ဘိုင္ယန္ျမဴးနစ္ကစားသမား အိုလီဆီကို ေခၚယူမည့္အစီအစဥ္ ႐ုပ္သိမ္းလိုက္တဲ့ ရီးယဲလ္မက္ဒရစ္

ဘိုင္ယန္ျမဴးနစ္ကစားသမား အိုလီဆီကို ေခၚယူမည့္အစီအစဥ္ ႐ုပ္သိမ္းလိုက္တဲ့ ရီးယဲလ္မက္ဒရစ္
========================
ရီးယဲလ္မက္ဒရစ္အသင္းက ဘိုင္ယန္ျမဴးနစ္အသင္းမွ တိုက္စစ္ကစားသမား အိုလီဆီအားေခၚယူမည့္ အစီအစဥ္ကို႐ုပ္သိမ္းေၾကာင္း အတည္ျပဳေၾကညာခဲ့ သည္။
ႏွစ္ရာသီဆက္ ဆုဖလားလက္မဲ့ရာသီႏွင့္ေတြ႕ ႀကဳံရၿပီးေနာက္ အေျပာင္းအလဲႀကီးႀကီးမားမားလုပ္ ေဆာင္ေနသည့္ ရီးယဲလ္မက္ဒရစ္အသင္းသည္ ၿပီးခဲ့သည့္ရက္ပိုင္းက အိုလီဆီကို ေခၚယူရန္ တရားဝင္ ေၾကညာၿပီး ႀကိဳးပမ္းခဲ့ေသာ္လည္း ဘိုင္ယန္ျမဴးနစ္ အသင္းက ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့သည့္ အတြက္ ေခၚယူမည့္အစီအစဥ္ကို ျပန္လည္႐ုပ္သိမ္း ျခင္းျဖစ္သည္။
အိုလီဆီသည္ ၂၀၂၄ ခုႏွစ္ ေႏြရာသီကစားသမား အေျပာင္းအေ႐ႊ႕ကာလက ခရစၥတယ္ပဲေလ့စ္အသင္း မွ ဘိုင္ယန္ျမဴးနစ္အသင္းသို႔ ေျပာင္းေ႐ႊ႕ကစားခဲ့ ၿပီးေနာက္ အသင္းႏွင့္အတူ ႏွစ္ရာသီဆက္ေျခစြမ္းျပ ႏိုင္ခဲ့ၿပီး ႏွစ္ရာသီဆက္ ဂ်ာမန္ဘြန္ဒက္စ္လီဂါ အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္သည္ အထိ ေျခစြမ္းျပႏိုင္ခဲ့သူ ျဖစ္သည္။
ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္အတူ အေကာင္းဆုံး ေျခစြမ္းျပလ်က္ရွိသည့္ အိုလီဆီကို ရီးယဲလ္မက္ ဒရစ္အသင္းက စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအသုံးျပဳၿပီး ေခၚယူရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ခက္ခဲႏိုင္သည့္ အေျခအေနမ်ားေၾကာင့္ ေခၚယူမည့္အစီအစဥ္ကို ျပန္လည္႐ုပ္သိမ္းခဲ့ျခင္းျဖစ္သည္။
အိုလီဆီအားေခၚယူမည့္အစီအစဥ္ကို ရီးယဲလ္မက္ ဒရစ္အသင္းက ႐ုပ္သိမ္းခဲ့ေသာ္လည္း ပီအက္စ္ဂ်ီ အသင္းက ေခၚယူရန္ ဆက္လက္ႀကိဳးပမ္းေနေၾကာင္း သိရသည္။
Ref:Fabrizio Romano
ဘိုင်ယန်မြူးနစ်ကစားသမား အိုလီဆီကို ခေါ်ယူမည့်အစီအစဉ် ရုပ်သိမ်းလိုက်တဲ့ ရီးယဲလ်မက်ဒရစ်
========================
ရီးယဲလ်မက်ဒရစ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းမှ တိုက်စစ်ကစားသမား အိုလီဆီအားခေါ်ယူမည့် အစီအစဉ်ကိုရုပ်သိမ်းကြောင်း အတည်ပြုကြေညာခဲ့ သည်။
နှစ်ရာသီဆက် ဆုဖလားလက်မဲ့ရာသီနှင့်တွေ့ ကြုံရပြီးနောက် အပြောင်းအလဲကြီးကြီးမားမားလုပ် ဆောင်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက အိုလီဆီကို ခေါ်ယူရန် တရားဝင် ကြေညာပြီး ကြိုးပမ်းခဲ့သော်လည်း ဘိုင်ယန်မြူးနစ် အသင်းက ကမ်းလှမ်းမှုများကို ပယ်ချခဲ့သည့် အတွက် ခေါ်ယူမည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်း ခြင်းဖြစ်သည်။
အိုလီဆီသည် ၂၀၂၄ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ခရစ္စတယ်ပဲလေ့စ်အသင်း မှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ ပြီးနောက် အသင်းနှင့်အတူ နှစ်ရာသီဆက်ခြေစွမ်းပြ နိုင်ခဲ့ပြီး နှစ်ရာသီဆက် ဂျာမန်ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်သည် အထိ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် အိုလီဆီကို ရီးယဲလ်မက် ဒရစ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုပြီး ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ခက်ခဲနိုင်သည့် အခြေအနေများကြောင့် ခေါ်ယူမည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
အိုလီဆီအားခေါ်ယူမည့်အစီအစဉ်ကို ရီးယဲလ်မက် ဒရစ်အသင်းက ရုပ်သိမ်းခဲ့သော်လည်း ပီအက်စ်ဂျီ အသင်းက ခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။
Ref:Fabrizio Romano



