အိႏၵိယအစိုးရ၏ အက္ပ္ပိတ္ပင္မႈကို တယ္လီဂရမ္ (Telegram) တရားရင္ဆိုင္၊ အေျခခံဥပေဒႏွင့္ ညီၫြတ္မႈမရွိဟု ဆို

အိႏၵိယအစိုးရ၏ အက္ပ္ပိတ္ပင္မႈကို တယ္လီဂရမ္ (Telegram) တရားရင္ဆိုင္၊ အေျခခံဥပေဒႏွင့္ ညီၫြတ္မႈမရွိဟု ဆို
=============
ဇြန္ ၁၈

​​အိႏၵိယႏိုင္ငံအတြင္း စာေမးပြဲမသမာမႈမ်ားႏွင့္ ေမးခြန္းေပါက္ၾကားမႈမ်ားကို တားဆီးရန္အတြက္ Telegram မက္ဆင္ဂ်ာအက္ပ္အား အသုံးျပဳခြင့္ကို ယာယီပိတ္ပင္ရန္ အိႏၵိယအစိုးရ၏ အမိန႔္ထုတ္ျပန္ခ်က္အေပၚ Telegram ကုမၸဏီက နယူးေဒလီတရား႐ုံးတြင္ တရားရင္ဆိုင္ စိန္ေခၚလိုက္သည္။

ယခုလုပ္ရပ္သည္ အေျခခံဥပေဒႏွင့္ ညီၫြတ္မႈမရွိသည့္အျပင္ ျပည္သူမ်ား၏ လြတ္လပ္စြာ ေျပာဆိုခြင့္အေပၚ အခ်ိဳး အစားမမွ်တဘဲ လြန္လြန္ကဲကဲ ကန႔္သတ္လိုက္ျခင္းျဖစ္ေၾကာင္း တရား႐ုံးတြင္ ေခ်ပခဲ့သည္။

​ ၿပီးခဲ့သည့္လက အိႏၵိယႏိုင္ငံ၏ ေဆးတကၠသိုလ္ဝင္ခြင့္အတြက္ အဓိကက်ေသာ အမ်ိဳးသားအဆင့္ ဘြဲ႕ႀကိဳဝင္ခြင့္ စာ ေမးပြဲ (NEET) ေမးခြန္းမ်ား ႀကိဳတင္ေပါက္ၾကားခဲ့သည္ကို စုံစမ္းေတြ႕ရွိခဲ့ၿပီးေနာက္ အစိုးရက အဆိုပါစာေမးပြဲကို ဖ်က္ သိမ္းခဲ့ရသည္။ ယင္းေပါက္ၾကားမႈေၾကာင့္ ႏိုင္ငံတစ္ဝန္း ေက်ာင္းသားမ်ား ဆႏၵျပခဲ့ၾကၿပီး ပညာေရးဝန္ႀကီး ဓါးေမႏၵရာ ပရာသန္ ႏုတ္ထြက္ေပးရန္အထိ ဖိအားေပးမႈမ်ား ရွိခဲ့သည္။

ယင္းေနာက္ အစိုးရက စာေမးပြဲေမးခြန္းမ်ားကို ႀကိဳတင္ရရွိထားသည္ဟု ဆိုကာ လိမ္လည္လႈပ္ရွားေနသည့္ ခ်န္နယ္မ်ားကို ႏွိမ္နင္းရန္အတြက္ အဂၤါေန႔တြင္ တႏိုင္ငံလုံးအတိုင္းအတာျဖင့္ Telegram ကို ယာယီပိတ္ပင္သည့္ အမိန႔္ကို ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

Telegram ကုမၸဏီက ဗုဒၶဟူးေန႔တြင္ တရား႐ုံးသို႔ ေလွ်ာက္ ထားလႊာ တင္သြင္းရာ၌ အစိုးရ၏ လုပ္ေဆာင္ခ်က္သည္ အသုံး ျပဳသူမ်ား၏ အေျခခံရပိုင္ခြင့္ကို အလြန္အကြၽံ ကန႔္သတ္လိုက္ျခင္းျဖစ္ၿပီး ယခုပိတ္ပင္မႈကို ဆက္လက္ခြင့္ျပဳထားမည္ဆိုပါက ဒီဂ်စ္တယ္ပလတ္ေဖာင္းမ်ားကို အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျဖင့္ ခြဲျခားမႈမရွိဘဲ ရမ္းသန္းပိတ္ပင္သည့္ “အလုံးစုံ ပိတ္ပစ္ လိုက္ျခင္း (Blanket Shutdown)” ဘက္သို႔ ဦးတည္သြားႏိုင္ေၾကာင္း သတိေပးခဲ့သည္။

​ ကုမၸဏီ၏ ထုတ္ျပန္ခ်က္အရ အစိုးရ၏ ပိတ္ပင္မိန႔္သည္ စာေမးပြဲမသမာမႈကို အေၾကာင္းျပေသာ္လည္း လက္ ေတြ႕တြင္ သင္ခန္းစာဖတ္စာၫႊန္းမ်ား ရယူရန္ႏွင့္ စာသင္ဝိုင္းအဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ရန္အတြက္ Telegram ကို အမွီျပဳေနရသည့္ ေက်ာင္းသားမ်ားႏွင့္ ပညာေရးဝန္ ထမ္း သန္းႏွင့္ခ်ီသည့္ အက်ိဳးစီးပြားကို ထည့္သြင္းစဥ္းစားရန္ ပ်က္ကြက္ခဲ့ေၾကာင္း ေထာက္ျပထားသည္။

Telegram တည္ေထာင္သူ ပါဗယ္ ဒူေရာ့ဗ္ (Pavel Durov) ကလည္း ယခုပိတ္ပင္မႈသည္ စာေမးပြဲေမးခြန္းေပါက္ၾကားမႈကို တားဆီးရန္ ထိေရာက္မႈမရွိေၾကာင္း ေမး ခြန္းထုတ္ခဲ့ၿပီး၊ ယခုလုပ္ရပ္သည္ “စာေမးပြဲေမးခြန္း ေပါက္ၾကားေအာင္လုပ္တဲ့ အတြင္းလူေတြ” ကို ထိေရာက္စြာ ရွာေဖြအေရးယူမည့္အစား အိႏၵိယရွိ အျပစ္မဲ့ Telegram အသုံး ျပဳသူ သန္း ၁၅၀ ကို အျပစ္ေပးရာေရာက္ေနေၾကာင္း ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့သည္။

လက္ရွိတြင္ ဝန္ႀကီးခ်ဳပ္ နာရင္ျဒာ မိုဒီ၏ အစိုးရကမူ ၎တို႔အေနျဖင့္ ဥပေဒႏွင့္အညီ ျပည္သူ႔အက်ိဳးစီးပြားအတြက္သာ လုပ္ ေဆာင္ျခင္းျဖစ္ေၾကာင္း တုံ႔ျပန္ထားေသာ္ လည္း၊ လူ႔အခြင့္ အေရးႏွင့္ ဒီဂ်စ္တယ္အခြင့္အေရး တက္ႂကြလႈပ္ရွားသူမ်ားကမူ အစိုးရ၏ ယခုဥပေဒက်င့္သုံးပုံ သည္ ျပည္သူမ်ား၏ လြတ္လပ္စြာ ေျပာဆိုခြင့္ကို ႏွိပ္ကြပ္ရန္ ျဖစ္လာႏိုင္ေၾကာင္း စိုးရိမ္လ်က္ရွိၾကသည္။


အိန္ဒိယအစိုးရ၏ အက်ပ်ပိတ်ပင်မှုကို တယ်လီဂရမ် (Telegram) တရားရင်ဆိုင်၊ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ဆို
=============
ဇွန် ၁၈

​​အိန္ဒိယနိုင်ငံအတွင်း စာမေးပွဲမသမာမှုများနှင့် မေးခွန်းပေါက်ကြားမှုများကို တားဆီးရန်အတွက် Telegram မက်ဆင်ဂျာအက်ပ်အား အသုံးပြုခွင့်ကို ယာယီပိတ်ပင်ရန် အိန္ဒိယအစိုးရ၏ အမိန့်ထုတ်ပြန်ချက်အပေါ် Telegram ကုမ္ပဏီက နယူးဒေလီတရားရုံးတွင် တရားရင်ဆိုင် စိန်ခေါ်လိုက်သည်။

ယခုလုပ်ရပ်သည် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် အချိုး အစားမမျှတဘဲ လွန်လွန်ကဲကဲ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးတွင် ချေပခဲ့သည်။

​ ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် အဓိကကျသော အမျိုးသားအဆင့် ဘွဲ့ကြိုဝင်ခွင့် စာ မေးပွဲ (NEET) မေးခွန်းများ ကြိုတင်ပေါက်ကြားခဲ့သည်ကို စုံစမ်းတွေ့ရှိခဲ့ပြီးနောက် အစိုးရက အဆိုပါစာမေးပွဲကို ဖျက် သိမ်းခဲ့ရသည်။ ယင်းပေါက်ကြားမှုကြောင့် နိုင်ငံတစ်ဝန်း ကျောင်းသားများ ဆန္ဒပြခဲ့ကြပြီး ပညာရေးဝန်ကြီး ဓါးမေန္ဒရာ ပရာသန် နုတ်ထွက်ပေးရန်အထိ ဖိအားပေးမှုများ ရှိခဲ့သည်။

ယင်းနောက် အစိုးရက စာမေးပွဲမေးခွန်းများကို ကြိုတင်ရရှိထားသည်ဟု ဆိုကာ လိမ်လည်လှုပ်ရှားနေသည့် ချန်နယ်များကို နှိမ်နင်းရန်အတွက် အင်္ဂါနေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် Telegram ကို ယာယီပိတ်ပင်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Telegram ကုမ္ပဏီက ဗုဒ္ဓဟူးနေ့တွင် တရားရုံးသို့ လျှောက် ထားလွှာ တင်သွင်းရာ၌ အစိုးရ၏ လုပ်ဆောင်ချက်သည် အသုံး ပြုသူများ၏ အခြေခံရပိုင်ခွင့်ကို အလွန်အကျွံ ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ယခုပိတ်ပင်မှုကို ဆက်လက်ခွင့်ပြုထားမည်ဆိုပါက ဒီဂျစ်တယ်ပလတ်ဖောင်းများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ခွဲခြားမှုမရှိဘဲ ရမ်းသန်းပိတ်ပင်သည့် “အလုံးစုံ ပိတ်ပစ် လိုက်ခြင်း (Blanket Shutdown)” ဘက်သို့ ဦးတည်သွားနိုင်ကြောင်း သတိပေးခဲ့သည်။

​ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အစိုးရ၏ ပိတ်ပင်မိန့်သည် စာမေးပွဲမသမာမှုကို အကြောင်းပြသော်လည်း လက် တွေ့တွင် သင်ခန်းစာဖတ်စာညွှန်းများ ရယူရန်နှင့် စာသင်ဝိုင်းအဖွဲ့အစည်းများနှင့် ဆက်သွယ်ရန်အတွက် Telegram ကို အမှီပြုနေရသည့် ကျောင်းသားများနှင့် ပညာရေးဝန် ထမ်း သန်းနှင့်ချီသည့် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြထားသည်။

Telegram တည်ထောင်သူ ပါဗယ် ဒူရော့ဗ် (Pavel Durov) ကလည်း ယခုပိတ်ပင်မှုသည် စာမေးပွဲမေးခွန်းပေါက်ကြားမှုကို တားဆီးရန် ထိရောက်မှုမရှိကြောင်း မေး ခွန်းထုတ်ခဲ့ပြီး၊ ယခုလုပ်ရပ်သည် “စာမေးပွဲမေးခွန်း ပေါက်ကြားအောင်လုပ်တဲ့ အတွင်းလူတွေ” ကို ထိရောက်စွာ ရှာဖွေအရေးယူမည့်အစား အိန္ဒိယရှိ အပြစ်မဲ့ Telegram အသုံး ပြုသူ သန်း ၁၅၀ ကို အပြစ်ပေးရာရောက်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

လက်ရှိတွင် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ အစိုးရကမူ ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ပြည်သူ့အကျိုးစီးပွားအတွက်သာ လုပ် ဆောင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသော် လည်း၊ လူ့အခွင့် အရေးနှင့် ဒီဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ အစိုးရ၏ ယခုဥပဒေကျင့်သုံးပုံ သည် ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို နှိပ်ကွပ်ရန် ဖြစ်လာနိုင်ကြောင်း စိုးရိမ်လျက်ရှိကြသည်။