ေတာင္ကိုရီးယားက ေဒၚလာ ၁ ထရီလီယံေက်ာ္အထိ အရွိန္ျမႇင့္မည့္ AI ႏွင့္ ခ်စ္ပ္ျပားက႑ ရင္းႏွီးျမႇဳပ္ႏွံမႈစီမံကိန္းႀကီး ေၾကညာ၊ အတိုက္အခံမ်ားက ႏိုင္ငံေရးအျမတ္ထုတ္မႈအျဖစ္ ေဝဖန္

ေတာင္ကိုရီးယားက ေဒၚလာ ၁ ထရီလီယံေက်ာ္အထိ အရွိန္ျမႇင့္မည့္ AI ႏွင့္ ခ်စ္ပ္ျပားက႑ ရင္းႏွီးျမႇဳပ္ႏွံမႈစီမံကိန္းႀကီး ေၾကညာ၊ အတိုက္အခံမ်ားက ႏိုင္ငံေရးအျမတ္ထုတ္မႈအျဖစ္ ေဝဖန္
========================
ေတာင္ကိုရီးယားႏိုင္ငံကို ကမာၻ႔နည္းပညာႏွင့္ စက္မႈ က႑တြင္ အျပတ္အသတ္ ဆက္လက္ဦးေဆာင္ႏိုင္ေစရန္အတြက္ အတုယူဖန္တီးထားေသာ ဉာဏ္ရည္တု (AI) ႏွင့္ ဆီမီးကြန္ဒတ္တာ ခ်စ္ပ္ျပားက႑တို႔တြင္ ေရရွည္၌ ဝမ္ ၁,၀၀၀ ထရီလီယံ (ေဒၚလာ ၁ ထရီလီယံေက်ာ္) အထိ ရင္းႏွီးျမႇဳပ္ႏွံသြားမည့္ ႀကီးမားက်ယ္ျပန႔္ ေသာ စက္မႈဗ်ဴဟာတစ္ရပ္ကို သမၼတ လီေဂ်ေျမာင္က တရားဝင္ ထုတ္ေဖာ္ေၾကညာလိုက္သည္။
သမၼတ လီေဂ်ေျမာင္က ယခုစီမံကိန္းသည္ ဆီမီးကြန္ဒတ္တာမ်ား၊ ကာယပိုင္းဆိုင္ရာ အိုင္ေအ (Physical AI) ႏွင့္ ေဒတာစင္တာမ်ား ဟူသည့္ “မ႑ိဳင္သုံးရပ္” ကို ဗဟိုျပဳ၍ ႏိုင္ငံေတာ္စီးပြား ေရးကို ေရွ႕သို႔ ႀကီးမားစြာ ခုန္ပ်ံေက်ာ္လႊားေစမည့္ လုပ္ငန္းစဥ္ျဖစ္ေၾကာင္း၊ အျခားမည္သည့္ႏိုင္ငံထက္မဆို AI ဆိုင္ရာ အဓိကအခ်က္အခ်ာမ်ားကို ပိုမိုျမန္ဆန္စြာ ဆုပ္ကိုင္ႏိုင္ရန္ လိုအပ္ေၾကာင္း ႐ုပ္ျမင္သံၾကားမိန႔္ခြန္းတြင္ အေလးေပးေျပာၾကားခဲ့သည္။
ယခုစီမံကိန္းအရ ကမာၻ႔ထိပ္သီး မန္မိုရီခ်စ္ပ္ထုတ္လုပ္ သူမ်ားျဖစ္သည့္ ဆမ္ေဆာင္း အီလက္ထ႐ြန္းနစ္ (Samsung Electr-onics) ႏွင့္ အက္စ္ေက ဟိုင္းနစ္ (SK Hynix) လုပ္ငန္းႀကီးႏွစ္ခုသည္ ၎တို႔၏ ကုန္ပစၥည္းပံ့ပိုးသူမ်ားႏွင့္ ပူးေပါင္းကာ ႏိုင္ငံအေနာက္ေတာင္ပိုင္းေဒသတြင္ ခ်စ္ပ္ျပားထုတ္လုပ္မည့္ စက္႐ုံအသစ္ ၄ ႐ုံ တည္ေဆာက္ရန္ ဝမ္ ၈၀၀ ထရီလီယံ(ေဒၚလာ ၅၁၈ ဘီလီယံ) စိုက္ထုတ္သြားမည္ျဖစ္သည္။
ထို႔ျပင္ ဆိုးလ္ၿမိဳ႕အနီး ေခ်ာင္ခြၽန္းေဒသတြင္ ခ်စ္ပ္ထုပ္ ပိုးမႈဇုန္အတြက္ ဝမ္ ၈၁ ထရီလီယံ ထပ္မံသုံးစြဲမည္ျဖစ္ၿပီး ေဒသႏၲရအစိုးရမ်ားကလည္း ဝမ္ ၅ ထရီလီယံမွ ၂၀ ထရီလီယံအထိ ပါ ဝင္ရင္းႏွီးျမႇဳပ္ႏွံသြားမည္ျဖစ္သည္။ တစ္ၿပိဳင္ နက္တည္းမွာပင္ SK Group၊ GS Group ႏွင့္ Naver ကဲ့သို႔ေသာ အဓိကလုပ္ ငန္းစုႀကီးမ်ားက ဝမ္ ၅၅၀ ထရီလီယံ (ေဒၚလာ ၃၅၆ ဘီလီယံ) စိုက္ထုတ္ကာ အဆိုပါေဒသ၌ AI ေဒတာစင္တာမ်ား ေဆာက္ လုပ္မည္ျဖစ္ၿပီး ၂၀၃၅ ခုႏွစ္တြင္ ေဒၚလာ ၆၄၈ ဘီလီယံေက်ာ္ တန္ဖိုးရွိသည့္ ၁၀ ဂီဂါဝပ္ပမာဏရွိ AI ေဒတာစင္တာႀကီးတစ္ခု ထပ္မံထြက္ေပၚလာမည္ ျဖစ္သည္။
အစိုးရအေနျဖင့္ ယခုစီမံကိန္းသည္ ဆိုးလ္ၿမိဳ႕ေတာ္ဧရိယာျပင္ပရွိ ေဒသတြင္းစီးပြားေရး ကြာဟမႈမ်ားကို က်ဥ္း ေျမာင္းေစရန္ ရည္႐ြယ္သည္ဟု ဆိုေသာ္လည္း အတိုက္ အခံပါတီမ်ားဘက္ကမူ ျပင္းျပင္းထန္ထန္ ေဝဖန္ကန႔္ကြက္လ်က္ရွိသည္။ အတိုက္ အခံမ်ားက ဒုတိယေျမာက္ ဆီမီးကြန္ဒတ္တာစက္မႈဇုန္ကို လက္ရွိအာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ၏ အစဥ္အဆက္ မဲဆႏၵခံတပ္ျဖစ္ေသာ ဟိုနမ္(Honam)ေဒသ (အေနာက္ေတာင္ပိုင္း)တြင္ အေျခ စိုက္ရန္ ဆုံးျဖတ္ျခင္းမွာ စက္မႈလုပ္ငန္းဆိုင္ရာ က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိဘဲ ႏိုင္ငံေရးအျမတ္ထုတ္ရန္ ကုမၸဏီမ်ားကို ဖိအားေပးေ႐ြးခ်ယ္ခိုင္းျခင္းျဖစ္သည္ဟု စြပ္စြဲခဲ့ၾကသည္။
သို႔ေသာ္လည္း သမၼတ လီေဂ်ေျမာင္က ၎၏ X လူမႈကြန္ ရက္စာမ်က္ႏွာမွတစ္ဆင့္ အဆိုပါစြပ္စြဲခ်က္မ်ားကို ပယ္ခ်ခဲ့ၿပီး၊ အေနာက္ေတာင္ပိုင္းေဒသကို ေ႐ြးခ်ယ္ရျခင္းမွာ လက္ရွိအခ်ိန္အထိ အသုံးမခ်ရေသးသည့္ ႂကြယ္ဝေသာ စြမ္းအင္ အရင္း အျမစ္မ်ားကို စနစ္တက် အသုံးခ်ႏိုင္ရန္ျဖစ္ေၾကာင္းႏွင့္ လြန္ခဲ့သည့္ သမၼတေ႐ြးေကာက္ပြဲတြင္ မိမိကို ၈၅ ရာခိုင္ႏႈန္းအထိ မဲေပးေထာက္ခံခဲ့သည့္ ေဒသျဖစ္၍ မ်က္ႏွာသာေပးျခင္းမဟုတ္ေၾကာင္း ျပန္လည္တုံ႔ ျပန္ ေခ်ပခဲ့သည္။
တောင်ကိုရီးယားက ဒေါ်လာ ၁ ထရီလီယံကျော်အထိ အရှိန်မြှင့်မည့် AI နှင့် ချစ်ပ်ပြားကဏ္ဍ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီး ကြေညာ၊ အတိုက်အခံများက နိုင်ငံရေးအမြတ်ထုတ်မှုအဖြစ် ဝေဖန်
========================
တောင်ကိုရီးယားနိုင်ငံကို ကမ္ဘာ့နည်းပညာနှင့် စက်မှု ကဏ္ဍတွင် အပြတ်အသတ် ဆက်လက်ဦးဆောင်နိုင်စေရန်အတွက် အတုယူဖန်တီးထားသော ဉာဏ်ရည်တု (AI) နှင့် ဆီမီးကွန်ဒတ်တာ ချစ်ပ်ပြားကဏ္ဍတို့တွင် ရေရှည်၌ ဝမ် ၁,၀၀၀ ထရီလီယံ (ဒေါ်လာ ၁ ထရီလီယံကျော်) အထိ ရင်းနှီးမြှုပ်နှံသွားမည့် ကြီးမားကျယ်ပြန့် သော စက်မှုဗျူဟာတစ်ရပ်ကို သမ္မတ လီဂျေမြောင်က တရားဝင် ထုတ်ဖော်ကြေညာလိုက်သည်။
သမ္မတ လီဂျေမြောင်က ယခုစီမံကိန်းသည် ဆီမီးကွန်ဒတ်တာများ၊ ကာယပိုင်းဆိုင်ရာ အိုင်အေ (Physical AI) နှင့် ဒေတာစင်တာများ ဟူသည့် “မဏ္ဍိုင်သုံးရပ်” ကို ဗဟိုပြု၍ နိုင်ငံတော်စီးပွား ရေးကို ရှေ့သို့ ကြီးမားစွာ ခုန်ပျံကျော်လွှားစေမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ အခြားမည်သည့်နိုင်ငံထက်မဆို AI ဆိုင်ရာ အဓိကအချက်အချာများကို ပိုမိုမြန်ဆန်စွာ ဆုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းတွင် အလေးပေးပြောကြားခဲ့သည်။
ယခုစီမံကိန်းအရ ကမ္ဘာ့ထိပ်သီး မန်မိုရီချစ်ပ်ထုတ်လုပ် သူများဖြစ်သည့် ဆမ်ဆောင်း အီလက်ထရွန်းနစ် (Samsung Electr-onics) နှင့် အက်စ်ကေ ဟိုင်းနစ် (SK Hynix) လုပ်ငန်းကြီးနှစ်ခုသည် ၎င်းတို့၏ ကုန်ပစ္စည်းပံ့ပိုးသူများနှင့် ပူးပေါင်းကာ နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် ချစ်ပ်ပြားထုတ်လုပ်မည့် စက်ရုံအသစ် ၄ ရုံ တည်ဆောက်ရန် ဝမ် ၈၀၀ ထရီလီယံ(ဒေါ်လာ ၅၁၈ ဘီလီယံ) စိုက်ထုတ်သွားမည်ဖြစ်သည်။
ထို့ပြင် ဆိုးလ်မြို့အနီး ချောင်ချွန်းဒေသတွင် ချစ်ပ်ထုပ် ပိုးမှုဇုန်အတွက် ဝမ် ၈၁ ထရီလီယံ ထပ်မံသုံးစွဲမည်ဖြစ်ပြီး ဒေသန္တရအစိုးရများကလည်း ဝမ် ၅ ထရီလီယံမှ ၂၀ ထရီလီယံအထိ ပါ ဝင်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ တစ်ပြိုင် နက်တည်းမှာပင် SK Group၊ GS Group နှင့် Naver ကဲ့သို့သော အဓိကလုပ် ငန်းစုကြီးများက ဝမ် ၅၅၀ ထရီလီယံ (ဒေါ်လာ ၃၅၆ ဘီလီယံ) စိုက်ထုတ်ကာ အဆိုပါဒေသ၌ AI ဒေတာစင်တာများ ဆောက် လုပ်မည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်တွင် ဒေါ်လာ ၆၄၈ ဘီလီယံကျော် တန်ဖိုးရှိသည့် ၁၀ ဂီဂါဝပ်ပမာဏရှိ AI ဒေတာစင်တာကြီးတစ်ခု ထပ်မံထွက်ပေါ်လာမည် ဖြစ်သည်။
အစိုးရအနေဖြင့် ယခုစီမံကိန်းသည် ဆိုးလ်မြို့တော်ဧရိယာပြင်ပရှိ ဒေသတွင်းစီးပွားရေး ကွာဟမှုများကို ကျဉ်း မြောင်းစေရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း အတိုက် အခံပါတီများဘက်ကမူ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်လျက်ရှိသည်။ အတိုက် အခံများက ဒုတိယမြောက် ဆီမီးကွန်ဒတ်တာစက်မှုဇုန်ကို လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အစဉ်အဆက် မဲဆန္ဒခံတပ်ဖြစ်သော ဟိုနမ်(Honam)ဒေသ (အနောက်တောင်ပိုင်း)တွင် အခြေ စိုက်ရန် ဆုံးဖြတ်ခြင်းမှာ စက်မှုလုပ်ငန်းဆိုင်ရာ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်ရန် ကုမ္ပဏီများကို ဖိအားပေးရွေးချယ်ခိုင်းခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
သို့သော်လည်း သမ္မတ လီဂျေမြောင်က ၎င်း၏ X လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် အဆိုပါစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး၊ အနောက်တောင်ပိုင်းဒေသကို ရွေးချယ်ရခြင်းမှာ လက်ရှိအချိန်အထိ အသုံးမချရသေးသည့် ကြွယ်ဝသော စွမ်းအင် အရင်း အမြစ်များကို စနစ်တကျ အသုံးချနိုင်ရန်ဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် မိမိကို ၈၅ ရာခိုင်နှုန်းအထိ မဲပေးထောက်ခံခဲ့သည့် ဒေသဖြစ်၍ မျက်နှာသာပေးခြင်းမဟုတ်ကြောင်း ပြန်လည်တုံ့ ပြန် ချေပခဲ့သည်။




