အခုထိ နမူနာေကာင္းတစ္ခု ျဖစ္ေနတုန္းပါပဲ။

#Duwun


ကွန်ပျူတာမရှိဘဲ Microsoft Word သင်ပေးခဲ့တဲ့ဆရာ
===============================
ဂါနာက ဆရာတစ်ယောက်ဟာ သူ့ကျောင်းသားတွေ ICT စာမေးပွဲ မကျအောင် စဉ်းစားခန်းထုတ်နေပါတယ်။

အထက်တန်းတက်ဖို့ဆိုရင် သူ့ကျောင်းသားတွေအနေနဲ့ ICT ဘာသာရပ် အောင်မှ ဖြစ်မှာပါ။ ခက်တာက သူတို့ကျောင်းမှာ ကွန်ပျူတာတစ်လုံးမှ မရှိပါဘူး။ ကူမာဆီမြို့က ဆရာရစ်ချတ် အက်ပီးယား အာကိုတို စဉ်းစားနေတာ ကွန်ပျူတာမရှိဘဲ ကျောင်းသားတွေ ICT အောင်ဖို့ပါ။

နောက်တော့ သူ့ခေါင်းထဲ တကယ်ထူးဆန်းတဲ့ အိုင်ဒီယာတစ်ခု ဝင်လာပါတယ်။ အဲ့ဒါက Microsoft Word ဆော့ဖ်ဝဲလ် interface ကြီးတစ်ခုလုံးကို ဘလက်ဘုတ်ပေါ် ချဆွဲပြီး သင်ပေးဖို့ပါ။

ကွန်ပျူတာတစ်လုံးပေါ်မှာ Microsoft Word ကို မြင်ရမယ့်အတိုင်း toolbars တွေ icons နဲ့ menus တွေကို တစ်ထပ်တည်း ဖြစ်အောင် အသေးစိတ်ဆွဲတာပါ။ ပုံဆွဲတာတင် မိနစ် ၃၀ လောက် ကြာတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကိုတောင် အာကိုတိုက Facebook မှာ ပို့စ်တင်ခဲ့ပါသေးတယ်။

“ဂါနာကျောင်းမှာ ICT သင်ရတာ ရီရတယ်ဗျ” ဆိုပြီး အစချီတဲ့ ပို့စ်ပါ။ ဘာပဲပြောပြော Microsoft Word ကို ဘလက်ဘုတ်ပေါ် ချဆွဲပြီး ကွန်ပျူတာသင်ခဲ့တဲ့ သူ့ပို့စ်က နာမည်ကြီးသွားပါတယ်။

Microsoft Word interface ပုံ သူချဆွဲနေတဲ့ ဓါတ်ပုံတွေကို လူမှုကွန်ရက်မှာ ပြန် share သူ ထောင်ပေါင်းများစွာ ရှိသွားပါတယ်။ သူကတော့ နာမည်ကြီးဖို့ထက် သူ့ကျောင်းသားတွေ စာမေးပွဲအောင်ဖို့ အဓိက လုပ်ခဲ့တာပါ။

social media မှာ နာမည်ကြီးသွားတာ အလကားတော့ မဖြစ်ပါဘူး။ ဒီအကြောင်းကို Microsoft နဲ့ မိတ်ဖက်ကုမ္ပဏီတွေ သိသွားတော့ ကူမာဆီက သူ့ကျောင်းလေးကို လက်ပ်တော့တွေ ၊ ကွန်ပျူတာ နဲ့ စာအုပ်တွေ လှူဒါန်းကြပါတယ်။

အာကိုတိုလည်း သူ့ဇာတ်လမ်းကို ပြန်မျှဝေဖို့ စင်ကာပူမှာ ကျင်းပတဲ့ 2018 Microsoft Educator Exchange ကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဒါက ၂၀၁၈ တုန်းက အဖြစ်အပျက်ဆိုပေမယ့် အခုထိ နမူနာကောင်းတစ်ခု ဖြစ်နေတုန်းပါပဲ။

#Duwun