အီရန္ႏွင့္အေမရိကန္တို႔ၾကား တိုက္ခိုက္မႈမ်ားဆက္လက္ျဖစ္ပြားေန

အီရန္ႏွင့္အေမရိကန္တို႔ၾကား တိုက္ခိုက္မႈမ်ားဆက္လက္ျဖစ္ပြားေန
===========================
အီရန္ႏွင့္အေမရိကန္တို႔ၾကားမၾကာေသးမီကမွ လက္မွတ္ထိုးထားသည့္ နားလည္မႈစာခြၽန္လႊာပါ သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ မႈမ်ားရွိေနသည္ဟု အျပန္အလွန္ စြပ္စြဲထားစဥ္ ထိုႏွစ္ႏိုင္ငံၾကား တိုက္ခိုက္မႈမ်ားဆက္လက္ျဖစ္ပြား ေနေၾကာင္းသိရသည္။
အေမရိကန္စစ္ဘက္က ဇြန္လ၂၇ ရက္တြင္ အီရန္ႏိုင္ငံရွိ ပစ္မွတ္မ်ားကို ေလေၾကာင္းမွတိုက္ခိုက္မႈမ်ားလုပ္ကာ အေမရိကန္အေနျဖင့္စစ္ေရးအရလုပ္စရာရွိသည္မ်ားကို ၿပီးေျမာက္ေအာင္ ျမင္ေအာင္လုပ္ေဆာင္သြားမည္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးလိုက္သည္။
ထရမ့္၏သတိေပးမႈထြက္ေပၚလာၿပီး မၾကာမီ ဇြန္လ ၂၈ ရက္တြင္အီရန္စစ္ဘက္က ကူဝိတ္ႏိုင္ငံႏွင့္ဘာရိန္းႏိုင္ငံတို႔ရွိ အေမရိကန္စစ္စခန္းမ်ားကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္မႈလုပ္ေဆာင္ထားသည္။
ႏွစ္ႏိုင္ငံၾကားလက္မွတ္ေရးထိုးထားသည့္ အခ်က္ ၁၄ ခ်က္ပါနားလည္မႈစာခြၽန္လႊာတြင္ တိုက္ခိုက္မႈမ်ားအားလုံးကို ရပ္တန႔္ရမည္ျဖစ္ၿပီး အၿပီးသတ္ေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနစဥ္ ရက္၆၀ အတြင္း ေဟာ္မုေရလက္ၾကားကို ကုန္သြယ္သေဘၤာမ်ား အားလုံးအတြက္ ျပန္ဖြင့္ေပးရမည္ဟုပါရွိသည္။
Ref: ST, SCMP
အီရန်နှင့်အမေရိကန်တို့ကြား တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေ
===========================
အီရန်နှင့်အမေရိကန်တို့ကြားမကြာသေးမီကမှ လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များကို ချိုးဖောက် မှုများရှိနေသည်ဟု အပြန်အလှန် စွပ်စွဲထားစဉ် ထိုနှစ်နိုင်ငံကြား တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွား နေကြောင်းသိရသည်။
အမေရိကန်စစ်ဘက်က ဇွန်လ၂၇ ရက်တွင် အီရန်နိုင်ငံရှိ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုများလုပ်ကာ အမေရိကန်အနေဖြင့်စစ်ရေးအရလုပ်စရာရှိသည်များကို ပြီးမြောက်အောင် မြင်အောင်လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။
ထရမ့်၏သတိပေးမှုထွက်ပေါ်လာပြီး မကြာမီ ဇွန်လ ၂၈ ရက်တွင်အီရန်စစ်ဘက်က ကူဝိတ်နိုင်ငံနှင့်ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ထားသည်။
နှစ်နိုင်ငံကြားလက်မှတ်ရေးထိုးထားသည့် အချက် ၁၄ ချက်ပါနားလည်မှုစာချွန်လွှာတွင် တိုက်ခိုက်မှုများအားလုံးကို ရပ်တန့်ရမည်ဖြစ်ပြီး အပြီးသတ်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေစဉ် ရက်၆၀ အတွင်း ဟော်မုရေလက်ကြားကို ကုန်သွယ်သင်္ဘောများ အားလုံးအတွက် ပြန်ဖွင့်ပေးရမည်ဟုပါရှိသည်။
Ref: ST, SCMP




